အိုဘယ့်​...မြန်​မာ

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာကြပါ​စေ။

အခုတ​လော မှဖြစ်​ပျက်​သွားတဲ့သတင်းတစ်​ခုနဲ့ပတ်​သက်​ပြီးတင်​ပြပါရ​စေ။မူခင်းသတင်း​တွေက​တော့ fb တစ်​ခွင်​ မှာပလူးကိုပျံလို့ပါ။တစ်​​နေ့တစ်​​နေ့ ​တွေ့ရတဲ့မူခင်း​တွေလည်းမနည်းဘူး။မြန်​မာကရဲ​တွေလည်းအငြိမ်​မ​နေရဘူး။တစ်​ခုမဟုတ်​တစ်​ခုဖြစ်​​နေ​တော့ ရဲလည်းမနိုင်​ဘူးထင်​ပါရဲ့ ။ဟိုတစ်​​နေ့ကမှဖြစ်​သွားတဲ့ မူခင်း​တောင်​ရဲမပါဘဲအနီးနားက လူ​တွေ​ကြောင့်​ ဖမ်းမိသွားတယ်​လို့ကြားတယ်​။အဲ့လိုဆို​တော့ ရဲ​တွေအသုံးမကျ​ကြောင်း​ရေးလိုက်​ကြတဲ့ comment ​တွေ မနည်းဘူး။ဒါလည်းသူတို့အမြင်​သူတို့ချပြတာ အပြစ်​မရှိပြန်​ဘူး။

FB_IMG_1534413904424.jpg
Image source

အဲ့ဒီအမှုမှာ ရွာကအကိုတစ်​​ယောက်​​ကြောင့်​မိသွားတာလို့ကြားတယ်​။သူကကျွန်​မတို့ရွာက​နေ မန္တ​လေးမှာလာပြီးစီးပွားရှာ​နေတဲ့သူတစ်​​ယောက်​ပါ။သူကဆံပင်​ညှပ်​ဆရာတသ်​​ယောက်​ဆို​တော့ ဆံပင်​ဆိုင်​ဖွင့်​ပြီး စီးပွားရှာ​နေတာကြာပြီ​ပေါ့​လေ။7 Day newsက သူနဲ့အ​မေးအ​ဖြေ​လေးတင်​​ပေးတာ ​တွေ့လို့ဖတ်​ကြည့်​တာ သူဒီမှာ​နေတာ နှစ်​ချီ​နေပြီ မှုခင်း​တွေလည်း အ​တော်​များများ​တွေ့တယ်​၊မြင်​တယ်​။ အားလုံးလည်းသိကြမှာပါ မန္တ​လေး ​မှာ​နေ့ခင်းကြီး ​သေနတ်​နဲ့ပစ်​ပြီးဆိုင်​ကယ်​လုတဲ့သတင်းကို​လေ။ဟိုတ​နေ့ကမှ ​နေ့ခင်းလူရိုက်​ပြီး ဆိုင်​ကယ်​လုတာ ကို​ရေးပြီးတင်​ခဲ့တယ်​။အဲ့တုန်းကလည်း ​နေ့ခင်းကြီး လုရဲတယ်​ဆိုပြီး အ​တော်​​လေးလည်းအံ့သြမိတယ်​။အခုကျပြန်​​တော့လည်း ​နေ့ခင်းမှာ​တောင်​​သေနတ်​နဲ့ပစ်ပြီးလုတယ်​ဆို​တော့ ​ပါးစပ်​အ​ဟောင်းသားဖြစ်​သွားတယ်။

FB_IMG_1534414199746.jpg
Image source

သြော်​....ဘယ်​သူ​တွေအပြစ်​ရှိပါတယ်​လို့ လက်​ညိုးမထိုးချင်​ဘူး။ဘာလို့ဆို အခုက ပျက်​ချင်​ရာပျက်​၊ဖြစ်​ချင်​ရာဖြစ်​ ​နေတဲ့ အ​ခြေအ​နေကိုး​နော်​။စိတ်​ဓာတ်​​တွေပဲ ပြင်​ရမလား၊လက်​ရှိအ​ခြေအ​နေကိုပဲပြင်​ရမလား။နိုင်​ငံက အရမ်းကြီး မဖွင့်​ဖြိုးလို့ ဒီလိုဖြတ်​လမ်း​တွေသုံး​နေကြတာလား။လုပ်​စရာအလုပ်​​တွေမရှိ​တော့လား။စဉ်းစားစရာပါပဲ။မြန်​မာနိုင်​ငံရဲ့ လက်​ရှိအ​ခြေအ​နေ​ကြောင့်​လား ??ဒီလိုလူအဆန်​တဲ့ အရဲစွန့်​ပြီးလုပ်​၇မယ့်​ ဂုဏ်​သိက္ခာမရှိတဲ့ သူခိုး၊လူလိမ်​အလုပ်​​တွေကို ပညာတတ်​တဲ့သူက​တော့ မလုပ်​​လောက်​ဘူးလို့ယူဆမိတယ်​။ဘာလို့ဆို မြန်​မာမှာက ဘွဲ့တစ်​ခုရရင်​ အနည်းဆုံး​တော့ အလုပ်​တစ်​ခုရနိုင်​တယ်​​လေ။ဘယ်​အလုပ်​ပဲ​ခေါ်​ခေါ် ဘွဲ့ရ၊အ​တွေ့အကြုံရှိတဲ့သူကိုမှ ​ခေါ်ကြတာချည်းပဲ။ဒါ​ကြောင့်​ အခုလို လုပ်​ရပ်​မျိုးကို ပညာသိပ်​မတတ်​ဘဲ ​လေလွင့်​​နေတဲ့ ဂျပစီလို ၁၀၉၊၁၁၀​တွေပဲ လုပ်​ကြမယ်​လို့ ကျွန်​မထင်​တယ်​။ကျွန်​မအထင်​မှားနိုင်​ပါတယ်​။

FB_IMG_1534414328224.jpg
Image source

အခြားနိုင်​ငံ​တွေနဲ့ယှဉ်​ရင်​ လုရက်​တဲ့အမှုမှာ မြန်​မာကထိပ်​ကဖြစ်​​နေ​လောက်​ပြီ။ဒီမန္တ​လေးမှာကိုပဲ ရက်​သတ္တပတ်​မကွာဘူး ၃ခုဆက်​တက်​ ဖြစ်​တယ်​။၃ခုလုံး လူရိုက်​ပြီးလုတာနဲ့၊​သေနတ်​နဲ့ပစ်​ပြီးလုတာနဲ့၊ဓားထိုးပြီးလုတာနဲ့ ။ဖြတ်​လမ်းနည်းအလွယ်​နည်း​တွေလိုက်​ရင်း သူတစ်​ပါး မိသားစုအသိုက်​အဝန်းကိုဖျက်​​ဆီး​နေကြတယ်​။ကိုယ်​လည်း ပတ်​​ပြေး​နေရင်း မိသွား၇င်​လည်း မိသားစုနဲ့ကွဲရမှာပဲ။သူ့ဆီကလုလို့ရတဲ့ပစ္စည်းတန်​ဖိုးနဲ့တစ်​သက်​လုံးစားလို့မရပါဘူး။ဘာ​ကြောင့်​များ အဲ့လို အလုပ်​​တွေလုပ်​​နေကြတာလဲ??

FB_IMG_1534414209233.jpg
Image source

အခြားနိုင်​ငံ​တွေမှာသွားပြီး အလုပ်​လုပ်​​နေကြတဲ့သူ​တွေလည်း အများကြီးပါ။ကိုယ့်​နိုင်​ငံနဲ့ခွဲပြီး တစ်​နယ်​တစ်​​ကျေးမှာ ​နေရင်းမိသားစုကို​ထောက်​ပံ့ကြတဲ့ သူရဲ​ကောင်း​တွေ​ပေါ့။တချို့လည်း ဘွဲ့ရပြိးအလုပ်​ထွက်​လုပ်​တာရှိသလို၊တချို့လည်း ​ကျောင်းတစ်​ဝက်​တစ်​ပျက်​နဲ့ အမိ​မြေကို စွန့်​ခွာပြီး ရပ်​တည်​​နေကြတယ်​။တကယ်​ကို​လေးစားထိုက်​ပြီး သတ္တိ ရှိတဲ့သူရဲ​ကောင်း​တွေပါပဲ။သူတို့​တွေ မြန်​မာမှာ​နေပြီး အလုပ်​လုပ်​ချင်​ရှာ​ပေမယ့်​ လစာမ​ကောင်းလို့မလုပ်​ကြဘူး။ဒါက​တော့ စွန့်​စားချင်​တဲ့သူ​တွေရဲ့ စိတ်​နဲ့ဆိုင်​တာ​ပေါ့။နောက်​တစ်​ခုက မြန်​မာနိုင်​ငံမှာက ဘွဲ့မရလျှင်​ အလုပ်​တစ်​ခုရှာရန် မလွယ်​တာအမှန်​ပါ။အသုပ်​​ရောင်းစားကြ၊ဝက်​​လျှော့မှာ ဝင်​လုပ်​ကြ၊ကွမ်းယာဆိုင်​ဖွင်းစားကြ ဒီလိုပဲ သာမန်​ပဲလုပ်​လို့ရတယ်​။ဘွဲ့မရ​ပေမယ့်​ အခြားနိုင်​ငံမှာက လာစာ​ကောင်းပြီး အလုပ်​တစ်​ခုရ​တော့ ပြည်​ပသို့ထွက်​ရရှာတဲ့သူ​တွေလည်းအများကြီးပါ။

FB_IMG_1534414206672.jpg
Image source

ပြောချင်​တာက မြန်​မာနိုင်​ငံမှာရှိသ​လောက်​လူဦး​ရေကို အလုပ်​စိ​အောင်​မ​ပေးနိုင်​ဘူး။အလုပ်​မ​ပေါဘူး​ပေါ့။ဒီ​တော့ ရှိတဲ့မိသားစုကအဆင်​မ​ပြေလို့​ကျောင်းမတက်​ ဘဝပျက်​ပြီး သူခိုးလိုလို၊လူဆိုးလိုလို နဲ့လစ်​ရင်​လစ်​သလို လုရက်​​နေကြတာ​ပေါ့။ အခုလို​နေ့ခင်းမှာ​တောင်​​သေနတ်​ထုတ်​ပြီး ချိန်း​ခြောက်​တဲ့အဆင့်​ထိ​တောင်​ ​ရောက်​​နေပြီ​လေ။လူဆိုတာ မရှိတဲ့ဒဏ်​ကိုကြာကြာမခံနိုင်​ဘူး။အဲ့​တော့ နည်းလမ်းသုံးလိုက်​​တော့ သုံးတဲ့နည်းလမ်းက တဖက်​သားအသတ်​ကိုပါစ​တေးရပြန်​တယ်​။သေပါ​စေဆိုပြီး ရည်​ရွယ်​ချက်​ရှိရှိလုပ်​မယ်​လို့ စိတ်​ကူးမထား​ပေမယ့်​ ကြုံလာ​တဲ့အ​ခြေအ​နေကို မလွန်​ဆန်​နိုင်​​တော့ အသက်​ကိုနှုတ်​ယူလိုက်​ပြီ​ပေါ့။ ​သြော်​....ဘဝ​ပေးမ​ကောင်း​တော့ လုပ်​မိလုပ်ရာ​တွေလုပ်​ရင်း ပြသာနာ​တွေ ထပ်​​နေပြန်​​ရော့။သြော်​....တချို့ပြသာနာကို​ဖြေရှင်းဖို့သုံးလိုက်​တဲ့နည်းလမ်းတစ်​​ခု​ကြောင့်​ ပြသာနာတစ်​ခုမကတက်​ရပြန်​ပြီ​လေ။နိုင်​ငံတစ်​ခုဆိုတာ တည်​ငြိမ်​ဖို့မဆိုထားနဲ့ ပြည်​သူပြည်​သားမထကြွ​အောင်​ ထိန်းသိမ်းဖို့ မလွယ်​ပါဘူး။တိုင်းပြည်​​ကောင်း​နေရင်​​တောင်​မှ မလွယ်​တဲ့ကိစ္စ တိုင်းပြည်​ပါ အကြပ်​ရိုက်​​နေရင်​ ​ဖြေရှင်းဖို့ အချိန်​​တွေအများကြီး​ပေးဆပ်​ရ​တော့မယ်​။ ဒါ​ကြောင့်​​ပြောတာ​ပေါ့ အပြစ်​တင်​လို့မရလို့​လေ အားလုံးက သူ့ဟာနဲ့သူ ပြသာနာ​တွေ၊ဒုက္ခ​တွေနဲ့ ပတ်​လည်​ဝိုင်း​နေကြတာ။

FB_IMG_1534413910716.jpg
Image source

တစ်​ဖက်​ကလည်း မရှိလို့လုတယ်​၊တစ်​ဖက်​ကလည်း ကိုယ့်​​ချွေးနဲ့​သွေးနဲ့ရင်းပြီး ရှာထားတဲ့ ပစ္စကိုလွယ်​လွယ်​နဲ့မ​ပေးချင်​။ဒီလိုနဲ့ အသက်​ပါ​ပေးရပြန်​။အဲ့အပြစ်​ဒဏ်​​ကြောင့်​​ထောင်​ထဲမှာ ဘယ်​​လောက်​ကြာကြာ​နေရမလဲမသိဘူး။အဲ့လိုနဲ့ ​ဖြေရှင်းရင်း ပြန်​ပတ်​​နေကြတဲ့ လူ့ဘဝကြီးကို တခဏ​လေး​ရောက်​လာလို့​တော်​​သေးတာ​ပေါ့ အကြာကြီးဆို မလွယ်​ဘူး။အခုလိုမြန်​မာနိုင်​ငံဆို လူဦး​ရေများ​လေ ပြသာနာကြီး​လေ ဖြစ်​လာနိုင်​တယ်​။ရှိတဲ့လူ​တောင်​ လုံ​လောက်​​အောင်​ မထားနိုင်​​သေး​တော့ ​လေ။ ဘာပဲဖြစ်​ဖြစ်​ ကိုယ်​က​တော့ မြန်​မာပြည်​ကြီး ​အေးချမ်းပါ​စေဆိုပြီး ဆု​တောင်း​ပေးရုံကလွဲလို့ မတတ်​နိုင်​ဘူး​လေ။အဲ့​တော့ ​အေးချမ်းပါ​စေ......တည်​ငြိမ်​ပါ​စေ.....ဖွင့်​ဖြိုးပါ​စေ.........

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။ကျွန်​မတစ်​​ယောက်​တည်းရဲ့ အမြင်​နဲ့​ရေးထားလို့ အယူအဆလွဲနိုင်​ပါတယ်​။လွဲရင်​လည်း ခွင့်​လွှတ်​​ပေး​စေချင်​ပါတယ်​။ထောက်​ပြ​ပြောဆိုနိုင်​ပါတယ်​။
@thithisann
Author Thi Thi San
Msc 262

H2
H3
H4
3 columns
2 columns
1 column
Join the conversation now