အကြွေး

Building and Maintaining-a-Strong-Personal-Credit-Score.png
ကျွန်နော်မှာ ဆပ်စရာအကြွေးတွေ တင်ရှိနေခဲ့ပါတယ်။
ကျွန်နော်မှာ ဆပ်စရာအကြွေးတွေ ကျန်ရှိနေပါလားဆိုပြီး အသိသာရှိခဲ့ပေမယ့်လည်း တကယ်လက်တွေ့ ကိုယ့်ကိုကိုယ် အကြောင်းပြချက်တွေထုတ်ပြီး တစ်ရက်ပြီးတစ်ရက် နေထွက်လိုက် နေဝင်သွားလိုက် အိပ်ပျော်သွားလိုက် မိုးလင်းလာလိုက်နဲ့ ဟိုရက်ကြမှဆပ်မယ် ဒီရက်ကြမှဆပ်မယ်နဲ့ အကြောင်းအမျိုးမျိုးပြနေခဲ့မိပါတယ်။
ဦးမိုးသီးပါဝင်သရုပ်ဆောင်ထားတဲ့ ဇတ်ကားတစ်ပုဒ်မှာ ဇတ်လမ်းအစမှအဆုံး သူအများဆုံးသုံးနှုန်းသွားတဲ့ စကားလုံးလေးကို ကြိုက်လွန်းလို့ ဆွဲယူသုံးလိုက်ရလျှင်ဖြင့် မည်သို့ပင်ဆိုစေကာမှု ဒီစကာလုံးက ရေးသားပြီးခဲ့ပြီဖြစ်သော စာတွေထဲမှာ အများဆုံး သုံးစွဲခဲ့ဖူးပါတယ်။ဒီအကြောင်းဒီမှာတင်ရပ်ပြီး
မည်သို့ပင်ဆိုစေကာမှု အကြွေးဆိုတာ ရှိလည်းမကောင်း မရှိလည်းမကောင်းဆိုတဲ့ အမျိုးအစားထဲမှာ တစ်ခုအပါဝင်ပါလို့ ဒီလိုပဲ လက်ခံမိထားပါတယ်။
annual-fee-2574353645.jpg
ရှိလည်းမကောင်းဆိုတာကတော့ အကြွေးရှိရင် မျက်နှာပူနေရပါတယ်။
အကြွေးရှင်နဲ့ မျက်နှာဆုံလိုက်ရပြီဆိုလျင် ကိုယ့်မျက်နှာ ဇီးရွက်ထက်မက သေးငယ် သိမ်ငယ် သွားတက်ပါတယ်။
နောက်တစ်မျိုးက မရှိရင်လည်းမကောင်းဘူးဆိုတာကတော့ လူတွေဟာ ကိုယ့်ကို အခြားသောသူများ မှတ်မိလွယ်ကူအောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးပြီး ယူနေကြပါလိမ့်မယ်။

နည်းလမ်းပေါင်းမြောက်များစွာထဲက တစ်ပါးသူအပေါ်မှာ တင်ရှိနေသော အကြွေးတွေနဲ့ပေါ့။
အချို့က ပေးစရာ အကြွေးကို ဆပ်နိုင်ပါလျက်နဲ့ မပေးချေပဲ မသိသလို မေ့နေသလို မရှိတော့သလို အမျိုးမျိုးနဲ့ပေါ့။
Mexicanos-carecen-de-educación-financiera-para-adquirir-un-crédito-hipotecario.jpg
ကျွန်တော်မှာ တင်နေသောအကြွေးများကို ဆပ်နိုင်သမျှ ဆပ်နိုင်သောအတိုင်းအတာ ဖြစ်ပျက်ရုန်းကန်နေရတဲ့ အနေအထားလေးကနေ နည်းနည်းခြင်း တင်ရှိနေသောအကြွေးများကို ဆပ်လို့သွားနေလျက်ပါပဲ။
မင်းဆပ်နေတာကလည်း ထင်သာမြင်သာခြင်းမရှိ မက်လောက်စရာမရှိပါဘူးကွာဟု ထင်ယောင်ထင်မှား တလွဲ အမှားတွေးတွေနဲ့ တွေးမိသွားမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။
ဥပမာ နှိုမ်းယှဉ် တက်သလိုလေး ခိုင်းနှိုမ်းရလျှင် ဒီဘက်ကြက်ဥတောင်းစုပ်ထဲကနေပြီတော့ ငွေဖလား ရွှေဖလားခွက်ကြီးများထဲသို့ တစ်ရက်တစ်လုံး ပုံမှန်လေး ထည့်ခဲ့မယ်ဆိုရင် တစ်နေ့ တင်ရှိနေသောအကြွေးများ မကျေနိုင်ပါဘူးလို့ ဘယ်သူကမှ အသေအချာမပြောနိုင်ပါဘူးလေ။
ဇီးရွက်ထက်သေးငယ်ပြီး သိမ်ငယ်နေတဲ့ဒီမျက်နှာဟာ အကြွေးရှင်တွေကို မြင်တွေ့ရလျင်တော့ သိမ်ငယ်စိတ်ဖြစ်မိမှာပေါ့။
ဒီအကြွေးတွေကို မသိမသာဆပ်ရင်း ဆပ်ရင်းနဲ့ တစ်နေ့တော့ သိသိသာသာဆပ်လာနိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆက်လပ်လျှောက်လှမ်း ရုန်းကန်ရင်း ကြိုးစားနေလျက်ပါလေ။
author: @thura
photo: cedit google images

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center