ကိုယ်​ကျင့်​တရား

IMG-14c32c03ae7041694a7a3c837f784f2c-V.jpg

လူ့စိတ်​ဟာ လွန်​စွာမှ ဆန်းကြယ်​ပါတယ်​။မည်​သူမျှ မလွန်​ဆန်​နိုင်​​သော ရုပ်​လှခြင်း မလှခြင်းဆိုသည့်​ ကံကြမ္မာ၏ စီမံရာကို ပိုင်​ဆိုင်​ကြရတယ်​။ဒါကိုပဲ လွန်​ဆန်​ချင်​သူအချိုက ခွဲစိတ်​ပြုပြင်​မှုစတဲ့ နည်းပညာအမျိုးမျိုးနဲ့ လှပ​အောင်​ ပြုပြင်​ကြပြန်​တယ်​။မိမိ၏ စိတ်​အရှင်​သခင်​ကို​တော့ ခြယ်​မှုန်းရန်​ ​မေ့​နေကြတတ်​တယ်​။

စိတ်​လှမှ စာရိတ္တလှ​ပေမည်​။စိတ်​မခိုင်​လျှင်​ စာရိတ္တပျက်​ပြား၍ ကိုယ်​ကျင့်​တရား ချို့ယွင်းနိုင်​​ပေသည်​။ဒေါသ၊​မောဟ၊မာနသည်​ ယဉ်​​ကျေးမှုအဆင့်​အတန်းကို ပျက်​ယွင်း​စေနိုင်​သည်​။လူ့အဖွဲ့အစည်းတွင်​ ရှင်​သန်​​နေထိုင်​ရာတွင်​ ကိုယ်​ကျင့်​တရား​ကောင်းမွန်​သူသည်​သာလျှင်​ လူအများရဲ့ ယုံကြည်​မှုကိုရ​ပေလိမ့်​မည်​။သူ​တော်​​ကောင်းတရား ခုနစ်​ပါးတွင်​ မ​ကောင်းမှုကိုပြုရန်​ရှက်​ခြင်းနဲ့ ​ကြောက်​ခြင်းတရား နှစ်​ပါးသည်​ အ​ခြေခံကျသည်​။အရှက်​အ​ကြောက်​မရှိသူထံတွင်​ အကျင့်​သီလ မပြည့်​စုံနိုင်​​ပေ။

လူတို့သည်​ ကိုယ့်​သမိုင်းကိုယ်​ ​ရေးကြရ​ပေသည်​။နေ့စဉ်​နဲ့အမျှ ကိုယ်​၊နှုတ်​၊နှလုံး အမူအရာများနဲ့ ​ရေးခြယ်​​နေကြသည်​။ကိုယ်​ကျင့်​တရားမဲ့သူဟာ ​လောဘ၊​ဒေါသ၊​မောဟစိတ်​တို့ရဲ့ ခိုင်း​စေတဲ့အတိုင်း ပြုမူလှုပ်​ရှားကြလို့ မ​ကောင်းမှုဒုစရိုက်​လမ်းကို ဦးတည်​ပြီး လမ်းမှား​ရောက်​ကြရတယ်​။မ​ကောင်းမှု​ကြောင့်​ရလာတဲ့ ဥစ္စာနဲ့​အောင်​မြင်​မှုတို့​ကြောင့်​ စိတ်​နှလုံးကိုမ​အေးချမ်း​စေနိုင်​ပါ။အမြဲ အရိပ်​မဲလိုက်​​နေတယ်​။ကိုယ့်​သမိုင်း ကိုယ်​​ရေးကြရတာမို့ ဖြူစင်​တဲ့ ကိုယ်​ကျင့်​တရား​လေးနဲ့ မှတ်​တမ်း​ကောင်း​လေးနဲ့သာ ​ရေးကြပါ​စေလို့ ​တောင်းဆုပြုလိုက်​ရပါတယ်​။
received_2049128761992324.jpeg
@thuzartun
Photo Credit; Facebook image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now