ကျွန်တော်၏သီတင်းကျွတ်အစီအစဉ်...!

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...။
Happy-Thandingyut-Festival-Greeting-1.jpg
Crd-org-source
ဒီအပတ်တော့ သီတင်းကျွတ်လရောက်ပြီဖြစ်၍ ကျွန်တော်၏ဝါကျွတ်ကန်တော့ပွဲ ကုသိုလ်ပြုလုပ်ပုံလေးကို အနည်းငယ်ပြောပြခဲ့ချင်ပါတယ်။
လာမည့်အပတ်တွင် သီတင်းကျွတ်ရုံးပိတ်ရက်များ ရရှိတော့မည်ဖြစ်၍ ဝါကျွတ်ကာလ ဘိုးဘွား မိဘ ဆရာသမားများအား ကန်တော့ပြီး ကုသိုလ်များပြုလုပ်ကြမည့် အချိန်အခါလည်း ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်သည်လည်း ထိုရုံးပိတ်ရက်တွင် မိသားစုနှင့်အတူ ကျွန်တော်၏မိဘများရှိရာ ဇာတိ ပဲခူးမြို့သို့ ပြန်၍ ဘိုးဘွား မိဘများနှင့်  ဘကြီး အဒေါ် ဦးလေး များအား ကန်တော့မည်ဖြစ်ပါသည်။မိဘဆွေမျိုး ညီအစ်ကို မောင်နှမများနှင့်အတူ သီတင်းကျွတ်ရုံးပိတ်ရက်များအား ပျော်ရွှင်စွာ ဖြတ်သန်းမည်ဟု စီစဉ်ထားပါသည်။
နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ကာလ လပြည့်ရက်နားနီးလျှင်  မိဘများဆီ မဖြစ်မနေပြန်၍ ကန်တော့ရန်ဆုံးဖြတ်ထားသောကြောင့် အမြဲပြန်လေ့ရှိပါသည်။
images.jpeg
Crd-org-source
ဒီသီတင်းကျွတ်ကာလတွင် ဘိုးဘွား မိဘများအား ကန်တော့ပြီး ကုသိုလ်လုပ်သလို ဘကြီး ကြီးဒေါ်  ဦးလေး အဒေါ်  စသောသူများအားလည်း လိုက်လံကန်တော့ပြီး ကုသိုလ်လုပ်ပါသည်။
ဒါကြောင့် သီတင်းကျွတ်လပြည့်ရက်မတိုင်ခင် တစ်ပတ်အလိုကပင် အဝတ်အစားများသော်လည်းကောင်း သဘက်များသော်လည်းကောင်း ဆောင် ခြင်ထောင် စသည်ဖြင့် အသုံးအဆောင်တစ်ခုခုနှင့်အတူ မုန့်များပါတွဲ၍ ကန်တော့လေ့ရှိသောကြောင့် ဈေးဝယ် shopping ထွက်ရလေ့ရှိပါသည်။
ဒီလိုနဲ့ မိမိစိတ်ကြိုက်စီစဉ်ပြီး ဝါကျွတ်ကန်တော့ခြင်းကို စနစ်တကျ မပျက်မကွက် လုပ်ဆောင်လေ့ရှိပါသည်။
hqdefault (1).jpg
Crd-org-source
ဒီလို ကျွန်တော့ဘက်က ဘိုးဘွား မိဘများအတွက် ကန်တော့ရန် စီစဉ်ပြီးလုပ်လေ့ရှိသော်လည်း ဇနီးဘက်က ဘိုးဘွား မိဘ ဆွေမျိုးများအတွက် သီတင်းကျွတ်လတွင် ကန်တော့ရန် မပြုလုပ်ရသည်မှာလည်း အဆင်ပြေစေသောအချက်တစ်ချက်ဖြစ်ပါသည်။
ဇနီးဘက်မှ ဘိုးဘွား မိဘဆွေမျိုးများအားလုံးသည် သူတို့၏လုပ်လေ့လုပ်ထရှိသော ဝါကျွတ်ကန်တော့ခြင်းကုသိုလ်ကို တန်ဆောင်မုန်းလပြည့်နားနီးမှသာ လုပ်ဆောင်ကြရန် သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။
ဒီလို အခြေအနေကြောင့် နှစ်ဘက် မိဘဆွေမျိုးများအား တစ်လစီခွဲလုပ်ရသလိုဖြစ်သွားပြီး ကျွန်တော်တို့ရဲ့ ဝါကျွတ်ကန်တော့ခြင်းကုသိုလ် ပြုလုပ်ဆောင်ရွက်မှုဟာ သက်တောင့်သက်သာ ဖြစ်စေခဲ့ပါသည်။
ဇနီးသည်ဘက်က ဘိုးဘွား မိဘ ဆွေမျိုးများသည် အရမ်းစည်းလုံးကြပြီး အကြီးတစ်ယောက်က ပြောလျှင် အငယ်တွေအားလုံး နာခံကြပြီး စည်းလုံးမှုအရမ်းကောင်းကြပါသည်။ထိုအချက်တွေကြောင့်
ကန်တော့တဲ့အခါမှာလည်း အသက် လေးနှစ် ငါးနှစ်သိတတ်တဲ့အရွယ်မှစ၍ အသက်အကြီးဆုံး အဘိုး အဖွားတွေအထိ ငယ်စဉ်ကြီးလိုက် တစ်ယောက်မှမကျန်အောင် အားလုံးကန်တော့ကြတာကိုလည်း နှစ်စဉ်နှစ်တိုင်း နှစ်သက်ဖွယ်ရာ မြင်တွေ့ရပါတယ်။
အဲဒီလိုအကျင့်လေးတွေ လုပ်ပေးထားတာကြောင့် ကျောင်းတက်နေတဲ့ ကလေးငယ်လေးဟာလည်း သူ့ကျောင်းမုန့်ဖိုးလေးနဲ့ ဝယ်ပြီး ဖြစ်အောင်ကန်တော့ကြတော့တာပေါ့။
သိပ်ချစ်စရာကောင်းပြီး ဝမ်းသာပီတိဖြစ်ရတဲ့ အလေ့အထကောင်းလေးကို ငယ်ငယ်လေးထဲက ပုံသွင်းပေးထားတာလေး ပြောပြခြင်းဖြစ်ပါတယ်။
Myanmar-Thadingyut-Festival-13-days-8.jpg
Crd-org-source
အခုဒီစာရေးနေတဲ့အချိန်မှာ ဇာတိမြေမှ ကျွန်တော်၏မိဘ ဆွေမျိုးများ ကန်တော့ရန်အတွက် ဘာဝယ်ရင်ကောင်းမလဲ စဉ်းစားမိသွားရင်း ရေးမိခြင်းဖြစ်ပါ၍ ဘာပစ္စည်းဟု တိတိကျကျ မဆုံးဖြတ်ရသေးဘဲ ဈေးဝယ်သွားပြီး shopping centre ရောက်မှသာ ဝယ်မည့်ပစ္စည်းအား  ဆုံးဖြတ်မည်ဖြစ်ပါကြောင်း...
ပျော်ရွှင်စရာကောင်းသော သီတင်းကျွတ်ကာလလေးကို ကုသိုလ်များနှင့် အေးချမ်းစွာ ဖြတ်သန်းလေ့ရှိပါကြောင်း...
သီတင်းကျွတ်လပြည့်ရက်တွင်လည်း ဘုရားသွားပြီး ကုသိုလ်ကောင်းမှုများပြုလုပ်လေ့ရှိပါကြောင်း... ကျွန်တော်ရဲ့သီတင်းကျွတ်ကာလ ရုံးပိတ်ရက်လေးများ၏ အစီအစဉ်လေးကို ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
medialane.agency-Thadingyut-2011.jpg
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံးသည်လည်း သီတင်းကျွတ်ကာလတွင်  ကုသိုလ်ကောင်းမှုများပြုလုပ်ဆောင်ခြင်းနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center