လုံ့လ ဝီရိယ(industrious)

လုံလဝီရိယ
image
လူပုဂ္ဂိုလ်တိုင်း ရခဲလှသည် လူဘဝမှာ တိုးတတ်အောင်မြင်သော အခွင့်အလမ်းများကို ကြံဆောင်နိင်ရမည်။တိုးတတ်အောင်မြင်ဖို့ စာဖတ်သူတို့အနေနဲ့ ကျင့်စဉ်တွေ ပညာရပ်တွေ အစရှိသော အရာများကို လေ့ကျင့်သင်ကြားရမည်။အခွင့်အလမ်းကောင်းများကို အစဉ်မပြတ် သတိနဲ့ကြည့်ပြီး လုပ်ယူတတ်ရသလို မိမိကိုယ်တိုင်ကလည်း အခွင့်အလမ်းများကို စောင့်ဖမ်းတတ်ဖို့လိုပါသည်။အခွင့်အလမ်းကိုသတိနဲ့ကြည့်ရင် မြင်ရပြီး သတိမမှုရင် အခွင့်အလမ်းကိုမြင်မှာမဟုတ်သလိုအောင်မြင်ဖို့လည်း လမ်းစတွေ့မှာမဟုတ်ပါ။သတိမှုက အခွင့်အလမ်းကို ကွက်ကွက်ကွင်းကွင်းမြင်ရပြီး တိုးတတ်အောင်မြင်မှုလမ်းကြောင်းကို မြင်တွေ့ကာ လှေကားထစ်သဖွယ်အဆင့်ဆင့်နဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိင်ပါလိမ့်မယ်။ဒါတွေကို အဓိကဦးဆောင်တာက လုံ့လ ဝီရိယဖြစ်ပါသည်။

လူသည် ထူးကဲမြင့်မြတ်တဲ့သတ္တဝါမျိုးဖြစ်သည်။အကြောင်းမှာ လူတွင် အသိဥာဏ်ဆိုတဲ့ အသိတရားရှိလို ထူးကဲ့မြင့်မြတ်ခြင်းဖြစ်သည်။အသိဥာဏ်ဆိုသော အရာက လူတွင်းသာရှိပြီး အဟိတ်တိရီစ္ဆာန်တွေမှာ မရှိပါ။တစ်ချို့တိရိစ္ဆာန်တွေမှာတော့ အသိဥာဏ်နည်းနည်းရှိကြတာ တွေ့မြင်ရပါသည်။လူတွင် အိပ် စား မေထုန် အသိဥာဏ်ဆိုတာရှိပြီး တိရိစ္ဆာန်မှာတော့ အသိဥာဏ်ဆိုတဲ့အရာက လွဲလို့ အိပ် စား မေထုန်အမှုရှိကြပါသည်။ဒါကိုကြည့်ခြင်းဖြင့် လူဆိုတဲ့ စာရေးသူတို့ဟာ ပိုပြီး အသိပညာတိုးတဲ့ ထူးကဲသတ္တဝါတွေဆိုတာ မှတ်ထားသင့်ပါသည်။ထိုသို့ အသိဥာဏ်ရှိနေသော စာရေးသူတို့သည် လုံ့လ ဝီရိယနေရာမှာ တိရိစ္ဆာန်ထက် အားနည်းနေတာ တွေ့ရှိရပါသည်။တစ်ခြားနေရာတွေမှာဆို မိမိပတ်ဝန်းကျင်ရှိ တိရိစ္ဆာန်များကိုကြည့်ကာ သူတို့ရဲ့ လုံ့လဝီရိယကိုအတုယူ၍ အောင်မြင်သွားကြတဲ့ ပညာရှင် အတတ်ပညာရှင်တွေ ဒုနဲ့ဒေးရှိကြပါသည်။ဒါကြောင့် အသိပညာရှိတဲ့သူတွေဟာ လုံ့လဝီရိယပေါင်းပြီး အခွင့်အလမ်းကောင်းများတွေ့ကာ အောင်မြင်မှုပန်းတိုင်ကို ရောက်သွားကြခြင်းဖြစ်ပါသည်။

ထိုအခွင့်အလမ်းများကို မိမိတို့မွေးဖွာစဉ်အခါကပင် မိမိတို့နဲ့အတူ ပါလာပြီးသားဖြစ်ပါသည်။မိမိတို့က ထိုအခွင့်အလမ်းကို အကျိုးရှိရှိ စနစ်တကျ သုံးတတ်လျှင်အောင်မြင်ပြီးအစွမ်းကို လိုအပ်တဲ့နေရာမှာထုတ်ပြအသုံးပြုနိင်သူသည် ချမ်းသာခြင်းဘဝကို ရောက်ရှိလိမ့်မည်။တိုးတတ်ကာ လောကတွင်လှပတင့်တယ်ပြီး အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်၍ လောကအလယ် လူတန်စေ့ နေနိင်စားနိင်ပါလိမ့်မည်။မိမိတို့လူဖြစ်လာထဲက လူဖြစ်ခွင့်ရတဲ့ အခွင့်အလမ်းကို ပထမဦးဆုံးရရှိခြင်းဖြစ်ပြီး လူဖြစ်တဲ့အတွက် ဘာလုပ်လုပ် လုပ်နိင်တဲ့ဘဝကိုရောက်ရှိခြင်းဖြစ်သည်။လူဖြစ်ခွင့်ရတဲ့အချိန်လေးမှာ လောကအတွက် ကောင်းကျိုးများကိုပြုလုပ်ကာ ကုသိုလ်ကောင်းမှုများ တတ်နိင်သလောက် လုပ်ကိုင်ရမည်။ဒါမှ လူဘဝတန်းဖိုးကို အကျိုးရှိရှိအသုံးချတတ်၍ လူဖြစ်ကျိုး မိဘက မွေးရကျိုး နပ်ပါလိမ့်မယ်။ဒါကြောင့် မိမိစွမ်းအားကို အကျိုးရှိရှိအသုံးချပါ။

ထိုစွမ်းအားများက အခြားစွမ်းအားများမဟုတ်ပါ။မြတ်စွာဘုရားဟောတော်မှုတဲ့ ပဋ္ဌာန်းတရားတော်ထဲက အဓိပတိ လေးပါးဖြစ်ပါသည်။ထိုအဓိပတိ လေးပါးမှာ လုံ့လဝီရိယ/ဆန္ဒ /စိတ်နှင့် ပညာတို့ဖြစ်ကြပါသည်။လုံ့လဝီရိယသည် ဦးဆောင်အဓိပတိ လေးပါးထဲက တစ်ခုပြီးပြီး ထိုကိုးစားအားထုတ်မှုသည် လူတိုင်းကျင့်နိင်သောစွမ်းအားဖြစ်သည်။ပြုလုပ်နိင်သော စွမ်းအားဖြစ်သည်။ကြံဆောင်နိင်သော စွမ်းအားလည်းဖြစ်သည်။ထိုစွမ်းအားသည် မြင့်မိုရ်ထက် ထုထည်ကြီးမားသည်။လက်တွေ့တွင်လည်း အကျိုးပေးသည်။အစွမ်းလည်း ထက်မြတ်လှပါသည်။နောက် ခိုင်ခဲ့တောင့်တင်းလှ၏။ဟိုတုန်းကနဲ့ယနေ့ခေတ်တိုင်အောင် တိုးတတ်ကြီးပွားအောင်မြင်သူအပေါင်းတို့သည် လုံ့လဝီရိယကို အခြေပြုကာ လိုရာပန်းတိုင်ကို အရောက်လှမ်းကြသူများဖြစ်သည်။

လုံ့လဝီရိယသည် အလွန်စွမ်းအားကြီးလှပါသည်။ရှေ့ပညာရှိတွေသည် လုံ့လ ဝီရိယအကြောင်းများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာကာ စာပေးကျမ်းစာတွေကို အများအပြားဖော်ပြခဲ့ကြသည်။ဒါတွေကိုလေ့လာကြည့်ရင် သိနိင်ပါလိမ့်မည်။ပညာရှိတို့သည် ထိုစွမ်းအားကို သေချာနားလည်အောင်လေ့လာမိသမျှကို စာပေတွေမှာ မှတ်တမ်းတင်ခဲ့ကြသည်။နောက် လုံ့လဝီရိယအားကောင်းသောသူတွေ အောင်မြင်တဲ့အကြောင်း/လုံ့လဝီရိယ အားနည်းသောကြောင့် လူဘဝမှာ ဆင်းဆင်းရဲ့ရဲ့နေရပုံတို့ကို စာအုပ် စာပေနဲ့တစ်မျိုး ကျမ်းစာတွေ ရုပ်ပြတွေနဲ့တလှည့်အမျိုးမျိုး ပုံနဲ့တကွ ရေးသားခဲ့ကြသည်။စာဖတ်သူတို့လည်း လေ့လာဖူးတဲ့စာအုပ် စာပေး ကျမ်းစသော စာတွေဖတ်ဖူးလိမ့်ပါမယ်။တစ်ချို့ပညာရှိတွေဆိုရင် ပုံပြ သမိုင်း ဇာတက ရာဇဝင် နိပတ်တော်များတွင် နောင်လူတွေဖတ်ရအောင် မှတ်တမ်းတင် ပြုစုရေးသားခဲ့ကြသည်။

လုံ့လဝီရိယအကြောင်းကို လမ်းညွန်ပေးရမယ်ဆိုရင် လုံ့လဝီရိယသည် လူတိုင်းအတွက်မရှိမဖြစ်အလွန်အရေးပါလှသည်။လုံ့လဝီရိယနဲ့ ဥာဏ်ပညာပေါင်းပြီး လုပ်လျင် ပိုပြီးအစွမ်းသတ္တိလည်းရှိပါသည်။ဥာဏ်မယှဉ်သော လုံ့လဝီရိယနဲ့ အမှုကိစ္စတွေကို လုပ်လျင် အောင်မြင်မှုနည်းပါလိမ့်မယ်။ကံ ဥာဏ် ဝီရိယဆိုပြီး ဆောင်ပုဒ်လည်းရှိပါသည်။နောက်ကံမရှိ ဥာဏ်ရှိတိုင်း မွဲ ဆိုရိုးစကားလည်းရှိပါသည်။ဒါကြောင့် ကောင်းသောအလုပ်လုပ်ရင် ကံကကောင်းလာလိမ့်မည်။ကံဆိုတာ အလုပ် ကံကောင်းချင်ရင် ကောင်းသောအလုပ်ကိုလုပ်ပါ။အလုပ်ကောင်းရင် ကံကောင်းမယ်။အလုပ်မကောင်းရင် ကံကောင်းမှာမဟုတ်ပါ။ကံရှိနေယုံနဲ့ မပြီးသေးပါဘူး။ကောင်းတာလုပ်ပြီး ထိုအလုပ်လေးမှာ ဥာဏ်ကူမယ်ဆိုရင် ပိုပြီအဆင်ပြေပါလိမ့်မယ်။ကံနဲ့ဥာဏ်ပေါင်းလို့အဆင်ပြေရင်တော့ ဝီရိယဆိုတာ သူအလိုလို နောက်ကနေ ပါလာလိမ့်မယ်။ဒါကို လုံ့လဝီရိယရှိဖို့ ကံနဲ့ဥာဏ်လိုအပ်ကြောင်း သိသွားပြီးလို့ ထင်ပါသည်။

လုံ့လနဲ့ပတ်သတ်၍ သာဓကများလည်းရှိကြပါ။ပင်လယ်ပြင်တွင် သဘောင်္ပျက်ပြီး သင်္ခပုဏ္ဏားနဲ့ ဇာတကမင်းသားတို့သည် အပြောကျယ်လှတဲ့ပင်လယ်ပြင်ကိုမလျော့သောလုံ့လတို့ကို အရင်းခံပြီးကူးကြသည်။ထိုအတူ ရှဥ့်မကြီးသည် ရေထဲနစ်သွားသောသားငယ်အား မိမိအမြီးနဲ့ရေကိုခပ်ပြီးကယ်ဆယ်ပုံစသော မိမိကိုယ်ကို အားကိုယ်တဲ့လုံ့လဝီရိယကို တွေ့မြင်ရပါသည်။ကြိုးစားအားထုတ်မှု ဝီရ်ယကို အတိုင်းအတာနဲ့ လုပ်သင့်ပါသည်။ဝီရိယလွန်ကဲ့ရင်လည်း ညဘက်အိပ်မပျော်တတ်တာ အများအားဖြစ် တွေ့ရပါသည်။ထိုသူများကိုလေ့လာကြည့်ရင် ညမအိပ်နိင်ကာ မကောင်းစိတ်များဖြစ်ပေါ်လာပြီး ဒုက္ခဖြစ်တတ်သည်။ဒါကြောင့် ကြိုးစားခြင်း လုံ့လဝီရိယကို စနစ်တကျ အသုံးချတတ်ဖို့လိုအပ်ပါသည်။လုံ့လနဲ့ပတ်သတ်ပြီးပညာရှိတွေ မိန့်ခဲ့တာတွေလည်းရှိပါသည်။လက်နက်တကာ လက်နက်ထဲတွင် ဥာဏ် ဝီရိယဆိုတဲ့ လက်နက်ဟာ အကောင်းဆုံးဟုဆိုခဲ့သည်။လုံ့လကိုတစ်ခြားနေရာမှာမရှာပါနဲ့။မိမိရဲ့ ကိုယ်တွင်းမှာပင် ရှိပါသည်။ထက်သန်သော လုံ့လဝီရိယသည် အဓိကဖြစ်ပြီး နည်းသည် များသည် ပဓာနမဟုတ်ပါ။

လုံ့လအားကောင်းရင် ဘယ်ကိစ္စမဆို အောင်မြင်သည်။ဤလောကတွင် လုံ့လမစိုက်ထုတ်ဘဲ ဘယ်အရာမှာ မရပါ။လိုချင်ရင်တော့ လုံ့လဝီရိယစိုက်ပြီး လုပ်ပါ။မိမိတို့သည်ဘယ်တော့အခါမှ လုံ့လဝီရိယကို သတိနဲ့ဥာဏ်ယှဉ်ပြီး ကြိုးစားအားထုတ်ကြပါ။ဒါဆို လျင်လျင်မြန်မြန်လွယ်လွယ်ကူကူနဲ့ အဆင်ပြေပြီး အောင်မြင်မှုပန်းတိုင်းကိုအရောက်လှမ်းနိင်ပါလိမ့်မယ်။ဥပမာပြရရင် ခွန်းအားဗလကြီးမားပါတယ်ဆိုတဲ့ ဆင်ပြောင်ကြီးတောင် ဂဏာန်းဆိုတဲ့သေးငယ်လှပြီး အကောင်ငယ်ကို ဥာဏ်မသုံးဘဲ မဆင်မခြင်လုပ်မိတဲ့အတွက် ရွံ့တောထဲမှာ ရှုံးနှိမ့်ရတဲ့ ပုံပြင်တွေလည်း ရှိပါသည်။လူမိုက်များသည် ကံနှင့်ဥာဏ်ကိုမယုံကြည့်ကြပါ။လူဖြစ်တဲ့ဘဝမှာ ပျော်ပျော်နေပြီးသေမယ်လို့သဘောထားကြသည်။အကြင်သူတို့သည် လူမိုက်များဖြစ်ကြသည်။စာဖတ်သူတို့လည်း လူမိုက်မဖြစ်ကြပါစေနဲ့။ကံ ဥာဏ် ဝီရိယကို အားကိုးပြီး ကျင့်ကြံအားထုတ်ကြပါ။ထိုသုံးပါးသည် မိမိတို့ရဲ့ အားကိုးရာ အစစ်အမှန်ဖြစ်ပါသည်။နောက် လူတစ်ချို့သည် ကံကိုဘဲ ယုံကြည်ကြလေသည်။ကောင်းကျိုးပေးခြင်း ဆိုးကျိုးပေးခြင်းသည် ကံနဲ့ဆိုင်သည်ဟုမှတ်ယူကြလေသည်။ကံကိုဘဲ အပြစ်ပုံချလို့မရပါ။ဥာဏ်နဲ့ ဝီရိယလေ ကူညီရင် အမြဲတမ်းအောင်မြင်တိုးတတ်ပြီး ကံကောင်းနေလိမ့်မည်။

ရှေ့ဘဝရဲ့ကုသိုလ်ကံက နည်းပါးပြီး ဒီဘဝမှာ ထကြွလုံ့လကမရှိဘူးဆိုရင် ဘယ်အရာက ကံကောင်းနိင်ပမလဲ။မိမိဘက်ကတော့ အနည်းအကျဉ်း ဝီရိယကြိုးစားအားထုတ်မှုလေးတော့ ထုတ်ပြရမှာပေါ့။ခုကြတော့ လုံ့လလည်းမစိုက်ထုတ်ချင်ဘဲ အောင်မြင်တိုးတတ်ကံကောင်းချင်တာလည်း အလွန်ဘဲဆိုတာ တွေ့နေရသည်။မဟာဇနကမင်းသားဆို ပင်လယ်ပြင်သင်္ဘောပျက်ကာ ယောကျာ်းတို့ဇွဲ သေမှလျော့မယ်ဆိုတဲ့နှလုံးသွင်းပြီး အပြောကျယ်လှတဲ့ ပင်လယ်ပြင်ကြီးကို ဇွဲလုံ့လကြီးစွာနဲ့ ကူးခတ်လေသည်။နောက်တော့မဏီမေခလာနတ်သမီးက ဇနကမင်းသားကို ကယ်ဆယ်၍အသက်ရှင်ခဲ့ရပုံကို စာဖတ်သူတို့သိရှိမယ်ထင်တယ်။ဒါက မိမိကိုယ်ပိုင် ဇွဲဝီရိယရဲ့အကျိုးကျေးဇူးပါ။

လူပျင်းတို့လုံ့လ တစ်ခဏဆိုတာ လူတိုင်းကြားဖူးလိမ့်မယ်။မှန်ပါသည်။လူပျင်းတွေက အလုပ်အပေါ်လေးစားမှုမရှိဘဲ ဟန်ပြလုပ်ခြင်းဖြစ်သည်။လူကြီး အလုပ်ရှင် ပိုင်ရှင်ရှေ့မှာဆို အလုပ်ကြိုးစားပုံ လုပ်ပြတတ်တဲ့အကျင့်လေးတွေရှိကြပါသည်။ဒါဟာ လူပျင်းလူညံ့တို့ရဲ့ အကြံကုန် ဂဠန်းဆားချက် ဆိုသလိုပါဘဲ။လုပ်သာလုပ်ပြီး အလုပ်ပြီးမြောက်ခြင်းမရှိဖြစ်နေတတ်ပါသည်။ကြက်များ တွေ့သမျှမြေကို ယက်ပြီးစားသောက်သောလည်း ဝမ်းရေးဝတယ်ဆိုတာမရှိသလိုဘဲ လူပျင်းတို့သည် လုပ်တာလုပ်ပြီး အလုပ်မပြီးစီး မပြီးမြောက်ဘဲ ရှိလေရာ ပင်းပန်ကြမ်းတမ်းပြီး ဝမ်းရေး ရှားပါနေတတ်သည်။နောက်ဥပမာတစ်ခုပေးချင်သေးပါသည်။လူတို့သည် ပျားနဲ့ယင်လို နမှုနာယူသင့်ပါသည်။ဘာကြောင့်လည်းဆိုရင် ပျားဆိုတဲ့ ကောင်က သူတို့ဟာ အဖွဲ့လိုက်နေထိုင်စားသောက်ပြီး ပန်းဝတ်မှုံထဲက ဝတ်ရည်တွေကို စုဆောင်တတ်ကာ လုံ့လဝီရိယနဲ့တတ်ညီလက်ညီ ပြုလုပ်တတ်ကြသည်။ထိုကြောင့် ပျားသည် အေးအေူဆေးဆေးချမ်းချမ်းသာသာနဲ့နေထိုင်ရပြီး ယင်ကောင်ကတော့ အုပ်စုဆိုတဲ့ အဖွဲ့အစည်နဲ့မနေဘဲ တစ်ကောင်ထဲနေထိုင်စားသောက်တတ်ကာ အစားကိုမစုဆောင်တတ်တဲ့လုံ့လမရှိသောကြောင့် အစားမရှာနိင်တဲ့အချိန်ဆို သေဆုံးတတ်ကြသည်။

အထက်ပါဥပမာတွေကို အခြေပြုပြီး ကြိုးစားသောလုံ့လ အားထုတ်မှု ထကြွမှု ဝီရိယရှိကြပါလို့ ရေးသားလိုက်ပါသည်။Stemmit အဖွဲ့သားများအားလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးပိုင်ဆိုင်ကြပါစေ။

အစဉ်ကြိုးစာလျက်
Authortunnaingwin
Msc.100
11.1.2018/12:10am

H2
H3
H4
3 columns
2 columns
1 column
Join the conversation now