မိတ်ဆက်Post ဘယ်လိုရေးမလဲ(ခုမှစတဲ့ လုံးဝလုံးဝ Beginner များအတွက်သာရည်ရွယ်ပါတယ်)

ကျွန်တော့်အမည် မောင်မောင်။အဖေ ဦးလှ။အမေ ဒေါ်မြ။အိမ်က ကိုယ်ချစ်တဲ့ ခွေး ၊ကြောင် စသည့်နာမယ် တွေ ရေးလို့ကုန်သွားတော့ ဘာဆက်ရေးရမှန်းမသိတော့ဘူး။အလယ်တန်းကျောင်းသား ဘ၀မှာကတည်း ''ကျွန်တော့်အကြောင်း'' ဆိုတဲ့ စာစီစာကုံးရေးခိုင်းရင် တိုင်ပတ်တော့တာပဲ။ဘာရေးလို့ရေးရမှန်းကိုမသိတော့ဘူး။
ဒါပေမဲ့Steemitမှာတော့ကောင်းကောင်းလေး ဖြစ်အောင် ရေးချင်တယ်။ခေါင်းမီးတောက်အောင်စဉ်းစားတယ်။ဘာမှ ထွက်မလာ။ခက်ပီ.......
နောက်ဆုံးစဉ်းစားမိတာလေး စာအုပ်မှာချရေး၊ပီးရင်ထပ်စဉ်းစားတယ်။စဥ်းစားလိုက် ရေးလိုက်နဲ့ နောက်ဆုံးတော့ အစီစဉ်မကျတကျ မိတ်ဆက်Post ရလာတယ်။
မိတ်ဆက်Postဘယ်လိုရေးမလဲ......
၁။မိတ်ဆက်မှာ ပါဝင်သင့်တဲ့ အချက်အလက်တွေကို အကြမ်းဖျင်း ချရေးပါ။ (note ထုတ်ပီးမှတ်သားပါ)
၂။အစီစဉ်ကျအောင်ပြန်စီပါ
၃။အကျယ်တ၀င့် ချရေးပါ
၎။ရေးထားတဲ့စာပိုဒ်တွေကို စနစ်တကျပြန်စီပါ။ပြန်စစ်ပါ။
၅။တစ်ပိုဒ်ခြား သို့မဟုတ် နှစ်ပိုဒ်ခြားတခါ ရေးထားတဲ့အကြောင်းအရာနဲ့ ကိုက်ညီသော ဓါတ်ပုံကိုသုံးပါ

ဥပမာအနေနှင့် ကျနော်ဘယ်လိုရေးခဲ့တယ်ဆိုတာပြောချင်ပါတယ်။
အခြေခံအားဖြင့် မိတ်ဆက်Post တွင် ပါသင့်သော အချက်များ
--နာမည်
--Steemit Myanmar Community ဖြစ်ကြောင်း
--ခုမှစပီး Steemit ကို သုံးခြင်း ဖြစ်ကြောင်း
--ဘာကြောင့် Steemit ကို သုံးချင်ရတာလဲ ဆိုတဲ့ အကြောင်း
--Steemit အပေါ်ဘယ်လိုယုံကြည်ချက် ရှိတယ်ဆိုတဲ့အကြောင်း
--ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ သို့မဟုတ် အလုပ်အကြောင်း
--ကိုယ့်ရဲ့ ၀ါသနာတွေအကြောင်း
--ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေအကြောင်း
--ခုလက်ရှိ ရည်မှန်းချက်များ(ရေတို၊ရေရှည်)
--လက်ရှိလုပ်နေတဲ့ အလုပ်အကြောင်း
--ကိုယ့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ဖြစ်လာစေဖို့ ဘယ်လိုအကောင်ထည်ဖော် ကြိုးစားနေကြောင်း
--ကိုယ့်ရဲ့ အတွေ့အကြုံ တွေကို Steemit မှာ Share လုပ်သွားမယ်ဆိုတဲ့အကြောင်း
--ကိုယ်တင်တဲ့ အကြောင်းအရာများကို quaility post ဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့အကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ Steemit Communit ပိုမိုကျယ်ပြန့်လာပီး သုံးစွဲသူ များလာစေဖို့ မျှော်လင့်ကြောင်း နောက်ဆုံး အပိုဒ်မှာ ထည့်ပေးလိုက်ပါ။
ခုပေးထားတဲ့ အချက်များကိုသာ အစဉ်လိုက် အကျယ်တ၀င့် စဉ်းစားရေးလိုက်ပါ။စာပိုဒ်ကို သင့်တော်သလိုခွဲလိုက်ပါ။မိတ်ဆက်ကောင်းတစ်ခုဖြစ်လာလိမ့်မည်။
ပုံကိုလည်းသင့်တော်သလိုသုံးပါ။ဥပမာ ကိုယ့်နာမယ် မိတ်ဆက်ပီး စာပိုဒ်အောက်မှာ ဓါတ်ပုံထည့်ပါ။ပီးမှနောက်တစ်ပိုဒ်ဆက်ရေးပါ။ကိုယ်ဝါသနာ အိပ်မက်အကြောင်း စာတစ်ပိုဒ်ဖြင့်ဖော်ပြပီးရင် အောက်မှာ အဲဝါသနာနှင့် သက်ဆိုင်တဲ့ ဓါတ်ပုံထည်ံပါ။ကိုယ်ပိုင်ပုံမရှိရင် https://images.google.com ကိုသုံးပီးရှာပါ။ နောက်ဆုံးမှာ Photo Credit; Google Images ဆိုပီးထည့်ပေးပါ။


အခြေခံပါသင့်တဲ့ အချက်တွေကို ချရေးထားတာပါ


အပေါ်က အခြေခံအချက်တွေကို စဉ်းစားပီး အကျယ်တ၀င့် ရေးထားတာပါ(အကြမ်းရေးတာ)


နောက်ဆုံး အချောရေးတာပါ

အားလုံးပီးသွားမှ English လို ပြန်ရေးပါတယ်။
ဘာပဲပြောပြော ငွေရခြင်း မရခြင်းထက် ကျောင်းသားဘ၀ ကတည်းက ဒီလိုအစီစဉ်ကျတဲ့ ''ကျနော့်အကြောင်း'' ဆိုတဲ့ စာစီစာကုံး မရေးဘူးတာတော့အမှန်ပါ။ခုတော့ တတ်နိုင်သမျှကောင်းအောင်ရေးထားပါတယ်။

Thank You!

Victor
@victorzayyar
creativethinking

H2
H3
H4
3 columns
2 columns
1 column
Join the conversation now