ပုထုဇဉ်တို့သည် အရူးနှင့်တူသည်။အတွေးများစွာနှင့် ထင်မိထင်ရာစွဲလန်း၍ လုပ်မိတတ်ကြသည်။သည်းခံတတ်ရမည်ဆိုတာကို သဘောမပေါက်ကြချေ။မိမိအား ဒုက္ခပေးသူအပေါ်၌ စိတ်နာကြည်း၍ ပြန်လက်စားချေခဲ့လျှင် မိမိသည်သာ ရှေးမကောင်းမှု ကံပေါ်တွင် ထပ်ပိုး၍ မကောင်းမှုကို တန်ပြန်ရာရောက်သဖြင့် နောင်ကိုလည်း ဤသို့သော ဒုက္ခမျိုး တွေ့ရမည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။
ဒေါသဖြစ်လာချိန်တွင် သူ့မကောင်းမှုကံက သူနှင့်သာသက်ဆိုင်သည်။ သူ့ထိုက်နှင့် သူ့ကံရှိပါစေ။သူ့ဒေါသနှင့်အပြစ် သူသာခံလိမ့်မည်။မိမိကလက်စားချေခြင်းအားဖြင့် ဒုက္ခအသစ်ရှာယူရန်မသင့်ဟု သဘောထားနိုင်လျှင် ယခင်ကလိုက်လာသောမကောင်းမှု ဝိပါက်သည် ထပ်၍မပွားပဲ ရပ်တန့်သွားပေမည်။
နေ့စဉ်နဲ့အမျှ မိမိဒေါသဖြစ်တတ်ပုံကို သတိထား၍ ဆိုးရွားသော စိတ်အမူအရာတို့ကို တစ်စတစ်စပြုပြင်၍သွားပါလျှင် စိတ်ကောင်းရှိသူ၊ဒေါသနည်းသူတစ်ယောက်ဖြစ်လာပေလိမ့်မည်။ဒေါသ၏ အဓိပ္ပါယ်မှာ အပြစ်ဖြစ်ချေ၏။ဒေါသသည် အပြစ်။ဒေါသဖြစ်လာသည်နှင့် စက္ကန့်၊ မိနစ်အချို့၊နာရီအချို့ ဆိုင်းနိုင်လျှင်ဆိုင်းပါ။
ဒေါသကြောင့် တစ်စုံတစ်ရာ ကောင်းကျိုးရနိုင်လျှင် တော်ပါသေး၏။ထိုသို့မဟုတ်ပါက အကုသိုလ်နှင့် ဒုက္ခများ တိုး၍လာတတ်လေသည်။ဒေါသလောက်ညစ်ညမ်းတဲ့အပြစ်မရှိ။ဒေါသအခြေခံသော အလုပ်၊ ဒေါသအားပေးသောအလုပ်ဆိုလျှင် ဘယ်အလုပ်မှ မဖြူစင်၊မကောင်းမြတ်ပါ။ဒေါသမီးတောက်သူဟာ အကောင်းအဆိုး၊အကြောင်းအကျိုး အမှန်အတိုင်းမသိတတ်ဘူး။ဒေါသအခြေခံပြီး ဒေါသကိုအားပေးတဲ့ဝါဒမှန်သမျှသည် မျက်ကန်းလမ်းသွားသလိုဖြစ်နေပေသည်။
အောင်မြင်လိုလျှင် ဒေါသကိုထိန်းချုပ်နိုင်ရမည်။ထိန်းချုပ်တတ်အောင်လည်းကြိုးစားရမည်။ဒေါသလောက်ကြောက်စရာကောင်းတာမရှိ။ဒေါသ သည်မာန်တက်ခြင်းဖြစ်သည်။ထို့ကြောင့်လည်း ဒေါသသည် အပြစ်သာဖြစ်ချေတော့သည်။
@thuzartun
Photo credit; Google image