Flexible

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီတစ်​ခါတင်​ပြချင်​တာ​လေးက​တော့ အလိုက်​တင့်​​နေတတ်​ထိုင်​တတ်​သင့်​တယ်​ဆိုတဲ့အ​ကြောင်းနဲ့ပတ်​သက်​ပြီး တင်​ပြချင်​ပါတယ်။ Flexible လို့လည်း ​ပြောလို့ရပါတယ်​။အဓိပ္ပါယ်​က အားလုံးနဲ့အဆင်​​ပြေ​ပြေ​နေနိုင်​တယ်​လို့​ပြောတာပါ။လောကကြီးထဲမှာ လူ​ပေါင်း သန်းချီပြီး အများကြီး​နေထိုင်​ကြတယ်​။တစ်​​ယောက်​ချင်းဆီမှာလည်း ကိုယ်​ပိုင်​စိတ်​​နေစိတ်​ထား​တွေ ရှိကြတယ်​။တစ်​​ယောက်​တစ်​​ယောက်​ကလည်း စိတ်​ထားခြင်းမတူကြဘူး။တစ်​မိသားစုထဲက ​မွေးတဲ့ ​မောင်​နှမအရင်းချာ​တွေ​တောင်​ မတူနိုင်​ပါဘူး။ ကျွန်​မတို့​တွေ သက်​ရှင်​​နေထိုင်​​နေတဲ့တစ်​​လျှောက်​လုံးမှာလည်း တစ်​​ယောက်​တည်း ဖြတ်​သန်းဖို့မဖြစ်​နိုင်​ဘူး။အဖွဲ့အစည်းနဲ့​နေပြီး လုပ်​​ဆောင်​ရတယ်​။လူမှဖြစ်​လာရင်​ လူ​တွေနဲ့​တွေ့မယ်​၊ဆက်​ဆံရမယ်​။ အဲ့ဒီမှာ သူတစ်​ပါးနဲ့လိုက်​​လျောညီေ​ထွနေထိုင်​တတ်​ဖို့လိုအပ်​တယ်​။

အခု​ခေါင်းစဉ်​က လူ​တွေနဲ့မှ အဆင်​​ပြေ​ပြေ​နေတတ်​ဖို့ရင် ​မဟုတ်​ပါဘူး။သဘာဝတရား​တွေ၊ပတ်​ဝန်းကျင်​​တွေနဲ့လည်း လိုက်​​လျေညီစွာ​နေတတ်​ဖို့လိုတယ်​။အဲ့လို မ​နေတတ်​တဲ့သူ​တွေက ပြသနာနဲ့အမြဲတမ်းအတူရှိ​နေတတ်​တယ်​။ကိုယ့်​ရဲ့ စရိုက်​၊စိတ်​​နေစိတ်​ထား​တွေ ကို ​ပြောင်းသင့်​ရင်​​ပြောင်းရမယ်​။ အမျိုးစုံကြိုးခုန်​တန်​ရမယ်​​ပေါ့။ ကျွန်​မတို့ရန်​ကုန်​မှာ ၁လ​ သွားပြီး​နေတုန်းက ​​တော်​​တော်​လေးခက်​ခဲခဲ့တယ်​။ ရန်​ကုန်​တိုတဲ့ မြို့ကြီးမှာရှိတဲ့ အ​ဆောင်​ဆိုတာ သိတဲ့အတိုင်းပဲ အသက်​ရှု​ပေါက်​မနည်းရှာပြီး ​နေထိုင်​တတ်​မှရမယ်​​လေ။

ပထမဆုံး​ရောက်​ဖူးတာဆို​တော့ ဘာမှမလုပ်​တတ်​၊ဘာမှ သိပ်​ပြီးနားမလည်​ဘူး​ပေါ့။အ​ဆောင်​ကို​ရောက်​စကဆို မျက်​ရည်​​တွေဝဲပြီး ​လောကကြီးထဲက​တောင်​ ထွက်​သွားချင်​မိတယ်​။ လူ​တွေအများကြီးပြည့်​နက်​​နေတဲ့ အိမ်​​လေးတစ်​လုံးထဲမှာ ​နေရတာ ဘယ်​​လောက်​မွန်းကြပ်​လဲ ကျွန်​မ အစက မသိခဲ့ဘူး။ မိုးရာသီဆို ​လျှော်​ပြီးသားအဝတ်​က မ​ချောက်​ မိုးကခဏခဏရွာ နဲ့အ​တော်​​လေးစိတ်​ပျက်​မိတယ်​။ ည ညဆို ​ပေါလိုက်​တဲ့ခြင်​၊​ပေါလိုက်​တဲ့ကြွက်​ ​ပြောမပြချင်​ဘူး။ တီ​တွေကလည်း မိုး​ရွာပြီဆို အလျိုလျို နဲ့အပုံလိုက်​ ​ရေချိုးတဲ့​နေရာမှာ ​တွေ့ရ​တော့ ပထမတစ်​ပတ်​က​တော့ အိမ်​ကိုငိုပြီးဖုန်းဆက်​။မ​နေချင်​ဘူး ဆိုပြီး သနားစဖွယ်​​ပြောခဲ့မိတယ်​။ဒါ​ပေမယ့်​ အဲ့လိုလွယ်​လွယ်​နဲ့ ​ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်​​တော့ ​ပြောတာ​ပြော​နေရတာ မ​နေမဖြစ်​ဆိုတာလည်း သိပါတယ်​။၂ပတ်​​မြောက်​မှာ ကျွန်​မအ​တော်​​လေးအဆင်​​ပြေ​နေပြီ။ကျင့်​သားရသွားတာထက်​ ဒီလိုပတ်​ဝန်းကျင်​မှာ ဒီလိုရုန်းကန်​မှ ဖြစ်​မှာကို သိသွားလို့ ကျွန်​မအဆင်​​ပြေ​အောင်​​နေတတ်​သွားတယ်​။

သြော်​...ကျွန်​မတို့​တွေ ပတ်​ဝန်းကျင်​ကိုလိုက်​ပြီး​ပြောင်းလဲတတ်​ရမယ်​။ရာသီဥတုကိုလိုက်​ပြီး​ပြောင်းလဲဝတ်​ဆင်​ရတယ်​။ အဲ့လိုပဲ လူ​တွေနဲ့​တွေ့တဲ့​အခါ၊​ပေါင်းသင်းတဲ့အခါမှာလည်း Flexible ဖြစ်​​အောင်​​နေတတ်​ဖို့အ​ရေးကြီးတယ်​။ အရင်​ဆုံးလူတစ်​​ယောက်​နဲ့ စကားစ​ပြောကြည့်​ အဲ့လူရဲ့ စိတ်​​နေစိတ်​ထား အားလုံးမသိ​ပေမယ့်​ အနည်းဆုံး​တော့မှန်းလို့ရတယ်​။ ပထမဆုံးလူ​တွေက သူတို့အကျင့်​​တွေကို ဖုံးကွယ်​ကြ​ပေမယ့်​ တဖြည်းဖြည်းနဲ့​ပေါ်လာတတ်​တာပဲ။ စကားစကား​ပြောပါများ...စကားထဲကဇာတိပြတဲ့ ။အမှန်​ပင်​ စကားအရမ်း​ပေါတတ်​တဲ့သူတစ်​​ယောက်​ အစက​တော့ သိပ်​ပြီးစကားမများသလိုလို၊ခပ်​​ချေ​ချေ ​နေ​ပေမယ့်​ တစ်​နာရီ​လောက်​ပဲ ကြာကြာစကား​ပြောကြည့်​ သူစကား​ပေါတတ်​တယ်​ဆိုတာ သိလာလိမ့်​မယ်​။

ကိုယ်​က ​လေ​ပေါတာ မကြိုက်​တဲ့သူတစ်​​ယောက်​ဖြစ်​​နေရင်​​တောင်​ သူနဲ့အဆင်​​ပြေဖို့ ကိုယ်​မကြိုက်​တဲ့အချက်​ကို ဖုံးကွယ်​ပြီး ဟန်​​ဆောင်​​ကောင်း​အောင်​ ​နေပြရမယ်​။မဟုတ်​ရင်​ လုမှု​ရေးရိုင်းသွားမှာ​ပေါ့။ သူနဲ့ Flexible ဖြစ်​​အောင်​​နေ​ပေးရမယ်​။သတိ​ပေးချင်​တာက လူ​တွေက အ​ရောင်​​ပြောင်းလွယ်​တယ်​။ပြောင်းလဲလွယ်​ကြတယ်​။အဲ့ဒါ​တော့ သိထားဖို့လိုတယ်​။ပတ်​ဝန်းကျင်​​တွေဆိုတာ သသတ်​မှတ်​ထဲ​ပြောင်းလဲတဲ့အတိုင်းအဆင်​​ပြေ​ပေမယ့်​ လူသားတို့အတွက်​ အဆင်​မ​ပြေနိုင်​။ဘာလို့ဆို သူတို့သည်​ ​ပြောင်းလဲတတ်​လို့ပါပဲ။ ဘာပဲဖြစ်​ဖြစ်​ Flexible ဖြစ်​​အောင်​​နေတတ်​ရင်​ ကိုယ့်​အတွက်​အဆင်​​ပြေ​စေပါတယ်​။ဘယ်​လိုလူမျိုး၊ဘယ်​လိုပတ်​ဝန်းကျင်​နဲ့မဆို Flexible ဖြစ်​ဖို့လိုအပ်​တယ်​။

အားလုံးကို​ကျေးဇူးတင်​ပါတယ်​။
@thithisann
Author Thi Thi San
Msc 262

H2
H3
H4
3 columns
2 columns
1 column
Join the conversation now