ကြိုးစားပြင်ဆင်ပါ

ဒုက္ခဆိုတဲ့ အရသာကို ခံစားဘူးမှ
ဘဝဆိုတဲ့ အဓိပ္ပာယ်ကို ပိုသိမှာပါ ။ မိမိခံစားနေရသောဒုက္ခသည် အဓိပ္ပါယ်မဲ့သောအကြောင်းကို အခြေခံမနေသင့်ပါ ။

အချစ်ကြောင့်ဖြစ်စေ
လူမှုရေးနှင့်စီးပွားရေးကြောင့်ဖြစ်စေ
မိသားစုနှင့်အိမ်ထောင်ရေးကြောင့်ဖြစ်စေ
စားဝတ်နေရေးစတဲ့ အကြောင်းတစုံတရာကြောင့်ဖြစ်စေ
အဆင်မပြေမှုများကတော့ ကြုံလာတတ်စမြဲပါ ။

3222081_S.jpg

crd org source

ထိုအဆင်မပြေခြင်းများကို ခံစားပါ ခနပေါ့ ။ ခနခံစားပြီးလျှင် မိမိဘာဆက်လုပ်သင့်သည်ကို တွေးတောကြံဆ၍ အဆင်မပြေမှုများကို ဖြေရှင်းရမှာပါ ။ မဖြေရှင်းဘဲ ဝမ်းနည်းစိတ်ညစ်ခံစားနေလို့  ပြန်အဆင်ပြေသွားမှာမှမဟုတ်တာ ။

မိမိစိတ်ကို ခံစားမှုရပ်တန့် သွားစေရန် စာဖတ်ခြင်း အားကစားတခုခုကိုလုပ်ခြင်းနှင့် ရယ်စရာများကို ကြည့်ပါ ဖတ်ပါ ။ ငယ်ငယ်က သင်ခဲ့ဘူးတဲ့ စာများထဲမှသင်ခန်းစာများကို ပြန်စဉ်းစားပြီး ပြုပြင်နေထိုင်ပါ ။

လူဆိုတာ အဆင်မပြေမှုတာ့ ရှိမှာပါ ။ ဒီတခါအဆင်မပြေရင် နောက်တခါအဆင်ပြေအောင် ဇွဲမလျှော့ စိတ်ဓာတ်မကျဘဲ
ကြိုးစားပြင်ဆင်ပါ ။ ငါတော့ အဆင်မပြေတော့ဘူးဆိုပြီး တုံးတိကြီးမဆုံးဖြတ်ပါနဲ့ ။

457381_S.jpg

crd org source

ဒီလိုလုပ်တာအဆင်မပြေရင် နောက်တစ်ခုကို ကျော်ပြီးစဉ်းစားလိုက်ပြီး တခြားတနည်းဖြင့် အဆင်ပြေအောင်လုပ်မယ်ဆိုသော စိတ်ထားပြီး ကြိုးစားသင့်ပါတယ် ။ ဘာမှမဖြေရှင်းဘဲနေရင် ဘာမှအဆင်ပြေစရာဖြစ်လာမှာလည်းမဟုတ်တဲ့အတွက် မိမိကြာရှည်ခံစားနေရသော အချိန်များရှည်ကြာလာလေလေ မိမိအတွက်ပိုဆိုးလာလေလေဘဲ ဖြစ်မှာပါ ။

ဒုက္ခသည် လူတိုင်းကြုံရသလို သုခကိုလည်း လူတိုင်းကြုံရမှာပါ ။ အရှုံးဆိုတာဟာလည်း လူတိုင်းကြုံဘူးသလို အနိုင်ဆိုတာကိုလည်း လူတိုင်းကြုံရမှာပါ ။

2514521_S.jpg

crd org source

ဒါကြောင့် စိတ်ကို အမြန်ပြင်နိုင်ရန်ကြိုးစား ဖြေရှင်းနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ် ။ မင်္ဂလာပါ MSC မိသားစုများရှင် ။

@thetlyar

MSC 027

H2
H3
H4
3 columns
2 columns
1 column
Join the conversation now