မယ်သက်လျာနှင့် Night out photo

မနက်ဖြန်သည် နားဒေးဖြစ်၍ မနက်အစောထရန်မလိုသည့်အတွက် မောင်မောင်လေးလည်း ကျောင်းပိတ်သောကြောင့် Night out ထွက်ခဲ့သည့် အမှတ်တရမောင်နှမနှစ်ယောက် ဓာတ်ပုံရိုက်ခဲ့ပါတယ် ။

အဲ့ဒီမှာ အခက်တွေ့တာတခုကတော့ ကျမရဲ့မောင်လေး B Pyae ရဲ့မောင်လေး ပေရှည်ရှည်ရေးရမယ်ဆိုရင်ဖြင့် ကျမတို့ ရဲ့တဦးတည်းသောမောင်လေးဟာ ဓာတ်ပုံကို သူ့ သပ်သပ်ရိုက်ပေးပါတဲ့ပြောလာတာပါဘဲ ။

ဟဲ့ ဘာလို့ လဲမေးတော့ သူ့ အတွက် မာမီရေးတင်နေတဲ့ steemit account မှာ မာမီတင်ရအောင်တဲ့ ဖြေတော့ ကျမအတော်လေးကို အံ့ဘြပြီး သဘောလဲကျမိပါတယ် ။

ကျမအပါအဝင် ကျမတို့ မိသားစုတွေကို steemit ကြီးက ဖမ်းစားထားနိုင်သွားပါပြီ ။ ဘယ်နေရာသွားသွား ဘယ်ကိုရောက်ရောက် ဘာလုပ်လုပ် ဘာစားစား ဘာချက်ချက် steemit post ဖြစ်လာဘို့  စိတ်ကူးတွေရှိနေကြတာပါ ။

B Pyae ထည့်ပေးလိုက်သော steemit virus က ကျမတို့ ငယ်ရွယ်သေးတဲ့မောင်လေးမှာ 100% ရောက်လို့ နေပါပြီ ။ ကျမတို့ ရည်မှန်းထားသော 2020 နှင့် သူဆယ်တန်းဖြေပြီးမှာနဲ့က ကွက်တိကိုကျနေတာပါ ။

အရာရာ ကျမတို့ ထက်ထူးချွန်သော မောင်မောင်လေးကို ခုထဲကတွေးမြင်မိပြီး steemit လုပ်ပြီး ပိုက်ဆံစုဘို့  သူ့ အနာဂတ်စုဘူးကြီးဟာ ဘယ်အတိုင်းအတာဖြစ်လာမလဲဆိုတာ သိချင်မိလာတယ် ။

B Pyae ရဲ့စိတ်ကူးက သူ့ မောင်ကို travelling post တွေကို steemit မှာ တင်ဘို့ အတွက် ခရီးတွေထွက်ခိုင်းမယ့်ထိကို စီစဉ်ထားတာပါ ။ ကျမကတော့ သူ့ ဝါသနာဘာဖြစ်လာမယ်ဆိုတဲ့အပေါ်မှာမူတည်ပြီး အားပေးမှာပါ ။

ဒီနေ့ night out ပုံတော့ မတင်ပါနဲ့တော့မောင်လေးရယ် မမစတီးမစ်ပိုစ့်မှာတင်ချင်လို့ ပါဆိုပြီး မနဲတားရတယ် ။ မယ်သက်လျာအဖြစ်က မနှစ်ကနဲ့မတူပါလားကွယ် ။ ရှေ့လျှောက် steemit post တင်ဘို့  ဓာတ်ပုံလုရိုက်ရမယ့်ကိန်းဆိုက်နေပါပြီရှင် ။

@thetlyar

MSC 027

received_447918869002105.jpeg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now