လောကဓံကို ကြံ့ကြံ့ခံမယ်

a.jpg

လောကဓံကို အ​မောခံနိုင်​​စေရန်​ စိတ်​ဓာတ်​တည်​ကြည်​ သန့်​ရှင်းရန်​လိုအပ်​​ပေသည်​။ငါးပါးသီလသည်​ အ​ရေးကြီးလှ​ပေသည်​။သီလမမြဲပါက စိတ်​လည်းမသန့်​ရှင်း​ပေ။သီလမမြဲလျှင်​ မွဲတတ်​သည်​။ဘဝလဲတတ်​၏။ ​လောကဓံအဆိုးအ​ကောင်းကိုမခံနိုင်​​ချေ။လောကဓံတရားရှစ်​ပါးသည်​ လူကို အမြဲတိုက်​ခိုက်​​နေတတ်​၏။
ရှုံးလည်းမရူးရန်​ နိုင်​လည်းမမြူးရန်​လို​သည်​။

ဘဝသည်​ မတည်​ငြိမ်​​ပေ။အမြဲအတက်​အကျဖြစ်​​နေတတ်​သည်​။ဖြစ်​ချိန်​ဖြစ်​၍ ပျက်​ချိန်​တန်​ပျက်​ကြရ​လေသည်​။ပစ္စုပ္ပန်​​ရော အတိတ်​ကံ​ရောနှင့်​ပါဆိုင်​​လေသည်​။ကံမခိုင်​က သံအိမ်​​ဆောက်​​သော်​လည်း မခိုင်​ပါ။အခက်​အခဲဟူသည်​ အလုပ်​ဖြင့်​သာ​အောင်​နိုင်​​သောသ​ဘောရှိသည်​။သတိရှိမှသာ​လောကဓံအဆိုးအ​ကောင်းကိုခံ​နေရသည်​ကိုသိ​ပေမည်​။

လောကဓံကိုအ​မောခံနိုင်​​အောင်​မိမိကိုယ်​ကိုအားကိုးရ​ပေမည်​။မိမိကိုယ်​ကိုအမြဲ ရိုး​ဖြောင့်​​အောင်​ကျင့်​ကြံရမည်​။ရိုး​ဖြောင့်​သူသည်​​လောကဓံဆိုးကို ခံနိုင်​သကဲ့သို့ ​လောကဓံ​ကောင်းကိုလည်း သတိရှိ​နေသဖြင့်​ တည်​ငြိမ်​စွာလှုပ်​ရှားပြုမူ​လေသည်​။

ထို့​ကြောင့်​လူ့ဘဝတွင်​ ​လောကဓံတရားကိုသတိထား၍တရားဖြင့်​မြင်​ရ​ပေမည်​။ရွှေ​ငွေလာဘ်​​ပေါ​နေလျှင်​​သော်​လည်း​ကောင်း လာဘ်​ရှား​နေလျှင်​​သော်​လည်း​ကောင်း သတိတရားအမြဲထား​နေရမည်​။ခြွေရံ​ပေါများစဉ်​၊ချီးမွမ်းခံရလျှင်​လည်း မာန်​မဝင်​ပဲ သတိကပ်​ရမည်​။ဆင်းရဲ​နေစဉ်​၊ကဲ့ရဲ့ခံရစဉ်​တွင်​လည်း တရားအသိနှလုံးသွင်းပြီး ​လောကဓံကို ကြံ့ကြံ့ခံကြရ​ပေမည်​။
b.jpg
@thuzartun
Photo Credit; Facebook Image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now