(၁)ကြွင်း ဗုဒ္ဓဟူး မရဏဖွားဥာဉ် Tin Hlaing Oo(Thayet)


မြန်မာစတီးမစ်မိသားစုဝင်များ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ….
(၁) ကြွင်း ဗုဒ္ဓဟူး မရဏဖွားဥာဉ်

(၁)ကြွင်း ဗုဒ္ဓဟူး မရဏဖွားဥာဉ်သည်  ဗုဒ္ဓဟူး (၄)ဂဏန်း၏ အဓိပ္ပါယ်အရ လူ၊ လူအစုအဝေး (မိမိ အပါအဝင် လူမှန်သမျှနှင့် သက်ဆိုင်နေသည်)။
မရဏအိမ်သည် ချုခြာ ပျော့ညံ့ သည်းမခံနိုင်မှု ဟုဆိုသဖြင့် စိတ်ပိုင်းဆိုင်ရာ နှင့်အဓိကသက်ဆိုင်နေပါသည်။ စိတ်မခိုင်မာခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ သည်းမခံနိုင် ခြင်း တို့ဖြစ်သည်။

ထို့ကြောင့် (၁)ခုကြွင်း ဗုဒ္ဓဟူးမရဏဖွားဥာဉ်သည် လူဆိုသည့်အတွက် မိသားစု၊ အိမ်ထောင်ဖက်၊ သားသမီး၊ ဆွေမျိုး များအပါအဝင် လူအစုအဝေး၊ အသင်း အဖွဲ့များနှင့် ကြာရှည်စွာ အနီးကပ်ပူးတွဲလာကြပါက ဟန်မဆောင်တတ်ခြင်း၊ စိတ်မထိန်းနိုင်ခြင်း၊ သည်းမခံတတ်ခြင်းတို့ကြောင့် အပြိုင်အဆိုင်၊ ယှဉ်ပြိုင်မှုများ ဖြစ်ကာ ပေါင်းသင်းဆက်ဆံရေး၌ အခက်အခဲများဖြစ်ကြရမည်။ အရွယ်သုံးပါးလုံး မိဘ အုပ်ထိန်းသူများနှင့် အနီးကပ်ပူးတွဲနေထိုင်၍မရခြင်း၊ ညီအစ်ကိုမောင်နှစ်မ ဆွေမျိုးရင်း ချာများနှင့် ပူးတွဲနေထိုင်၍မရခြင်း၊ မိမိအတွက်ယုံကြည်သူမွေး၍မရ၊ ထား၍မရခြင်း၊ အိမ်ထောင်ဖက်၊ အတူနေသားသမီးများနှင့် ဆူပူဆန့်ကျင်၍ မကြာခဏ ရန်ဖြစ်ရခြင်း၊ အိမ်ငှားနေထိုင်သူဖြစ်က အိမ်ရှင်အိမ်ငှား ပြဿနာမကြာခဏဖြစ်ရခြင်း၊ ရပ်ရေး ရွာရေး တွင်လည်း မသင့်မြတ်မှုများနှင့် အခက်အခဲများကြုံရခြင်း၊ လုပ်ငန်းစီးပွားရေးအတွင်း တွင်လည်း လူမှုဆက်ဆံရေးကြောင့် တည်ငြိမ်မှုမရှိ၊ အမျိုးမျိုး ပြောင်းလဲရခြင်း။ အနီးကပ်ပူးတွဲပေါင်းသင်းသူမိတ်များလျှင်များသလောက် အရှုပ်အရှင်း ပြဿနာ အမျိုးမျိုးဖြစ်ရခြင်းတို့ ကြုံရပေမည်။
မရဏအဖွားဥာဉ်(လူ)အဆိုးအား အလွန်ကောင်းပါက (၁)ကြွင်း မရဏဖွား ကျား၊ မအားလုံးတို့သည် တရားမဝင်ဖြတ်လမ်းစီးပွားရေးများ၊ အရက်သေစာ၊ အပျော် အပါးလောင်းကစားများနှင့် လုံးဝမတည့်သောသူများဖြစ်သောကြောင့် လွတ်ကင်း အောင် ရှောင်ရှားသင့်ကြပေသည်။ အကယ်၍သာမှားယွင်းလုပ်ဆောင်မိကြပါက ခိုက်ရန်ဒေါသ၊ ထောင်၊ အမှုအခင်းများဖြစ်ကြရပြီး ဘဝပျက်ပြုန်းကာ အသက်ဆုံးရှုံး တတ်ကြောင်းကို ထိုးထွင်းသိမြင်ကြရပေမည်။
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
10041922

MSC-069
Not a copy, manually write.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now