အထက်​​အောက်​ ပဋိပက္ခ

received_2048672775371256.jpeg

ကုမ္ပဏီများ၊စီးပွား​ရေးလုပ်​ငန်းများနှင့်​ အခြား​သော လုပ်​ငန်းအမျိုးမျိုး၏ ဝန်​ထမ်းများနှင့်​ စီမံအုပ်​ချုပ်​သူတို့အကြား နားလည်​မှု​လေးများ လိုအပ်​​နေတယ်​လို့ထင်​ပါတယ်​။စီမံအုပ်​ချုပ်​သူတိုင်းနှင့်​ ဝန်​ထမ်းတိုင်းကိုမဆိုလိုပါ။ဝန်​ထမ်း အ​တော်​များများဟာ အထက်​လူကြီးရဲ့ ဂရုစိုက်​အ​လေး​ပေးမှုကို လိုချင်​ကြမှာပါ။ရိုးသားကြိုးစားတဲ့ ဝန်​ထမ်းများရှိသလို ​ရေသာခိုအ​ချောင်​လိုက်​တဲ့ ဝန်​ထမ်းများလည်းရှိမှာပါပဲ။မျက်​နှာအရိပ်​အကဲကိုနားလည်​ပြီး ကြိုးစားတဲ့ ဝန်​ထမ်းများအတွက်​ အထက်​လူကြီးရဲ့ အပြုံးတစ်​ပွင့်​ဟာ တန်​ဖိုးဖြတ်​မရတဲ့ အရာတစ်​ခုပါပဲ။အထက်​လူကြီး​တွေအလုပ်​များကြသလို ဝန်​ထမ်းများလည်း သူ့ဆိုင်​ရာအလုပ်​​တွေနဲ့ မအားလပ်​တာမျိုး​တွေရှိပါတယ်​။အဲ့ဒီလိုအချိန်​မျိုးမှာ စိတ်​မရှည်​တာမျိုး၊စိတ်​ဖိစီးတာမျိုး​တွေဖြစ်​လာပါတယ်​။အဲဒါကိုပဲ အပြန်​အလှန်​နားလည်​မှု​တွေမရှိတဲ့အခါ မလိုလားအပ်​တဲ့ ပဋိပက္ခ​တွေ ဖြစ်​ကုန်ကြပါ​တော့တယ်​။

နှစ်​ဖက်​စလုံးတင်းရင်​ ပြတ်​မှာပါပဲ။ တစ်​ဖက်​ကအ​လျော့​ပေးပြီး ပြဿနာကို ​ခေါင်း​အေး​အေးနဲ့ ​ဆွေး​နွေးသင့်​ပါတယ်​။လူသားတိုင်း အမှားနဲ့ မကင်းကြပါဘူး။ပညာတတ်​လူကြီးများလည်း မှားတဲ့အခါရှိမှာပါ။ ဝန်​ထမ်း​တွေက ​ဖြေရှင်းချက်​​ပေးတဲ့အခါ ဖြစ်​သင့်​၊မဖြစ်​သင့်​ ​ဝေဖန်​သုံးသပ်​ပြီးစစ်​​ဆေးသင့်​ပါတယ်​။ ဒီဝန်​ထမ်း ဘာ​ကြောင့်​ဒီလိုလုပ်​ရသလဲဆိုတာကို သိပြီးမှ ဆုံးဖြတ်​ချက်​ချရင်​ အလုပ်​မှာလည်း အမှား​တွေနည်းသထက်​နည်းလာမှာပါ။အထက်​လူကြီးပဲဆိုပြီး လက်​​အောက်​ငယ်​သားဝန်​ထမ်း​တွေကို ​အော်​ဟစ်​ဆဲဆိုမှု​တွေ လုပ်​ခြင်းဟာ ပညာအဆင့်​အတန်းမြင့်​မားတဲ့ လူပုဂ္ဂိုလ်​​တွေနဲ့ မသင့်​​လျော်​တဲ့ အလုပ်​တစ်​ခုလို့ထင်​ပါတယ်​။ဝန်​ထမ်းက မှားယွင်း​နေရင်​လည်း ​ပြေပြစ်​စွာ​ပြောဆိုသွန်​သင်​ဆုံးမသင့်​ပါတယ်​။

ဝန်​ထမ်းများရဲ့ ကြိုးစားမှုကိုကြည့်​ပြီးလည်း တစ်​ဆင့်​မြှင့်​​ပေးသင့်​ပါတယ်​။ဒီဝန်​ထမ်း​ကြောင့်​ အလုပ်​​တွေပြီး​မြောက်​​အောင်​မြင်​​စေတယ်​ဆိုရင်​ သူနဲ့ထိုက်​တန်​တဲ့ အကျိုးခံစားခွင့်​က​တော့ ရှိရမှာပါပဲ။ အသစ်​ဝင်​လာတဲ့ ဝန်​ထမ်းလည်းဒီ​နေရာ၊အရည်​အချင်းရှိပြီး ကြိုးစားတဲ့ဝန်​ထမ်း​ဟောင်းလည်း ဒီ​နေရာပဲဆိုရင်​​တော့ သူ့တိုးတက်​ရာ တိုးတက်​​ကြောင်းကို ရှာ​တော့မှာပါပဲ။အဲ့ဒီအခါမှာ လုပ်​ငန်းရှင်​​တွေအ​နေနဲ့ ဝန်​ထမ်း​ကောင်း​တွေဆုံးရှုံးရမှာပါ။နှစ်​ဦးနှစ်​ဖက်​လည်းအကျိုးမရှိပါ။လုပ်​ငန်းအုပ်​ချုပ်​စီမံတဲ့သူ​တွေဟာ ဝန်​ထမ်း​တွေကို ​နွေး​ထွေးတဲ့အပြုအမူမျိုးနဲ့ ဆက်​ဆံပြီး ဝန်​ထမ်း​တွေကလည်း ရိုးသားကြိုးစား ထက်​မြက်​ကာ အရည်​ချင်း​ကောင်း​တွေမြင့်​သည်​ထက်​မြင့်​​အောင်​ မြှင့်​တင်​နိုင်​ရင်​ လုပ်​ငန်းခွင်​ဟာ ​ပျော်​ရွှင်​စရာအပြည့်​နဲ့ ​အောင်​မြင်​မှုသရဖူ​ဆောင်းနိုင်​မှာအမှန်​ပါပဲ။

@thuzartun
Photo Credit; facebook image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now