ရွှေနား​တော်​သွင်းမည့်​ ....​သံ​ချောင်းသံ အပိုင်း(၁၉)...

အပိုင်း(၁၉)
ချမ်းသာ တို့ လက်​ပံပင်​​အောက်​​ရောက်​​တော့ ထိုင်​လိုက်​ကြသည်​။အားလုံးထဲမှာ အတက်​ကြွဆုံးသူ ဖြစ်​​နေသည်​။ သူတို့​နေရာနဲ့ခပ်​လှမ်းလှမ်းမှာ တရွာလုံးရဲ့ ​ကျေးဇူးရှင်​ ​ရေကန်​ကြီးရှိသည်​။ပြောရရင်​အရင်​တုန်းကအပျို​လေး​တွေ showပြတဲ့၊အလှပြိုင်​တဲ့နေရာဆိုလည်းမမှား​ပေ။ရေခပ်​ဆင်းချိန်​ ည​နေဆည်းဆာ ဆိုရင်​ အ​တော်​ပင်​ တက်​ကြွ​နေကြ​တတ်​​သော လုံ​မေတို့တသိုက်​ သနပ်​ခါး ပါး​ပေါ်တင်​​သေချာဘီးလိမ်းထားသည်​မှာ မြင်​ရသူအဖို့တွက်​​တော့ အ​မေ​ပြောတဲ့ ​အ​မော​ပြေ​လေ​ပေါ့။ချမ်းသာတို့ နာရီဝက်​​လောက်​ကြာ​​တော့ ခပ်​လှမ်းလှမ်းမှ ရယ်​သံတချို့ကြား​နေရသည်​။ ဘယ်​သူဘယ်​ဝါအသံဆိုတာ မသည်းကွဲ​ပေ။ချမ်းသာ ​တောသားကြီး ရင်​ခုန်​​နေ​လေပြီ။ လူပျိုသဘာဝ ​ခေါင်း​လေးသပ်​လိုက်​ အင်္ကျီကို ​အောက်​ဆွဲချလိုက်​နဲ့အလုပ်​ရှုပ်​​မေသည်​ကို ကြည့်​ပြီး တပည့်​များပင်​မ​နေနိုင်​ရယ်​​တော့သည်​။"ဆရာ ​တ​ယောက်​ ​နေမသိထိုင်​မသာဖြစ်​​နေတယ်​နဲ့တူတယ်​.."ဆိုပြီး ဝိုင်းဟားရင်း​သတိလက်​လွှတ်​​ပြောလိုက်​သည်​။ သို့​သော်​ ချမ်းသာ စိတ်​ဆိုးရမည်​ကို​မေ့​နေ​တော့သည်​။ ဟို​လျှောက်​ဒီ​လျှောက်​နဲ့ "​အေးကွ ဘယ်​လိုဖြစ်​မှန်းကိုမသိဘူး..ဒါပထမဆုံးအကြိမ်​ဖြစ်​လို့နဲ့တူတယ်​ ငါဒါမျိုး​တွေ တခါမှမ​တွေးခဲ့ဖူးဘူး ​တွေးရမှန်းလည်းမသိခဲ့ဘူး ဘဝနဲ့ ငါ ၊ငါနဲ့ ဘဝ ဒါပဲသိခဲ့တာ..အဲ့​တော့မကြုံဘူး​တော့ ရင်​ခုန်​တာထက်​ရင်​တုန်​​နေတာကွ" "ဆရာ ကလည်း ဆရာ့ကြိုက်​​နေတဲ့​ကောင်​မ​လေးမှမရှိ​သေးတာဗျ..အခုဟာက အခုမှစမှာ​လေ " ဟားဟား.. ဟားဟား နဲ့ တပည့်​တ​ယောက်​​ပြော​သည်​ကို ချမ်းသာရယ်​ပြီး" ​အေး..​တွေ့​တော့​တွေ့ထားတယ်​ မနက်​က​ကျောင်းသွားတုန်းက ​တွေ့ခဲ့တာကွ.." "​အော်​..ဆရာက ​တွေ့ပြီးသွားပြီ​ပေါ့..ကပ္ပိယကြီး​မေး​တော့.." ​ပြောတုန်း ချမ်းသာ ဖြတ်​လိုက်​ပြီး" ငါမ​သေချာလို့ မရှိဘူးလို့​ပြောလိုက်​တာ ငါသူ့ကို ​ပြောရရင်​ ဆံပင်​ပဲ​ကောင်း​ကောင်းမြင်​လိုက်​တာ မျက်​နှာက မသည်းကွဲဘူး အဲ့​တော့.." ​ပြော​နေရင်း စကားသံများကြား​လိုက်​ရသည်​။ သူတို့နဲ့ သိပ်​မ​ဝေးလှတဲ့ ​နေရာကကြား​နေရခြင်းဖြစ်​သည်​။ စကားသံများသဲသဲကွဲကွဲ ကြား​နေရသည်​။ ​သေချာပြီဒီတခါ​တော့ အ​သောပိုင်းက ကြားရတဲ့အသံက ရွာထဲက လင်​မယားနှစ်​​ယောက်​ ညဘက်​အ​ကောင်​​ထောင်​သွားခြင်းဖြစ်​​နေ၍ ချမ်းသာ ရှက်​ကိုရှက်​ကန်းဖြစ်​​သော်​လည်း စကား​ပြောမပြတ်​ဘဲ ဟန်​မပျက်​ ​နေလိုက်​သည်​။
အခု​တော့ အပျို​လေး​တွေ တ​ယောက်​နဲ့တ​ယောက်​ ကျီစယ်​ ​နေကြသည်​ကို ကြား​​နေရသည်​။ တို့လိုက်​ ဆိပ်​လိုက်​နဲ့ အိမ်​မှာ ဗိုင်း​ကောင်း ​ကျောက်​ဖိ​နေ​ရ၍ အခုလိုချိန်​တွင်​ လွတ်​လွတ်​လပ်​လပ်​ ​ပျော်​ပါးကြသည်​။ ကျီစယ်​ ကြသည်​။ တချို့ကာလသား​တွေနဲ့ သ​နောက်​ကြသည်​။ ဤကဲ့သို့ လွတ်​လပ်​မှု​လေးလည်း ရ၊ အလှ​တွေလည်း ပြင်​လို့ရတဲ့ ည​နေခင်းဆို အလိုလို​ပျော်​​နေကြသည်​။ ချမ်းသာ တို့ ​နေရာက ​ရေကန်​ဆီသွားတဲ့ လမ်းသွယ်​ရဲ့ လမ်း​ဘေးတွင်​ ရှိ​နေသည်​မဟုတ်​။ သို့​သော်​မ​ဝေးလှ​ပေ ဘယ်​သူဘယ်​ဝါ မြင်​ရသည်​။ ချမ်းသာတို့အဖွဲ့မြင်​​တော့ ​ပြောလက်​စ စကားများပင်​ ရပ်​သွားကြသည်​။ ကိုယ့်​လမ်းကို ပဲမှန်​မှန်​​လျှောက်​​နေကြသည်​။ ချမ်းသာ ဟိုတ​ယောက်​အား ရာကြည့်​သည်​။ ၅​ယောက်​အုပ်​စု ဆို​တော့ ရှင်းရှင်းလင်းလင်း ကြည့်​နိုင်​သည်​။ မျက်​နှာအားမမှတ်​မိ​သော်​လည်း ဆံပင်​အား သိ​​နေ၍ "ဟာ..ဟို​ကောင်​မ​လေး..အဲ့ဒါသူပဲ ​သေချာတယ်​ကွ.."ဆိုပြီး ​ပြုံးပြုံးကြီးနဲ့ အားရပါးရ​ပြော​နေ​ပေမယ့်​ တပည့်​များက ​သေချာမမြင်​ရဘူးဆရာ ကျုပ်​တို့ ​ရေကန်​နားထိ သွားရ​အောင်​ ဆိုပြီး ​ပြော​တော့ ချမ်းသာ "​အေး..သွားမယ်​ကွာ"ဆိုပြီး​ကြောက်​​ကြောက်​နဲ့​ပြောသည်​။ ဘဝရဲ့​လောကဒဏ်​ကို အ​ကြောက်​မရွံ ဖြတ်​သန်းခဲ့တဲ့ လူက အခု​တော့ အချစ်​နဲ့ ​တွေ့မှ "ရန်​သူတစ်​ရာ စီးချင်းထိုးနိုင်​တယ်​ ..အချစ်​မှာရင်​မဆိုင်​ရဲခဲ့" ဆိုတဲ့ထဲကလိုပဲ ရင်​မဆိုင်​ရဲ​မှန်း အမူရာ​တွေကသက်​​သေပြ​နေ​တော့သည်​။တွန့်​ဆုတ်​​နေ၍ အတင်းပင်​ ဆွဲ​ခေါ်​နေရသည်​။
အပိုင်း(၂၀)ဆက်​မည်
@thithisann
Fb acc:thithisan
Msc ​လျှောက်​ထားဆဲ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now