အတွေးဒဿနာများ knowledge

image

လောကမှာ ယောကျာ်းမိန်းမဆိုပြီး လူနှစ်မျိုးရှိသလို ပခုံးနှစ်ဖတ်ကြားခေါင်းပေါက်တာခြင်းတူပင့်မဲ့ စိတ်ချင်းမတူကြတာ လူတွေအများကြီးရှိပါသည်။ဒါကြောင့် သူများအမှားတွေလိုက်ပြီးမမြင်ပါနဲ့။မိမိ မမှားအောင်ဘဲ အမြဲတမ်းနေပါ။

လူတွေကိုအဆင့်အတန်းခွဲထားသလို မိမိကိုယ်ကိုလည်း အဆင့်အတန်းခွဲခြားသင့်ပါသည်။စိတ်နှင့်ကိုယ် ထိုအရာနှစ်ခုကို အဆင့်အတန်းခွဲပြီး လေ့ကျင့်ကြည့်ပါ။ဒါဆို အချိန်ကြာလာသည်နှင့် အကျိုးကျေးဇူးတွေရမှာ မလွဲပါဘူး။

မိမိကိုယ်ကိုခိုင်းပါ။သူများခိုင်းတာကြိုက်သလား။မိမိကိုယ်ကိုခိုင်းတာကြိုက်သလားစဉ်းစားတွေးခေါ်ပါ။သူများခိုင်းတာ မကြိုက်ရင် မိမိကိုယ်ကို ပြန်ပြီးခိုင်းပါ။ဒါကို အခြားသူများလာခိုင်းမှာမဟုတ်သလို မိမိလည်း ခိုင်းတတ်တဲ့အကျင့်ရရှိသွားပါလိမ့်မယ်။

အကောင်းမြင်စိတ်မွေးပါ။အကောင်းမြင်ပေးလို့ မိမိအတွက် ဘာမှမနစ်နာပါဘူး။အသားလည်း ပဲ့သွားတာမဟုတ်တာ။ဒီအကောင်းမြင်စိတ်လေးနဲ့ လူတိုင်းကိုမကြည့်ပေးနိင်ကြဘူးလား။ကြည့်ပေးလိုက်ပါ။နှစ်ဦးနှစ်ဘက်လုံးစိတ်ချမ်းသာပါလိမ့်မယ်။

ဘာလုပ်လုပ်စည်းကမ်းနဲ့လုပ်ပါ။စည်းကမ်းဆိုတာ လုတိုင်းထားရမဲ့ အချက်ပါ။စည်းမရှိကမ်းမရှိရင် အောင်မြင်မှာမဟုတ်။အောင်မြင်ချင်ရင် အရာရာစည်းကမ်းနဲ့လုပ်။နေထိုင်စားသောက်ပါ။ဒါဆို လူတိုင်းစည်းကမ်းရှိပြီးမိသားစုကောင်းစားသလို တိုင်းပြည်အတွက်လည်း အကျိုးရှိပါသည်။

အလုပ်တစ်ခုလုပ်ရင် ဇွဲနဲ့လုပ်ပါ။ဇွဲကိုအရင်းခံနိင်မှာ ဥာဏ်တို့ ကံကောင်းခြင်းတို့ လိုက်လာမှာပါ။ဒါကြောင့် ဇွဲကို ဘယ်တော့မှမလျော့လိုက်ပါနဲ့။ဇွဲနဲ့လုပ်ရငါ အောင်မြင်ပါတယ်။

စာနာစိတ်မွေးပါ။တစ်ဦးနဲ့တစ်ဦးမျှဝေပေးပြီးတစ်ယောက်ကိုတစ်ယောက် နားလည်ပေးမယ်ဆ်ုရင် ဘယ်လောက်ပျော်ရွှင်စရာကောင်းမလည်း တွေးကြည့်ရင်သိနိင်ပါသည်။

အစဉ်ကြိုးစားလျက်
Authortunnaingwin
22.1.2018/02:51am

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center