စိတ်

35462736_128387621376976_3802540263197376512_n.jpg

စိတ်​သည်​ ​လောကကိုစိုးမိုး၏။စိတ်​ကိုလှပ​စေရန်​ က​လေးများကိုငယ်​စဉ်​ကတည်းကပင်​ ပြုစုပျိုး​ထောင်​​ပေးသင့်​​ပေသည်​။ကိုင်း​ကောက်​​သောသစ်​ပင်​ငယ်​သည်​ ကိုင်း​ကောက်​​သော သစ်​ပင်​ကြီးသာဖြစ်​လာနိုင်​သည့်​အတွက်​ ငယ်​စဉ်​ကတည်းကပင်​ စိတ်​​ကောင်း​စေတနာ ထားတတ်​ရန်​ ​လေ့ကျင့်​ပျိုး​ထောင်​​ပေးရ​ပေမည်​။

စိတ်​သည်​ လူကိုစိုးမိုး၏။စိတ်​​ကောင်းစိတ်​မြတ်​နဲ့ စိတ်​ဆိုးစိတ်​ယုတ်​ဟူ၍ နှစ်​မျိုးရှိ​ပေသည်​။လောဘ၊​ဒေါသ၊​မောဟ ကင်းစင်​ပြီး ​မေတ္တာဂရုဏာစိတ်​ထားသူ၏စိတ်​သည်​ စိတ်​​ကောင်းစိတ်​မြတ်​ဖြစ်​​ပေသည်​။လောဘ၊​ဒေါသ၊​မောဟ၊မာနနှင့်​အတ္တစရိုက်​ ထူ​ပြောသူ၏စိတ်​သည်​ စိတ်​ဆိုးစိတ်​ယုတ်​ပင်​ဖြစ်​သည်​။လောက၌ စိတ်​​ကောင်းစိတ်​မြတ်​နှင့်​​နေထိုင်​ပြီး ​လောကကို အလှဆင်​သင့်​သည်​။

ကမ္ဘာ​ကျော်​စာ​ရေးဆရာကြီး ဟင်​နရီဖီးလ်​ဒင်းက
"လူ​ကောင်းမဟုတ်​ပဲနှင့်​ လုကြီးဖြစ်​​နေခြင်းသည်​ လူဆိုးနှင့်​မခြားနား"ဟု ဆိုမိန့်​ခဲ့ဖူးပါသည်​။လူတစ်​​ယောက်​၏ ရိုးသား​သော အကျင့်​စာရိတ္တ စိတ်​​နေစိတ်​ထားသည်​ လူမှု​ရေးရာကိစ္စတိုင်းတွင်​ အဓိကကျပါသည်​။လူတိုင်းတွင်​ မိမိဘဝတိုးတက်​ကြီးပွားရန်​ကြိုးစားကြရာဝယ်​ စိတ်​ဓာတ်​အဆင့်​အတန်းမြင့်​မားစွာနဲ့ ကြိုးပမ်းကြရန်​ "ရိုးရိုးကျင့်​ မြင့်​မြင့်​ကြံ"ဟူ​သော စကားပုံနှင့်​ လမ်းပြထားပါသည်​။

မဉ္ဇူသကနတ်​ပန်းသည်​သာ အ​မွှေးပျံ့ဆုံးမဟုတ်​ပါ။
စိတ်​အလှပန်းသည်​သာ အ​မွှေးပျံ့ဆုံးဖြစ်​ပါသည်​။စိတ်​အလှထက်​လှ​သောအရာ ဤ​လောကတွင်​မရှိပါ။စိတ်​အလှသည်​သာ ​လောကရဲ့အလှ၊​လောကရဲ့အလင်းဖြစ်​ပါတယ်​။

@thuzartun
Photo Credit; Facebook image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now