လေးစားလျက်​ပါ ဆရာ

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဒီ​နေ​တော့ ငယ်​ဘဝကသတိရမိတာ​တွေ ​တွေးရင်းနဲ့ ကျွန်​မဦး​ဏှောက်​ထဲ၊နှလုံးသားထဲကို ​ရောက်​လာတဲ့ ခံစားချက်​တစ်​ခုက ဆရာဆို​သော အနန္တဂိုင်းဝင်​​ကျေးဇူးရှင်​ တစ်​ပါးပါ။ကျွန်​မတို့ဘဝ​တွေ လှပသည်​ဖြစ်​​စေ၊ကြမ်းကြသည်​ဖြစ်​​စေ ဆရာဆို​သော နာမည်​​လေးနဲ့​တော့ ရင်းနှီးဖူးကြမှာပါ။ဘဝမှာ ပညာရှာပြီး ရုန်းကန်​ရမှ ဆရာနဲ့​တွေ့သည်​ဟု ​ပြောလို့ရတာမဟုတ်​ပါဘူး။မြင်​ဆရာ၊ကြားဆရာ​တွေလည်း ရှိပါတယ်​။သူလုပ်​တာကြည့်​ပြီး ကိုယ်​လိုက်​လုပ်​တယ်​ အဆင်​​ပြေတယ်​။သူ့နည်းကို ကိုယ်​ယူသုံးလိုက်​​တော့ သူကကိုယ့်​ရဲ့ မြင်​ဆရာပဲ​ပေါ့။ကိုယ်​ကို စာတစ်​လုံး​ပေတလုံးတတ်​​အောင်​သင်​မှ ဆရာမဟုတ်​ဘူး ဆိုတာ အရင်​ဆုံး​ပြောပြတာပါ။

IMG_20180821_113152.JPG
Image source

ကျွန်​မငယ်​ငယ်​က ​လေးစားပြီးအရမ်း​ကြောက်​ရတဲ့ ဆရာတစ်​​ယောက်​ရှိခဲ့ဖူးတယ်​။သူဘွဲ့ရတစ်​​ယောက်​မဟုတ်​ဘူး။တစ်​ဝက်​တစ်​ဖြတ်​နဲ့​ကျောင်းနားထား​တော့ ဘွဲ့မရလိုက်​ဘူး။ဒါ​ပေမယ့်​ ကျွန်​မတို့ရွာမှာက ပညာတတ်​အရမ်းရှားတယ်​။တက္ကသိုလ်​တက်​ဖူးသူဆိုတာ ​ရှားမှရှားပဲ။ဆရာက သူတတ်​တဲ့ပညာနဲ့နိုင်​သ​လောက်​ ကျူရှင်​​ခေါ်တယ်​။ဆရာအင်​အားနည်းလို့ ရွာက ဆရာ့ကိုလည်း ရွာ​ကျောင်းမှာ ငှါးသင်​ခိုင်းကြတယ်​။ကျွန်​မ ငယ်​ငယ်​ ၃တန်း ၄တန်းက​ပေါ့။ဆရာ့ရဲ့ နာမည်​အကြီးဆုံး ဂုဏ်​သတင်းက အရိုက်​ကြမ်းတာပါပဲ။ဆရာဆိုတာ သူသင်​လိုက်​တဲ့စာကို ​ကျောင်းသား​တွေ တက်​ကြွပြီး နားလည်​​နေမှ သ​ဘောကြတဲ့ ​စေတနာရှင်​ကြီး​တွေပါ။အိမ်​စာ​တွေ​ပေးတယ်​ မနက်​​ရောက်​ပြီဆို ​မေးတယ်​။မရရင်​ ​ခြေတလုံး လန်​ပြီး အရိုက်​ခံရတယ်​။ဆောင်းတွင်းဆို ပိုဆိုးတာ​ပေါ့။နာလိုက်​တာ....နာလိုက်​တာ....မ​ပြောပြတတ်​​အောင်​ပဲ။

IMG_20180821_113313.JPG
Image source

ဆရာက သူ့အိမ်​မှာ ကျူရှင်​သင်​တယ်​။မသင်​ခင်​ က​လေး​တွေကို အိပ်​ခိုင်းတယ်​။ပြီးရင်​ တရားထိုင်​ခိုင်းတယ်​။ပြီးမှ စာကို ဂရုတစိုက်​သင်​​လေ့ရှိတယ်​။ကျူရှင်​အ​စောကြီးလာသူ​တွေကို ​ဘောလုံး​ကန်​ကစားခိုင်းတယ်​။ကျွန်​မမှတ်​မိ​သေးတယ်​ ​ဘောလုံးကန်​ချင်​လို့ အ​​စောကြီး​ရေမချိုးဘဲနဲ့သွားတာ ဆရာက​ရေမချိုးရင်​ မလာရဘူးတဲ့​လေ။အဲ့လို ​ပေ​တေ​အောင်​ကစားရတာကို နှစ်​သက်​ခဲ့ဖူးတယ်​။အဲ့တုန်းကဆို သူငယ်​တန်းစာ​တောင်​ ​ချော​ချောမွတ်​မွတ်​​ပြေ​ပြေပြစ်​ပြစ်​ မဆိုတတ်​​အောင်​ ၃တန်း​လောက်​က အ​ခြေအ​နေဆိုးခဲ့ဖူးတယ်​။အဲ့နှစ်​မှာ ကျူရှင်​စဖွင့်​တယ်​၊ဖွင့်​ဖွင့်​ချင်းတက်​တယ်​။နောက်​နှစ်​၄တန်း၊၅တန်းဆက်​တိုက်​ နှစ်​တိုင်းဖွင့်​တယ်​။အမြဲတမ်း အား​ပေးတဲ့ ဆရာ့ရဲ့ ပင်​တိုင်​စံ customer တစ်​​ယောက်​က ကျွန်​မပါပဲ။၅တန်း​လောက်​ကျ စာ​တော်​တဲ့စာရင်းထဲပါလာပြီ​လေ။ဒါ​တွေအားလုံး ဆရာ့​ကျေးဇူး​ကြောင့်​ဆိုတာ ကျွန်​မ အပြည့်​အဝဝင်​ခံပါရ​စေ။ဆရာ့ကို ​ကြောက်​ပြီး သူသင်​တဲ်​စာ​တွေကို ညဆို​အော်​​အော်​ပြီး ကျက်​တယ်​။ရပြီဆိုမှ အိပ်​ယာဝင်​တယ်​။ဆရာ့က သချာင်္ကိုပိုပြီးနှစ်​သက်​တယ်​။အရင်​က အတွက်​အချက်​ညံ့တဲ့ကျွန်​မ သင်္ချာ ​တွေစိတ်​ဝင်​စားလာပြီ​လေ။

IMG_20180821_114344.JPG
Image source

နောက်​ပြီး ဆရာက English grammar ကို အ​လေးထားပြီးသင်​​တယ်​။ကဗျာ​လေး​တွေနဲ့မှတ်​မိလွယ်​​အောင်​ ​သေချာသင်​​ပေးတာ​တွေမှတ်​မိ​သေးတယ်​။ည​နေ ည​နေ​ကျောင်းဆင်းချိန်​ဆို အပြိုင်​အဆိုင်​ ကဗျာ​တွေ ​အော်​ဆိုခဲ့တာ မှတ်​မိ​နေ​သေးတယ်​။က​လေးဘဝမှာ အပူအပင်​ဆိုတာ ဘာဆိုဘာမှ မရှိဘူး။ဆရာ့ကို​ကြောက်​တဲ့စိတ်​​တော့ ရှိခဲ့ဖူးတယ်​။အဲ့တာ​ကြောင့်​လည်း အခုအ​ခြေအ​နေမှာ လက်​မ​ထောင်​နိုင်​​နေတာ​ပေါ့။ဆရာ့​ရေ့...ဒီ​နေရာက​နေ ဆရာ့ကို ကန်​​တော့ပါတယ်​။တချိန်​က​လေးစားရ​သော ဆရာ အခုလည်း ​လေးစာမှု​တွေ မ​လျော့​သေးပါဘူးဆရာ။

IMG_20180821_113257.JPG
Image source

ကြောက်​တဲ့စိတ်​​ကြောင့်​ စာ​တွေလုပ်​ရင်း သင်္ချာ မှာအမှတ်​ပြည့်​ရခဲ့ဖူးတယ်​။သြော်​...စဉ်းစားကြည့်​လိုက်​ရင်​ ဆရာဆိုတာ​ပေးဆပ်​ခြင်းသက်​သက်​နဲ့လုပ်​အား၊ဥာဏ်​အား ​တွေအားလုံး စိုက်​ထုတ်​ပြီး ကိုယ်​ကျိုးစွန့်​သူ​တွေပါ။ ကျူရှင်​လခ​လေး တစ်​လမှ ၁၅၀၀နဲ့ စာ​တွေအများကြီး တတ်​ခဲ့ဖူးတယ်​။ ဆရာရဲ့​စေတနာ အခုချိန်​ထိ ထင်​ဟတ်​​နေဆဲပါဆရာ။ဆရာတို့​ပေး​သော ပညာ ​တွေနဲ့ ဆက်​လက်​ပြီး ပညာ​တွေအများကြီးတတ်​​နေပါပြီဆရာ။ဆရာ့​ကျေးဇူး၊ဆရာ့ဂုဏ်​ပို ဘယ်​​တော့မှ​မေ့​ပျောက်​မသွားပါဘူးဆရာ။ထာဝရတွက်​ဆရာဆိုတာ ပညာအလင်းတိုင်​ကိုကိုင်​ပြီး လမ်းမှန်​​ပေါ်​ရောက်​​အောင်​ ​မောပန်းခြင်းမရှိ လမ်းပြ​ပေးတဲ့ ၊သင်​ပြ​ပေးတဲ့ လမ်းပြဘုရားတစ်​ဆူပါပဲလို့ ကျွန်​မတင်​စားပါရ​စေ။

IMG_20180821_113224.JPG
Image source

ပြောရင်းဆိုရင်း...အ​ဖေ​ပြောပြတဲ့ အဖြစ်​အပျက်​​လေးတစ်​ခု​တောင်​မှတ်​မိသွားတယ်​။ဒီလိုပါ...ဆိုင်းဆရာ​ပြောပြတာ မှတ်​ထားတာတဲ့​လေ။ သူတို့အိမ်​နားမှာ မူလတန်းကလေး​တွေကျူရှင်​​ခေါ်ပြီးသင်​ပြ​ပေး​နေတဲ့ ဆရာမတစ်​​ယောက်​ရှိတယ်​။စေတနာကလည်းအရမ်း​ကောင်း က​လေး​တွေလည်း အရမ်းဂရုစိုက်​​တော့ လာအပ်​တဲ့ မိဘ​တွေများတာ​ပေါ့။ တ​စ်​​နေ့ကျ GTI​ကျောင်းသားတစ်​​ယောက်​က သူ့အိမ်​ခဏပြန်​လာ​တော့ သူ့အ​ဖေက ငါ့သား ဟိုဘက်​အိမ်​ကဆရာမက​တော်​​တော်​​လေး​တော်​တယ်​၊စာအသင်​အပြလည်း နာမည်​ကြီးတယ်​။သင်​တဲ့​နေရာမှာလည်း အသင်​က​တော်​​တော်​​ကောင်းဆိုပြီး နာမည်​ကြီး​နေတာကြာပြီတဲ့။သားဖြစ်​သူက ဘာ​ပြောလဲဆို​တော့....အဲ့ဆရာမ ကျွန်​​တော်​​လောက်​မတတ်​ပါဘူးတယ်​။ကျွန်​​တော်​တို့က ပိုပြီးမြင့်​တယ်​၊အသက်​​မွေးဝမ်း​ကြောင်းပညာ​တွေသင်​ရတာတဲ့။ တကယ်​​တော့ သူငယ်​ငယ်​က မူလတန်းမှာ သင်​​ပေးဖူးတဲ့သူ့ငယ်​ဆရာမပါ။ ဝ ´လုံးဆိုတာ ဒါပါ။ဒါကိုကြက ´ကကြီးလို့ဖတ်​ရတယ်​။အမျိုးမျိုး အဖုံအဖုံ နည်းမျိုစုံနဲ့ သင်​​ပေးခဲ့ဆရာမတစ်​​ယောက်​ကို ကျွန်​​တော်​​လောက်​ပညာမတတ်​ဘူးတဲ့။ဟုတ်​တယ်​ ခင်​ဗျားတို့ရတဲ့ဘွဲ့ ဒီဂရီ​တွေက သူ့တို့ထက်​မြင့်​ချင်​မြင့်​လိမ့်​မယ် ၊ခင်​ဗျားတို့​လောက်​မတတ်​ဘူး ဟုတ်​ချင်​ဟုတ်​လိမ့်​မယ်​။ဒါ​ပေမယ့်​ ခင်​ဗျား အဲ့လမ်း​ပေါ်​ရောက်​​အောင်​၊လမ်းမှန်​​ပေါ်မှာ မျက်​နှာမငယ်​ ဘဲ​လျှောက်​လှမ်းနိုင်​​အောင် foundation. ချ​ပေးခဲ့တာ အနစ်​နာခံ ပုဂ္ဂိုလ်​ ​တွေပါ။
ဘယ်​အရာပဲဖြစ်​ဖြစ်​ ​အုတ်​မြစ်​မ​ကောင်းရင်​ ကြာကြာမခံဘူး၊ဒဏ်​မခံနိုင်​ဘူး။

IMG_20180821_113329.JPG
Image source

ဒါ​ကြောင့်​ ဆရာဆိုတာ ဒုတိယမိဘပါပဲ။ဘယ်​​တော့မှ ဆရာ့ဂုဏ်​​တွေမ​မေ့ကြပါနဲ့။ဆရာရဲ့​ကျေးဇူး တစ်​နည်းမဟုတ်​တစ်​နည်းနဲ့ ဆပ်​နိုင်​ကြပါ​စေ။အနန္တဂိုင်းဝင်​​ကျေးဇူးရှင်​ ဆရာအာ့း ကျွန်​မ ဒီpost​ရေးရင်းနဲ့ ဂါရဝ ပြုလိုက်​ရပါသည်​။

@thithisann
Msc 262
Author Thi Thi San

H2
H3
H4
3 columns
2 columns
1 column
Join the conversation now