နေ့စဉ်အတွက် တာဝန်တစ်ခု အကြောင်းပြုရင်း

375399_314163008623843_1258732269_n.jpg
မနေ့ကတစ်ရက် ကျွန်နော် ဘာကြောင့်စာရေးပြီး ပို့စ်မတင်နိုင်တဲ့အကြောင်းလေးကို အကြောင်းပြချက်အနေဖြင့် ရင်မဖွင့်ဟချင်တော့ပါဘူး။
ကျွန်ပြောခဲ့ဖူးမှာပါ ရေးချမှုလေးတွေထဲမှာလည်း မကြာခဏဆိုသလို ရေးခဲ့ဖူးပေလိမ့်မည်။
ခိုင်လုံသောအကြောင်းပြချက်ဆိုတာ ထုတ်ခွင့်ရှိတယ်ဆိုပေမယ့်လည်း ကျွန်နော်ကို ကျွန်နော်ကတာ့ အကြောင်းပြချက် မည်မျှပင် ခိုင်မာခြင်းတွေပဲ ရှိနေပါစေ ထုတ်ခွင့်မရှိပါဘူးလို့ ကျွန်နော်လက်ခံထားခဲ့ပါတယ်။
ဘာကြောင့် ဘာအတွက် ဘယ်လိုဖြစ်နေလို့ တကယ်ပါဗျာ သက်သေပြနိုင်ပါတယ် ဒီလိုစကားလုံးတွေနဲ့ မည်သူတွေကို ဘယ်လိုပဲ ခိုင်လုံသောအကြောင်းပြချက်တွေနဲ့ တကယ်အဖြစ်ပျက်လေးတွေကို လှည့်ပတ်ပြောဆိုရှင်းပြနေပါစေ ကိုယ်လုပ်မှကိုယ်ရမယ် ငါမလုပ်ရင် ငါပဲ နောက်ကျကျန်ရစ်နေမယ်ဆိုတာ ငါအနေဖြင့် ငါ့အတွက် မေ့ထားလို့မရပါဘူး။
တစ်ရက်အလုပ်မလုပ်ပါက တစ်ရက်ဝင်ငွေမရှိနိုင်ပါဘူး။
ဒါပေမယ့် တစ်ရက်လောက်အလုပ်မလုပ်ပဲ အနားယူပြီးနေထိုင်နိုင်ကြသော်လည်း တစ်ရက်လောက်မစားမသောက်ပဲနဲ့တော့ ငါနေလို့မရနိုင်ပါဘူး။
afe4641d4de588a1ea8f8b0db4e09fd1622358e3.jpg
ဒီခန္ဒာကိုယ်ကြီးကို နေ့စဉ်နဲ့အမျှ အစာအဟာရများ ပေးကျွေးနေမှသာ ခန္ဒာကိုယ်၌ တပ်ဆင်ထားကြသော ပစ္စည်များသည် နေစဉ်နေ့တိုင်း လည်ပတ်နေသော စက်ယန္တရာကြီးတစ်ခုလို ကောင်မွန်စွာနဲ့ လှည့်ပတ်မောင်းနှင်နိုင်ပါလိမ့်မယ်။
စက်ယန္ဒရာဆိုတာ နေ့စဉ်မပျက် လှည့်ပတ်နေမှသာ နားလိုက် ရပ်လိုက် အချိန်အတော်ကြာမှတဖန် ပြန်လည် လယ်ပတ်လိုက် ဒီလိုသာ ခဏခဏ ဖြစ်နေမယ် လုပ်နေမယ် အကျင့်တစ်ခုလို ဖြစ်နေပြီဆိုရင်တော့ သိပ်မကြာခင်မှ ထိုးရပ်သွားနိုင်သလို ပျက်စီးသွားနိုင်သော အကြောင်းတရားဘက်သို့ ရောက်လို့သာသွားပါလိမ့်မယ်။
လိုရင်းတိုရှင်းအနေဖြင့်ရေးချလိုက်ပါရစေ။
ကျွန်နော် နေ့စဉ်မပျက် စာရေးပို့စ်တင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။
နေ့စဉ်လုပ်မှ အဆင်ပြေနိုင်သော ဒီစာရေးခြင်းအလုပ်ကို နေ့ရွှေ့ ညရွှေ့ နဲ့ မလုပ်ဖြစ်ပဲ တစ်ရက်ပြီးတစ်ရက် အချိန်တွေသာကုန်ဆုံးသွားမယ် မရေးဖြစ်ဘူး မလုပ်ဖြစ်လိုက်ဘူးဆိုလျှင်…………………………?
စာဖတ်သူတွေဘက်ကသာ ဒီမေးခွန်းလေးကို ကိုယ်တိုင်သာ ကိုယ့်ကိုကိုယ်ဖြေကြည့်စေချင်ပါတယ်လို့ တွေးမိသမျှ ပေါ်လာစိတ်ကူး ရေးချရင်ဖြင့် မင်္ဂလာပါဟု နှုတ်ခွန်းဆပ်သလိုက်ပါတယ်ခင်ဗျာ။
author:@thura
photo:cedit google images

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center