ပေါင်းစပ်ခြင်း

အရာဝတ္ထုနှစ်ခုကို တူညီမှ ပေါင်းစပ်ကြသလို
တချို့စမ်းသစ်တီထွင်လိုသောသူတို့ က အရာဝတ္ထုနှစ်ခုကို မတူညီဘဲပေါင်းစပ် ခဲ့ကြသည် ။ အကောင်းတွေဖြစ်လာသလို အဆိုးတွေလဲဖြစ်ကြသည် ။

အစားအစာနှစ်ခုကို ပေါင်းစပ်စားကြည့်ဘူးကြသည် ။
တချို့က အရသာကောင်းမွန်စွာ စား၍ရကြသည် ။
တချို့မှာတော့ အခန့် မသင့်ကာ အစာအဆိပ်သင့်၍ သေဆုံးတတ်၏ ။

အိမ်မှာအမြဲပြောလေ့ရှိပါတယ် ။ စနေနေ့ရောက်လို့  ဘာချက်စားကြမလဲမေးတိုင်း ကြိုက်တာချက်ပါလို့  ဖြေကြပြီး ချက်လဲချက်ရော ဒီဟင်းလား ? ဘာအသီးအရွက်မှလဲရောမချက်ဖူး အသားဟင်းချည်းစားရတာ အီတယ် ဘာညာပေါ့ ။

နောက်တခါ အဲ့လိုပြောကြလွန်းလို့  ရောနှောချက်တာပေါ့ ။ အိမ်ကလူတွေက ဘာဟင်းချက်လဲဝေ့ဆို ကြက်သားနဲ့ ဘူးသီးသပြွမ်း သရက်ချဉ်သုပ် ငရုပ်သီးထောင်းလို့  ဖြေလိုက်ပါတယ် ။ ဒါလဲ မဟုတ်ပြန်ဘူး ။

ဘူးသီးနဲ့ရောမယ့်အစား ဖရုံသီးလေးနဲ့ရောပါလားသမီးကြီးရယ် ။ ဖရုံသီးက ကျောက်ကြေတယ်တဲ့ ။ အချဉ်ကလဲ နှမ်းဖတ်ချဉ်လေးဆို ဆိမ့်နေမှာ နံနံပင်လေးထည့်သုပ်တော့ မွှေးနေမှာတဲ့ ။

သူတို့ အကြံပေးတာအားလုံးဟာ တွဲရောစားလို့ ကောင်းနေတဲ့ အစားအစာအမှန်ပါဘဲ ။ ဆိုလိုတာက အမျိုးမျိုးပြောင်းပြီး ပေါင်းစပ်ချက်ပြုပ်လည်း စားလို့ အရသာရှိတဲ့ဟင်း ဖြစ်လာတာကိုပါ ။ ဒါကတော့ ဟင်းကိုအမျိုးမတူဘဲ ပြောင်းလို့ ရောလဲ စားကောင်းနေတာပေါ့ ။

ကြက်ဟင်းခါးသီးကို အမျိုးတဲ့ဘာနဲ့ရောချက်မလဲ ?
ဘာနဲ့မှရောချက်လို့ အမျိုးမျိုးရောချက်လို့  အဆင်မပြေတော့ပါဘူး ။
ငပိ ပုဇွန်ခြောက်နဲ့ကလွဲ တခြားဟာနဲ့ရောချက်ကြည့်ပါ ။ စားလို့ မကောင်းသလို ရောတဲ့အရာတွေကိုပါ အခါးတွေကူးကုန်ပြီး စားမကောင်းဖြစ်သွားပါတယ် ။

ထိုထက်ပိုဆိုးသည်က နွားနို့ သောက်ပြီး သံပုရာသီးညှစ်ထားတဲ့အစားအစာကို စားမိတာမျိုးကျ စားမိတဲ့လူကိုပါ တခါထဲ ဆိုးရွားတဲ့ကျန်းမာရေးကိုဖြစ်စေပြီး အဆိပ်သင့်ကာ သေတတ်တာတွေရှိလာပါတယ် ။ ကြက်ဟင်းခါးကို တခြားဟာနဲ့ရောစားမိတာက ခါးရုံအရသာကိုသာပေးပြီး လူကို အဆိပ်သင့်သည်အထိ ဒုက္ခမပေးပါဘူး ။

ဒါကြောင့် အမျိုးမတူတာတွေကို ပေါင်းစပ်ကြည့်ရာမှာ အဆင်ပြေတာကနဲပြီး အဆင်မပြေတာက များတာကို တွေ့ရပါတယ် ။

လူတို့ သည်လည်း ဒီလိုပါဘဲ ။ အကျင့်စရိုက် ပတ်ဝန်းကျင်ကွာခြားလွန်းအားကြီးနေရင် ပေါင်းစပ်လက်တွဲဘို့  ခက်ခဲမှာပါ ။ အဆင်ပြေသွားကြတဲ့ပေါင်းစပ်ခြင်းမျိုးလည်းရှိမယ် ။ ခနအဆင်ပြေပြီး နောက်ကျ အဆင်မပြေတော့တာတွေလည်းရှိမယ် ။ ထို့ ထက်ပိုဆိုးသည်က လုံးဝပေါင်းစပ်လို့ မရခြင်းတွေရှိတတ်ပါတယ် ။

အစားအစားကို ပေါင်းစပ်ချက်မိလို့  စားမကောင်းတာက စွန့် ပစ်လိုက်လို့ ရပါတယ် ။ လူချင်း ပေါင်းစပ်မရတာကို ဇွတ်အတင်းပေါင်းစပ်ခဲ့ပြီး ဘယ်လိုမှမဖြစ်တာလဲသိရော ဟင်းတခွက်ချက်ပြီး လွှင့်ပစ်မရတာကြောင့် အခက်တွေ့နိုင်ပါတယ် ။

အမျိုးမတူတဲ့ ဘယ်အရာကိုဘဲပေါင်း ပေါင်း စဉ်းစားချင့်ချိန်ပေါင်းစပ်နိုင်ဘို့  အရေးကြီးပါတယ်လို့  ပြောပါရစေ ။ သီးစုံရောချက်လို့  စားလို့ ကောင်းတဲ့ သီးစုံချဉ်ဟင်းရည်လို ကောင်းတဲ့ဟာလည်း ရှိတာပေါ့နော် ။

image

photo credit # facebook

@thetlyar

MSC 027

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center