ကိုဗစ်က ပြသနာတွေ ခေါ်လာတယ်

ကိုဗစ်က ပြသနာတွေ ခေါ်လာတယ်

FB_IMG_1608462586842.jpg

ကျုပ်မှာ သားသမီး ၃ ယောက် ရှိတယ်။
အကြီးကောင်က ၂၀၂၀ မှာဒုတိယနှစ်(၁၀)တန်း အောင်ခဲ့တယ်။အလတ်ကသမီး၊ သူက၂၀၂၁ မှာ
၁၀ တန်းဖြေမှာ။တတိယမြောက် အငယ်ကောင်
က ၅တန်းတက်ရမယ်။
၁၀ တန်းဖြေမဲ့ သမီးနဲ့၊ ၅တန်းတက်မယ့်
အငယ်ကောင်တို့အတွက်၊၂၀၂၁ မှာ ကျောင်းပြန်
ဖွင့်ရင် စာမေးပွဲဖြေရအောင်လို့ ......ဝိုင်းကျူရှင်တက်ခိုင်: ထားရတယ်။......တစ်လကို ၅၅၀၀၀ ကုန်ကျနေတယ်။
ပြောချင်တာက၁၀တန်းအောင် သွားတဲ့ အကြီးကောင် အကြောင်း။ ကိုဗစ်ကာလဆို တော့ ကျောင်းကဆက်တက်လို့မရ။ စာမေးပွဲ အောင် သွားတာ အဖေနဲ့အမေက ...အမှတ်တရ လက်ဆောင်ပေးမယ်ဆိုတာ ကတိမတည်ဘူးတဲ့
လုပ်ပုံက ....ကျုပ်က ဖြောင့်ဖြပြီး " COVID-19
ကာလကြီးမှာ သားရယ်....အဖေတို့မှာ ချိုးခြံခြွေ
တာစားသောက်နေရတာကို ... သိရက်သားနဲ့ကွာ
မိဘတွေအပေါ် နားလည်ပေးစမ်းပါ..." လို့ပြော
တယ်.....ပြောတဲ့အချိန်....နားလည်သလိုနဲ့ ဘာမှ
မတုန့်ပြန်ဘူး။
ဒါပေမဲ့....အကြီးကောင် ဗျူဟာ ခင်: လာ
တယ်။အိမ်မှာ သိပ်မနေဘဲ အိမ်လည်လာတယ်။
သူပြန်လာချင်တဲ့အချိန်ပြန်တယ်။ စားချင်တဲ့အ
ချိန်ဝင်စားတယ်။....ပိုဆိုးလာတာက.....ည ပြန်
မအိပ်တော့တာဘဲ။ ဒီတော့သူ့အမေနဲ့ခေါင်:ချင်း
ဆိုင်ရတော့တယ်။
သူလိုချင်နေတဲ့ယိုးဒယား Click ဘီး(၁၀) သိန်းကျော် 2nd ဆိုင်ကယ်ကို..... မဖြစ်မနေဝယ်ပေး လိုက်ရတယ်ဗျာ.....။......ဆိုင်ကယ်လဲရရော
ညတော့ပြန်အိပ်တယ်။ ဖုန်းနဲ့ မျက်နှာ မခွာတော့
ဘူး။ဒါကသူတစ်ယောက်တည်းမဟုတ်ဘူ:မောင် နှမ သုံးယောက်စလုံးဖြစ်နေတာ။
ခက်တာက .....အပြင် သင်တန်းတွေကလဲ
ပိတ်၊အင်တနက် အွန်လိုင်းနဲ့ သင်တန်းတက်နေ
ရတာဆိုတော့....ဖုန်းက သိမ်းလို့လဲ မဖြစ်။ကျုပ်
က ဟောက်လိုက်ရင်.... မအေက ချော့၊ ဒီကြား
ထဲ ဆန္ဒထုတ်ဖေါ်ပွဲက လုပ်လိုက်သေးဆိုတော့
ကျုပ်လဲ....လက်ပိုက်ကြည့်နေရတဲ့ အနှေအထား
ဖြစ်လာတယ်။
ခု.....ပိုဆိုးလာတာက အကြီးကောင်မှာ
ရည်းစား ရှိလာတာပေါ်လာတယ်...။ တခါတလေ
အိမ်ပြန်မလာဘူး။မေးတော့ ...သူငယ်ချင်းလယ်မှာ သွားကူတယ်တဲ့။ကျုပ်ကတော့ပြောရုံပဲတတ်
နိုင်တော့တယ်။ ကျုပ်...ညဖက်တွေမှာ....အိပ်မ
ပျော်တော့ဘူး.....။ သားကြီးကို...ရေတိမ်မနစ်စေ
ချင်ဘူး....။ပညာကလဲ မပြီးဆုံးသေးဘူး၊၊အလုပ်
အကိုင်မရှိသေးဘူး၊၊ အသက်ကငယ်သေးတယ်။
တကယ်လို့များ....မိန်းကလေးရှင်ဘက်က ...အမိ ဖမ်းပြီးယူခိုင်းရင်..နောက်ပြီးသာ:ကြီ:ကြိုက်နေ
တဲ့ ကောင်မလေးက .... အသက် (၁၈)နှစ်မပြည့်
သေးဘူးလို့လဲ သိရတယ်။
ကျုပ်ဘာလုပ်ရမှန်းမသိတော့ဘူး.....ကျုပ်
ရူးချင်ပြီ.။.....ကိုဗစ်က ... ဘယ်လောက်ထိ ကြာမလဲ မသိ။ ကိုဗစ်ကာလကို မိသားစုက ကြံ့ကြံ့ခံ
ခုခံနေတဲ့အချိန်....ဒီပြဿနာတွေက ဘာလို့ဖြစ်
လာရတာလဲ......ဘယ်သူ့ကို အပြစ်တင်ရမလဲ....
" မင်းတို့ကိုလည်း အပြစ်မမြင်......ကိုယ့်ကိုယ်
ကိုပင် သနားလှချည်ရဲ့ ....." ဆိုတဲ့ သီချင်းကို
ပဲညည်းရမလိုလို .. .........
" နံရံကို.....လက်သီးနဲ့ထိုးမိမယ်......" ပဲ ဆိုရ
မလိုလို .........လုပ်ကြပါဦး...........
အရပ်ကတို့ရေ.......။

        victornawawng
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center