သတင်းမှန်သိအောင် ဘယ်လိုလုပ်မလဲ - ၂

သူငယ်ချင်းတို့ရေ
ဒီနေ့မှာတော့ သတင်းအဖြစ်တွေ့မြင်လိုက်ရတဲ့ ပိုစ့်တစ်ခုဟာ အစစ်လား အတုလား ခွဲခြားနည်းလေးတွေကို ထပ်မံပြောပြပေးသွားမှာ ဖြစ်ပါတယ်။
သူငယ်ချင်းတို့ သတိထားမိမယ်ထင်ပါတယ်။
1.jpg
ပုံ-(၁) မှာ တွေ့ရတဲ့အတိုင်းပဲ Breaking News ဆိုပြီးတော့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ စီးနင်းလိုက်ပါလာတဲ့ Quatar Airways မှ လေယာဉ် ပျက်ကျပြီး လေယာဉ်မှူးအပါအ၀င် ခရီးသည် ၃၀ ကျော် သေဆုံးတယ်ဆိုပြီးရေးသားထားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ပုံတွေကော မြင်နေရတာပဲ။ တကယ်ပဲလို့ထင်စရာရှိပါတယ်။

အဲ့ဒီအချိန်မှာ သတင်းအမှန်လား။ အမှားလားဆိုတာ ဝေခွဲမရဖြစ်နေကြတဲ့သူတွေကို တွေ့မြင်ရမှာပါ။
အဲ့တော့ သတင်းအမှားလား။ အမှန်လား ဘယ်လိုခွဲခြားလို့ရနိုင်မလဲဆိုတာ ပြောပြပေးသွားပါမယ်နော်။
သတင်းထဲမှာပြောထားတာက Quatar Airways ကလေယာဉ်လို့ရေးထားပါတယ်။

2.jpg
ပုံ-(၂) ကိုကြည့်ကြည့်လိုက်ပါ။ ASIANA AIRLINE ဆိုပြီးမြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဖြေက အဲ့ဒီမှာတင် ရှင်းနေပါပြီ။ အဆိုပါသတင်းဟာ သတင်းတုပေါ့။
အဲ့ထက်ပိုသေချာသိချင်တယ်ဆိုရင်လည်း စစ်ဆေးလို့ရတဲ့နည်းလမ်းရှိပါသေးတယ်။ ပျက်ကျတယ်ဆိုတဲ့လေယာဉ်ပါတဲ့ပုံကို Download (or) Save လုပ်လိုက်ပါ။
ပြီးတော့ https://images.google.com ကို ၀င်ပြီး ပုံ-(၃)၊ ပုံ-(၄) ကအတိုင်းဆက်လုပ်ကြည့်ပါ။
3.png
4.png

5.png

နောက်ဆုံး ပုံ-(၅) မှာတွေ့ရတဲ့အတိုင်း မြင်ရမှာပါ။ ဖတ်ကြည့်လိုက်ပါ။ July 6, 2013 တွင် San Francisco International Airport သို့အဆင်းပျက်ကျခဲ့ခြင်းပါ။
အထက်ပါ Video မှာ မြင်တွေ့နိုင်ပါတယ်။

ဒီလောက်ဆိုရင်ဖြင့် သတင်းအမှန် အမှား စစ်နည်းတစ်ချို့ကို သိရှိပြီလို့ ယုံကြည်မိပါတယ်။
မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း လိမ်ညာသတင်းများဘေးမှ အစဉ်ကင်းဝေးနိုင်ကြပါစေ ခင်ဗျာ....(ဦးထွန်းလွင် လေသံဖြင့်)

@wailinn
MSU - 010

H2
H3
H4
3 columns
2 columns
1 column
Join the conversation now