သူဌေးကြီးတွေကျင့်သုံးတဲ့ငွေတစ်ပြားတစ်ချပ် မကုန် အောင်မြင်စေတဲ့ အကျင့်များ

💰တရားထိုင်တယ်
တရားထိုင်တယ်ဆိုတာ အောင်မြင်ခြင်းအတွက် ကြီးမားတဲ့အထောက်အပံ့ပါ။အားကစားလုပ်ခြင်းဟာ ခန္တာကိုယ်ကိုကျန်းမာစေပြီး တရားထိုင်ခြင်းကတော့ စိတ်ခံစားမှုအခြေအနေကိုများစွာတိုးတတ်စေပါတယ်။စိတ်ချမ်းသာ ကိုယ်ကျန်းမာမှ အောက်မြင်ဖို့ ကောင်းစွာကြိုးစားနိုင်မှာဖြစ်ပြီး အောင်မြင်ဖို့ အခွင့်အရေးတွေများလာမှာပါ

💰မနက် အိပ်ရာစောစောထတယ်
အမေရိကသမ္မတဟောင်းကြီး ဘားရက်အိုဘားမား , ရစ်ချက်ဘရန်ဆန်, ဂျက်ဒေါ် ဆေတို့ ဟာ မနက်အစောကြီးထလေ့ရှိသူတွေလို့ နာမည်ကြော်ကြားသူတွေဖြစ်ပါတယ်။မနက်အိပ်ရာစောစောထတာနဲ့ အောင်မြင်မှုနဲ့ ဘယ်လိုပတ်သတ်တာလဲ? စဉ်းစားစရာပါ။ဘာလို့ လဲဆိုတော့ မနက် အိပ်ရာစောစောထတဲ့သူတွေဟာ အခြားသူတွေထက်ပိုပြီး နေ့ တစ်နေ့ ဦးစွာစတင်နိုင်တယ်။အားကစားလုပ်နိုင်တယ်။ကိုယ်ပိုင်အချိန်ပိုရတယ်။စောစောထလေ့ရှိသူတွေဟာ ပိုပြီးပျော်ရွှင်တဲ့သူတွေ,အနာဂတ်ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သူတွေဖြစ်ပါတယ်

💰ပေါင်းသင်းဆက်ဆံရေးကောင်းတယ်
အောင်မြင်တဲ့သူတွေဟာ ပေါင်းသင်းဆက်ဆံရေးရဲ့အရေးကြီးပုံ , တန်ဖိုးကိုနားလည်ပါတယ်။အောင်မြင်တဲ့သူတွေဟာ သူတပါးကိုအပြစ်တင်ခဲ , ဝေဖန်ခဲပါတယ်။သူတို့ ကလူတစ်ဖက်သားကိုရိုသေပြီးစိတ်ရှည်သည်းခံတတ်တဲ့သူတွေဖြစ်လို့ ပါဘဲ

💰အမြဲအလုပ်ရှုပ်နေတယ်
အောင်မြင်တဲ့သူတွေ , ချမ်းသာတဲ့သူတွေဟာ အချိန်ကိုအလကားဖြုံးမပစ်ပါဘူး။သူတို့ ဟာတစ်ပတ်ကို နာရီ၆၅ နာရီအနဲဆုံးအလုပ်လုပ်သူတွေဖြစ်ပါတယ်။ဒါကလည်း စွန့် ဦးလူပ်ကိုင်သူတွေ, စီးပွားရေးစတင်လူပ်ကိုင်သူတွေ လိုက်နာရမယ့်ပုံစံတွေပါဘဲ

💰အောင်မြင်တဲ့သူတွေက ဘယ်အချိန်မှာ ညင်းပယ်ရမလဲဆိုတာသိတယ်။အရာရာတိုင်းကိုခေါင်းညိတ်မနေဘူး
အောင်မြင်တဲ့သူနဲ့ အစစ်အမှန်အောင်မြင်တဲ့သူရဲ့ကွာခြားချက်က အစစ်အမှန်အောင်မြင်တဲ့သူတွေက အရာရာတိုင်းပြောသမျှကိုခေါင်းမညိတ်တာပါဘဲ- ဝါးရင်းဘူးဖတ်

💰အောင်မြင်တဲ့သူတွေက သူတို့ ရဲ့အချိန်တွေကို TV ကြည့်ရင်း အင်တာနက်သုံးရင်း နဲ့ အချိန်မဖြုံးဘူး။သူတို့ ကစာဖတ်ကြတယ်
ချမ်းသာကြွယ်ဝတဲ့သူတွေရဲ့၆၇% နှုန်းက တစ်နေ့ ကိုTV , အင်တာနက် ၁နာရီဘဲသုံးကြပါတယ်။သူတို့ ဟာတစ်နေ့ ကိုနာရီဝက်စာ သူတို့ အတွက်တိုးတတ်စေတယ့်စာတွေကိုဖတ်ကြတယ်။အောင်မြင်တဲ့သူတွေဟာ သူတို့ ရဲ့ငွေတွေကို Night club တွေ, Show ပွဲတွေမှာ အကုန်မခံဘူး။ မသွားရဘူးလို့ မပြောပါဘူး။ အမြဲတမ်း မသွားပါနဲ့ 

💰မနက်ဖြန်လုပ်မယ့် အစီအစဉ်ကိုကနေ့ ညကတည်းက ကြိုတင်ရေးဆွဲကြတယ်
သူတို့ ကအမြဲဘဲ အထက်ပါလမ်းစဉ်ကိုလိုက်နာကြတယ်။ဘာလို့ လဲဆိုတော့ ဒါမှသာ သူတို့ ရဲ့ဦးစားပေးအရာတွေကိုအရင်လုပ်နိုင်မှာဖြစ်ပါတယ်။သူတို့ ဟာ တစ်နေ့ တာရဲ့အလုပ်တွေကိုပိုင်းခြားနိုင်မယ်။ပြီးတာနဲ့ အရေးကြီးတာတွေကို ဦးစားပေးအနေနဲ့ သတ်မှတ်ပြီး အပြီးသတ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်

💰အောင်မြင်တဲ့သူတွေဟာ ရည်မှန်းချက်တွေချမှတ်တယ်။ပြီး စိတ်ကူးယဉ်ကြည့်တယ်
ဂျိုးဘရောင်းက အင်တာဗျူးတစ်ခုမှာ , "အောင်မြင်တဲ့သူ၉၇% လောက်က မအောင်မြင်ခင်မှာသူတို့ ရဲ့ ပန်းတိုင်တွေကိုရေးချတယ် စိတ်ကူးယဉ်တယ် ဒါကိုပုံမှန်အလုပ်တစ်ခုလို လေ့ကျင့်ခဲ့တဲ့သူတွေပါ" လို့ ပြောခဲ့ဖူးပါတယ်

💰အောင်မြင်တဲ့သူတွေ ချမ်းသာတဲ့သူတွေက သူတို့ ရဲ့ငွေကိုထိန်းချုပ်နိုင်ကြတယ်
အောင်မြင်တဲ့သူတွေက သူတို့ ဘယ်နေရာရောက်နေလဲဆိုတာမေ့နေတတ်ကြတယ်။ဘာလို့ လဲဆိုတော့ သူတို့ ရဲ့ငွေကိုကောင်းစွာစီမံထားနိုင်လို့ ပါဘဲ။ဒါကဘာကိုဆိုလိုတာလဲဆိုတော့ သူတို့ ဟာသူတို့ ရဲ့ငွေကိုအကျိုးရှိရှိ ရင်းနှီးထားတယ်။အခွင့်အလမ်းအသစ်တွေကိုရှာဖွေတယ်။အရေးပေါ်အတွက်ငွေကိုသတ်မှတ်ထားတာတွေကြောင့်ပါ။သူတို့ ဟာ ရက်ရောတယ်။သူတပါးကိုပေးကမ်းချင် ကူညီချင်သူတွေဖြစ်ပါတယ်။ဆိုရိုးတစ်ခုရှိပါတယ်။ကံကောင်းရင် ဒါမှမဟုတ် ကြိုတင်ပြင်ဆင်ထားရင် အမြဲတမ်းအခွင့်အရေးဆိုတာရှိစမြဲပါတဲ့။

image
#Success
#Toptenteam

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center