အားသာချက်လေး သိစေချင်...!

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဟိုးအရင်ခေတ်ကအခြေအနေ နှင့် အခုခေတ်အခြေအနေလေး၏ကွာခြားသွားပုံကို စဉ်းစားကြည့်ပြီး အတွေးတစ်ခုဖြစ်မိပါ၍ ရေးသားမျှဝေပေးခဲ့ချင်ပါတယ်။
55718-old-wood-school-study-reading-write-blackboard-student-photocase-stock-photo-large.jpeg
Crd-org-source
လူတိုင်းလူတိုင်းဟာ မိမိတို့ဘဝတိုးတက်ကောင်းမွန်ရန်အတွက် ကြိုးစားဆောင်ရွက်ရင်း ဘဝကိုပုံဖော် ရှေ့ဆက်နေကြပါသည်။
ဒီလိုမိမိတို့ဘဝ၏အောင်မြင်မှု ရည်မှန်းချက်ပန်းတိုင်တွေကို ရရှိဖို့ ကြိုးစားတဲ့အခါ မိမိတို့၏ကိုယ်စွမ်း ညဏ်စွမ်း ရှိသ၍ လေ့လာသင်ယူမှတ်သားကြဖို့ အမြဲ လိုအပ်နေမှာ ဖြစ်ပါတယ်။
မိမိတို့၏ကိုယ်စွမ်းအား ညဏ်စွမ်းအား ဗဟုသုတ နှင့် အခြားလိုအပ်သော အရည်အသွေးများပြည့်စုံကောင်းမွန်ဖို့ အဓိက ပံ့ပိုးပေးနိုင်သောအရာသည် စာအုပ် စာပေများ ဖတ်ရှုလေ့လာမှတ်သားခြင်းပဲ ဖြစ်ပါသည်။
စာအုပ် စာပေများဖတ်ရှုလေ့လာခြင်းအတွက် အရင်ခေတ်တုန်းကအခြေအနေ နှင့် အခုခေတ်အခြေအနေလေးကို နိုင်းယှဉ် ပြောပြချင်တာပါ။
smallflippedwhatgraphic.png
Crd-org-source
**လွန်ခဲ့သော နှစ် (၃၀)ဝန်းကျင်  ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် စာအုပ် စာပေများကိုဖတ်ရှုလေ့လာရန် ယနေ့ခေတ်လောက် မလွယ်ကူလှပေ။စာကြည့်တိုက်နည်းပါးခြင်း..စာအုပ်စာပေ အရောင်းဆိုင်နည်းပါးခြင်းအပြင် နည်းပညာစာအုပ်များဆိုရင် ပို၍ခက်ခဲပြီး ရန်ကုန်မြို့ မန္တလေးမြို့စသောမြို့ကြီးများလောက်တွင်သာ ရှားရှားပါးပါးရှာဖွေရရှိနိုင်ပေသည်။မိမိဝါသနာပါသောစာအုပ်များကို လေ့လာဖတ်ရှုရန် လွန်စွာခဲယဉ်းလှပေသည်။ထိုအခြေအနေများဖြင့် ဖြတ်သန်းလာရခြင်းကြောင့် ဟိုးအရင်ခေတ်သည် ယနေ့ခေတ်လောက် စာပေ ဗဟုသုတ အသိညဏ်များကို လွယ်ကူလျင်မြန်စွာ လေ့လာမှတ်သားနိုင်ခြင်းမရှိခဲ့ကြပါ။
**ယနေ့ခေတ်တွင် စာအုပ်စာပေများကို လွယ်ကူစွာဝယ်ယူဖတ်ရှုနိုင်ခြင်း..နည်းပညာစာအုပ်များ မိမိဝါသနာပါသောစာပေများကို လိုအပ်သည့်ပုံစံ ကြိုက်ရာ ရွေးချယ်ဝယ်ယူနိုင်ခြင်းများအပြင် မိမိတို့၏ဖုန်းထဲ ကွန်ပျူတာထဲမှပင် လိုအပ်သည့် ဘယ်အကြောင်းအရာစာပေမဆို ဝါသနာပါရာမည်သည့်စာအုပ်မဆို download ဆွဲပြီးဖတ်ရှုလေ့လာမှတ်သားနိုင်နေပြီ ဖြစ်ပါသည်။
မိမိတို့လိုအပ်သော အကြောင်းအရာအလိုက် စာအုပ်စာပေများကို နည်းမျိုးစုံသုံး၍ လွယ်ကူလျင်မြန်စွာ ရှာဖွေလေ့လာမှတ်သားနိုင်သော အချိန်ဖြစ်နေပြီ ဖြစ်ပါသည်။
ဒါကြောင့် မိမိတို့အားလုံးသည် မိမိတို့လိုချင်သောဘဝ.. လိုချင်သောရည်မှန်ချက်ပန်းတိုင်သို့ ရောက်ရှိရန်အတွက် အဓိကအချက်ဖြစ်သော စာအုပ်စာပေဖတ်ရှုလေ့လာရန် လွယ်ကူသောအခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ပါသည်။
ထိုသို့ မိမိတို့ဘဝအောင်မြင်တိုးတက်ရန်အတွက် ဗဟုသုတ အသိညဏ်များကို လျင်မြန်လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းသည် မိမိတို့အားလုံးအတွက် စိတ်အားတက်စရာအခြေအနေပင် ဖြစ်ပါသည်။
ထိုကဲ့သို့ တိုးတက်ပြောင်းလဲလာသော ခေတ်အခြေအနေ၏အားသာချက်ကို မိမိတို့ဘက်မှ မှန်ကန်စွာ အသုံးချတတ်ရန်သာ လိုအပ်ပါသည်။
iPadPhotoIllustration1-1024x614.jpg
Crd-org-source
**ခေတ်အခြေအနေနှစ်ခုတွင် အရင်တုန်းကခေတ်အခြေအနေသည် မိမိတို့ဘဝတိုးတက်အောင်မြင်ရန် ပထမအဆင့်ဖြစ်သော ဗဟုသုတရှာမှီးရန် စာအုပ်စာပေများကို ခက်ခဲစွာရှာဖွေရခြင်း.. ထိုခက်ခဲသောအခြေအနေများကြောင့် ဒုတိယအဆင့်ဖြစ်သော အောင်မြင်အောင်ကြိုးစားလျောက်လှမ်းရာတွင် နောက်ကျပြီးခက်ခက်ခဲခဲ လျှောက်လှမ်းရခြင်းများဖြင့် တွေ့ကြုံ ခံစားခဲ့ကြရပါသည်။
**ယနေ့ခေတ်အခြေအနေမှာတော့  ပထမအဆင့်ဖြစ်သော မိမိတို့ဝါသနာပါသော..မိမိတို့လေ့လာချင်သော စာအုပ်စာပေများကို လွယ်ကူလျင်မြန်စွာသိရှိဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် ဒုတိယအဆင့်ဖြစ်သော မိမိတို့၏အောင်မြင်မှုလမ်းကြောင်းကိုလည်း  ပိုမိုလွယ်ကူစွာလျှောက်လှမ်းနိုင်ပြီဖြစ်ပါသည်။ထို့သို့ ကွာခြားလှသောအခြေအနေများကို မိမိတို့အားလုံး လက်တွေ့သိမြင်နေကြပြီ ဖြစ်ပါသည်။
way.header.jpg
Crd-org-source
*သို့ဖြစ်ပါ၍ ပြောင်းလဲတိုးတက်လာသောခေတ်အခြေအနေ အခွင့်အရေးများအား မှန်ကန်စွာ အသုံးချပြီး လက်တွေ့  ပြုလုပ်ဆောင်ရွက်ရန်အဆင့်သာ ကျန်ရှိပါကြောင်း...
*ထိုကဲ့သို့သော အားသာချက် အခွင့်အရေးများကို မိမိတို့အနေဖြင့် လက်လွတ်မခံသင့်ပါကြောင်း...
*စိတ်အားတက်စရာ အခြေအနေလေးများအား တွေ့ရှိနေရပါ၍ မှန်ကန်ထိရောက်စွာ အသုံးချသင့်ပါကြောင်း စိတ်ကူးပုံဖော် ရေးသားလိုက်ရပါတော့သည်။
Today-is-an-opportunity-to-get-better.-Dont-waste-it..jpg
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

H2
H3
H4
3 columns
2 columns
1 column
Join the conversation now