Order for children

သားသမီးတို့အတွက် မှာတမ်းစာ
(Ah Wa = အဝါး = ကချင်လို အဖေ)ဟုခေါ်သည်။

                                         ၁၀ . ၈ .၂၀၂၁။

သားနဲ့သမီးတို့ရေ……အဝါး မှာစရာရှိတာလေးတွေ မှာထားခဲ့ချင်တယ်…။ “ ဟာ….အဝါးကလဲ ….အသက်ငင် နေတဲ့သူလည်းမဟုတ်ဘဲနဲ့ ဘာအမှာစကားလည်းဗျာ….နမိတ်မရှိ နမာမရှိနဲ့…“ လို့ သားတို့သမီးတို့က အဝါးကို ..ပြန်ပြော
ချင်နေလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့…..အဝါးတို့တိုင်းပြည်မှာ အခုကြုံနေရတာက ဆန့်ကျင်တော်လှန်ရေးကတစ်ဖက် ၊ COVID-19 တတိယလှိုင်းကတစ်ဖက်ရင်ဆိုင်နေရတာဆိုတော့ ….သေဖို့နဲ့ ရှင်ဖို့ဟာတိတိကျကျ ဘယ်သူမှအာမမခံနိုင်ဘူးလေကွယ်….ဒါ့ကြောင့်မို့…အဝါးမသေခင် သားတို့သမီးတို့ရှေ့ရေးအတွက် …မှာစရာရှိတာ၊ပြောစရာရှိတာ…ပြော
ထားခဲ့ချင်လို့ပါ …ကလေးတို့ရယ်….။
သားတို့သမီးတို့ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ ရင်ဆိုင်ဖြတ်သန်းကျော်လွှားနိုင်ဖို့ မွေးမြူ ၊ လေ့ကျင့်ပြီး စီမံချက်ချ ..ရည်မှန်းချက် ပန်းတိုင်က်ို ရောက်အောင်သွားနိုင်ဖို့ မွေးမြူလေ့ကျင့်ရမယ့်စိတ်ခွန်အားတွေပေးထားခဲ့ချင်တာပါကွယ်….။ အဓိကပြောချင်တာက …ဘဝမှာ.. ပန်းတိုင်
ဆိုတာရှိရမယ်ကွယ့်ဒါ နံပတ်(၁)ပဲ။ ပန်းတိုင်ဆိုတာ ရည်မှန်းချက်ဖြစ်သလို…စီမံကိန်း
လည်းဖြစ်တယ် ။ တနည်းပြောရရင် ( MISSION) မစ်ရှင်ပေါ့…။ လူရယ်လို့ဖြစ်လာရင်…ပန်းတိုင်ဆိုတာ ရှိရမယ်လေ…ပန်တိုင်
မရှိ ၊ ရည်ရွယ်ချက်မရှိ ၊ မစ်ရှင်မရှိတဲ့သူဟာ…လူမပီသတဲ့သူ …လူ့ဝတ္တရား မကျေပွန်တဲ့သူပဲဖြစ်တော့မှာပေါ့….။
နောက်တစ်ချက်က…ကိုယ့်ကိုယ်ကိုယ်..တာဝန်ယူနိုင်သူဖြစ်အောင် ကျင့်ကြံအားထုတ်ရမယ်…ဒီနေရာမှာ အမေရိကန်သမ္မတဖြစ်ခဲ့တဲ့ အေဗရာဟင်လင်ကွန်းရဲ့ အဆိုအမိန့်လေးကိုထည့်ပြောချင်တယ်…။ “လူတွေဟာ…..သူတို့စိတ်ပိုင်းဖြတ်ထားသလောက်ပဲအောင်မြင်နိုင်တယ် ” လို့ပြောခဲ့ဖူးတယ်…။

img_0.2241957325234418.jpg

တာဝန်ယူစိတ်ဆိုတာကို ..လုပ်နိုင်တယ် (I Can Do ) လို့ဖွင့်ဆိုတယ် ။ ( NO Can Do) မလုပ်နိုင်ဘူးဆိုတာကတော့ရှင်းပါတယ်.....တာဝန်ယူစိတ်မရှိတာပဲပေါ့…။ လောကမှာ အမြင့်ကိုရောက်မယ့်သူတွေဟာ….ကိုယ်လိုချင်တဲ့ပတ်ဝန်းကျင်မျိုးကို ...ကိုယ်တိုင်ရှာဖွေ ဖန်တီးနိုင်ရမယ် ။ အမြင့်ကိုရောက်တဲ့သူတိုင်းဟာလည်း (Can Do)လုပ်နိုင်တဲ့သူတွေပဲဖြစ်တယ် ။ ငါသာလျှင် အရှင်သခင် ၊ ငါသည်သာ ငါ့ရဲ့အား ( I am the Force ) ဆိုတဲ့စိတ်မျိုးမွေးမြူနိုင်ရင် တာဝန်ယူစိတ်ရှိတဲ့သူဖြစ်လာမယ်
ဆိုတာ..သားတို့သမီးတို့ သိစေချင်တယ်….။
ပန်းတိုင်ဆိုတာ…အနာဂတ်ဘဝခရီးရဲ့ စီမံကိန်းလို့လည်း ဆိုလို့ရပါတယ်…။ နိုင်ငံ ၊ လူမျိုး ၊ အဖွဲ့အစည်း ၊ဖြစ်ဖြစ်မ်ိမိတစ်ယောက်တည်းဖြစ်ဖြစ်… စီမံကိန်း ၊ မျှော်လင့်ချက်၊ ပန်းတိုင် ဆိုတဲ့စကားလုံးတွေကိုခြုံလိုက်ရင် မစ်ရှင် (Mission) ပါပဲ......။
အောင်မြင်တဲ့နိုင်ငံ ၊ အောင်မြင်တဲ့သူ ၊ လူမျိုး ၊ အဖွဲ့အစည်း ဆိုတာ ကိုယ်ပိုင် မစ်ရှင်ရှိကြလို့ပဲဆိုတာ…သားတို့သမီးတို့သိဖို့လိုအပ်တယ်…။
ဘဝမှာ စားဝတ်နေရး ၊ ပညာရေး ၊ နိုင်ငံရေး တိုးတက်ဖို့…စိတ်ရောကိုယ်ပါ မြှုပ်နှံ လုပ်ကိုင်ရတာကိုမစ်ရှင်လို့ခေါ်မယ်ဆိုရင်…........
မာတင်လူသာကင်းဟာ…အသားအရောင်မခွဲခြားတဲ့ နိုင်ငံသားအခွင့်အရေးရအောင် မစ်ရှင်လုပ်ခဲ့တယ် ။ အိန္ဒြိယနိုင်ငံကြီး လွပ်လပ်ရေးရအောင်လုပ်နိုင်ခဲ့တာ….ဂန္ဓီကြီးရဲ့မစ်ရှင်ပါ ။ မာသာထရီစာရဲ့မစ်ရှင်ကတော့ စားစရာမရှိ ၊ ငတ်မွတ်ခေါင်းပါးသူ ၊ နေစရာမဲ့သူ ၊ ရောဂါဝေဒနာခံစားနေရသူတွေအတွက် နွေးထွေးလုံခြုံမှုကိုပေးဖို့ပါသားတို့သမီးတို့ရေ…။
မှာစရာတွေများလွန်းလို့ …..ဒီလောက်နဲ့ပဲ ရပ်လိုက်ဦးမယ်နော်….အခု …အဝါး ဆေးသောက်ရမယ့်အချိန်ရောက်လာပြီ။….
နောက်လာမယ့်နေ့ရက်တွေမှာ….အဝါးအသက်ရှင်သန်ဦးမယ်ဆိုရင် သားတို့သမီးတို့ကို ….ဆက်ပြောပြပါဦး
မယ်….။

လွပ်လပ်နယ်မြေတစ်နေရာက
သားတို့သမီးတ်ို့ရဲ့ အဝါး

Victor Naw Awng

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center