ဆင်ခြင်ဖွယ်ရာသင်ခန်းစာ ၂

ဒေါသကိုလည်း ထိန်းနိုင်အောင်ကြိုးစားကြရမည် ။
မိမိ၏စိတ်မှဖြစ်ပေါ်သော အလိုဆန္ဒကိုလည်း ထိန်းနိုင်ရန်
ကြိုးစားစားရမည် ။

ဒီနေ့ အလုပ်ကအပြန် စာရေးရန်အတွက် စဉ်းစားရင်း သတင်းတခုဖတ်လိုက်ရပါတယ် ။ မန်းလေးမှာ ဖြစ်သွားတဲ့ မှုခင်းသတင်းတခုပါ ။ လူသတ်မှုဖြစ်စဉ်ပေါ့ ။

808733_S.jpg

crd org source

အကြောင်းရင်းအတိုချုပ်က ကောင်မလေးကိုတွေ့တိုင်း ပြစ်မှုကျူးလွန်သူက ရီးစားစကားပြောလေ့ရှိပါတယ်တဲ့ ။ ကောင်မလေးကလည်း လက်မခံနိုင်ကြောင်း ငြင်းပယ်တယ် ။

ဒီနေ့ မှာတော့ ကောင်မလေးကို ကောင်လေးက ထုံးစံအတိုင်း တွေ့တာနဲ့ ချစ်ကြိုက်ကြောင်းပြောပြီး ကောင်မလေးကလဲ ငြင်းပယ်မြဲ ငြင်းပယ်မြဲပေါ့ ။

၇၈လမိးဲ့ မြဝတီမင်းကြီးလမ်းဒေါင့်မှာ ဖြစ်တယ်လို့ ရေးထားပါတယ် ။ ကောင်လေးက အသင့်ယူဆောင်လာတဲ့ဓားနဲ့ ကောင်မလေးကို ဓားနဲ့ ၇ချက်ထိုးသတ်ခဲ့ပါတယ် ။

သေဆုံးသူကောင်မလေးရဲ့အမက ဝင်ဆွဲလို့  အမပါ ဓားနဲ့ထိုးခဲ့တာ ၅ချက်ဖြစ်ပြီး အတွင်းလူနာအဖြစ်ကုသနေရတယ်လို့ သတင်းမှာ ရေးထားပါတယ် ။ မှုခင်းပုံကို မတင်တော့ပါဘူး ။

1019916_S.jpg

crd org source

ဒီလိုဖြစ်စဉ်ကိုဖတ်ရပြီး ဆင်ခြင်စရာအသိတရားကို ရလိုက်တာက မိမိကို မချစ်မနှစ်သက်မှန်းသိရင် ရှောင်ဖယ်နေတာဟာ အသင့်တော်ဆုံးပါ ။ မိမိကို နှစ်သက်လိုလားသူများနှင့်သာ ပေါင်းသင်းနေထိုင်သင့်ပါတယ် ။

မိမိမရနိုင်တာကို စိတ်အလိုကိုလိုက်ပြီး ရအောင်ယူသင့်တာမှ ယူပါ ။ မယူသင့်တာကို ယူချင်မိတဲ့စိတ်မှတဆင့် မရတော့ ဒေါသပွားပြီး မဖြစ်သင့် မလုပ်သင့်တာကိုပါ လုပ်မိလာမှာကြောင့် ထားသင့်တဲ့အတ္တကိုသာ ထားကြရမှာပါ ။

ဒေါသဖြစ်တုန်းအလျောက် မိမိစိတ်ကိုဦးစားပေးပြီး မစဉ်းစား မဆင်ခြင်ဘဲ လုပ်မိတော့ တဖက်သားအတွက် အသက်ဆုံးရှုံးရသလို ကိုယ့်အတွက်လည်း အကျိုးမရှိဘဲ အပြစ်ဖြစ်စေတာပါ ။ ကိုယ့်အပြစ်အတွက် နှစ်လများစွာ လက်ရှိမှာ အပြစ်ပေးခံရပြီး နောင်သံသရာအတွက်လည်း မကောင်းနိုင်ပါ ။

1015611_S.jpg

crd org source

မည်သည့်အရာမဆို မလုပ်ခင်က အကျိုးရှိမရှိစဉ်းစားလုပ်တာဟာ အသင့်တော်ဆုံးပါ ။ ကိုယ့်ကြောင့် သူတပါးများစွာနစ်နာမည့်အလုပ်ကို မလုပ်တာအကောင်းဆုံးပါ ။ အကျိုးမဲ့သော အသေးအဖွဲကိစ္စများကိုလည်း ပယ်နိုင်အောင် ဆင်ခြင်မှ ဖြစ်မယ်ဟု သင်ခန်းစာယူလိုက်မိပါတယ် ။

@thetlyar

MSC 027

H2
H3
H4
3 columns
2 columns
1 column
Join the conversation now