ကျယ်ပြောလှတဲ့လောကကမ္ဘာကြီးထဲတွင်တစ်ယောက်ထဲ ရှင်သန်ရပ်တည်၍မရပါ။လောက၌ လူမှန်လျှင် မိတ်ဆွေအပေါင်းအသင်းရှိသင့်ပါတယ်။မိတ်ဆွေအပေါင်းအသင်းများနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံခြင်းဖြင့် မိတ်ဆွေတို့၏ အရိပ်ကိုခံစားနိုင်ပါတယ်။မိတ်ဆွေကောင်းသည် စိတ်ဒုက္ခရောက်နေလျှင် နှစ်သိမ့်အားပေးတတ်ပါတယ်။ဘဝမှာ ဒုက္ခအခက်အခဲကြုံလျှင် လက်တွဲဖေးကူတတ်ပါတယ်။
မိတ်ဆွေပေါခြင်းသည် ဘဝကိုပျော်ရွှင်စေနိုင်ပါတယ်။
လောကနီတိကျမ်းတွင် "အဆွေခင်ပွန်း မရှိသောသူအား ချမ်းသာအဘယ်မှာ ရအံ့နည်း။ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာပြုအံ့နည်း။ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ကိုညအဘယ်မှာရနိုင်အံ့နည်း"ဟု ဆိုထားပြန်ပါတယ်။
မိတ်ဆွေဟုဆိုရာမှာလည်း မိတ်ဆွေစစ်နဲ့မိတ်ဆွေတု ဟူ၍နှစ်မျိုးရှိလေသည်။အချို့မိတ်ဆွေများက စကားပြောနှုတ်အလွန် ချိုသာသော်လည်း အတွင်းစိတ် လွန်စွာ ကောက်ကျစ်ကြပေသည်။ထိုသို့သောလူမျိုးသည် အဆိပ်ခတ်ထားသော ပျားရည်နဲ့တူပေသည်။မိတ်ဆွေစစ်ဆိုသည်မှာ မိမိဆင်းရဲဒုက္ခရောက်နေချိန်အတူမျှဝေ ခံစားပေးသူ၊မိမိ အောင်မြင်ချမ်းသာလာလျှင်လည်း ဝန်တိုခြင်းကင်းစွာနဲ့ ဝမ်းမြောက်ပေးတတ်သူဖြစ်လေသည်။
တချို့သောသူများသည် မိတ်ဆွေဖြစ်လင့်ကစား အတွင်းစိတ်မှာ ပြိုင်ဖက်သဖွယ်သဘောထားပြီး ဝန်တိုစိတ်ထားတတ်ကြသည်။မိမိမိတ်ဆွေ၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုရန်လည်းဝန်လေးတတ်ကြသည်။ထိုသို့သောသူမျိုးကို မိတ်ဆွေဖွဲ့လျှင် အကျိုးမရှိနိုင်ပေ။
မိတ်ဆွေကောင်းပေါများသူသည် အရေးကိစ္စကြုံလျှင် မိတ်ဆွေတို့၏ စုပေါင်းစွမ်းအားဖြင့် ဖြေရှင်းနိုင်သည်။
မိတ်ဆွေကောင်းရရန်မှာကလည်း မိမိကိုယ်တိုင်မိတ်ဆွေကောင်းဖြစ်ရန်လိုအပ်ပါသည်။လအများနဲ့ခင်မင်ဖော်ရွေစွာဆက်ဆံရပေမည်။"နှုတ်ချိုသျှိုတစ်ပါး၊နှုတ်ကောင်းတော့ပြည်စိုး"ဟူသောစကားပုံများကလည်းဘပေါင်းသင်းဆက်ဆံရာတွင် ချိုသာသောစကား၏ အရေးပါပုံကို ညွှန်ပြနေပါတယ်။ငွေလမင်းတွင်ကြယ်များခြံရံမှတင့်တယ်လှပေသည်။ရေကန်တွင်လည်း ကြာရှိမှတင့်တယ်ပေသည်။လူ့လောကတွင်လည်း မိတ်ဆွေကောင်းများခြံရံနေမှသာလျှင် ဘဝ၏အောင်မြင်ပျော်ရွှင်မှုများ ရပေလိမ့်မည်မဟုတ်ပါလား။
@thuzartun
Photo Credit; Facebook Image