ဘမျိုးဘိုးတူ ဘယ်သန် အောင်အောင်ဦး (Original Story By @thatkozaw)

IMG_20180414_115739.jpg
ဘာလိုလိုနဲ့ ကျနော် မောင်သက်၏သား အောင်အောင်ဦးကလေးသည် 3 နှစ်နဲ့ ခြောက်လ ပြည့်ခဲ့ပြီဖြစ်သည်။ သုံးနှစ်ခွဲဆိုသော် မှုကြိုထားဖို့အချိန်လည်းရောက်လာပီဖြစ်သည်။
အများအားဖြင့် အောင်အောင်ဦးသည် ရွယ်တူသူကလေးများနှင့်မဆော့ပဲ အိမ်အနီးမှ သူ့ထက်ကြီးသော နှစ်တန်း သုံးတန်း လေးတန်းကလေးများနှင့်သာဆော့လေ့ရှိသည်။ နွေရာသီကျောင်းပိတ်ရက်တုန်းကတော့ နေ့စဉ်လာကြဆော့ကြနှင့် အောင်အောင်ဦးလေး မပျင်းရတော့လည်း ယခုအခါ ကျောင်းဖွင့်ချိန်တွင် အောင်အောင်ဦး အဖော်ပျောက်နေလေသည်။ အိမ်ရှိအလုပ်သမားများမှာလည်း ခဏသာဆော့ပေးကြသဖြင့် အချိန်တော်တော်များများမှာအောင်အောင်ဦးလေး ပျင်နေရှာလေသည်။
မောင်သက်အားတဲ့အချိန်တိုင်း အတူဆော့ပေးသော်လည်း အလုပ်က မအားသည်ကများနေလေသည်။

ထို့ကြောင်မောင်သက် စဉ်းစားပီး အောင်အောင်ဦးကို မှုကြိုပို့မည်။ စာလည်းတတ်အောင် ကစားဖော်သူငယ်ချင်းများနှင့်လည်း ခင်မင်စွာ ကစားတတ်စေမည်။ social skill လည်း ပိုမိုတိုးတတ်လာစေမည်။ ထို့ကြောင့် မှုကြို ပို့ဖို့ပြင်ဆင်တော့လေသည်။ မပို့ခင်ကစ အမေ အဖေခင်တွယ်လွန်းသောကြောင့် မှုကြို တတ်ချင်စိတ်ဖြစ်ပေါ်စေရန် စစ်ဆင်ရေး စရတော့သည်။ ကျောပိုးအိပ်လေး၊ ရေးဘူးလေးဝယ်၊ အရုပ်ကလေးတွေဝယ်ပေးပြီး သားသားကျောင်းမှာသောက်ဖို့၊ သားသားကျောင်းသွားရင်လွယ်ဖို့၊ သားသားကျောင်းသွားရင်ဆော့ဖို့ အစရှိသဖြင့်ပြောပီး စိတ်ထဲ မှုကြိုတတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်ရလေသည်။ ကိုယ်တော်ချောကလည်း လိုချင်တာရသဖြင့် သားသားက ကျောင်းသွားမှာ ကျောင်းသွားမှာ ဟုဆိုကာ နှုတ်ဖျားက မချ ပြောနေလေပီ။ ok လေပီ မှုကြိုပို့ရန်မှုကြို စုံစမ်းတော့မည်။
IMG_20180309_135003.jpg
မောင်သက်နှင့် မောင်သက် ငယ်သူငယ်ချင်းခြောက်ယောက် အနည်းငယ်ထူးဆန်းစွာ တိုက်ဆိုင်မှုတစ်ခုရှိခဲ့တယ်။ တနေရာစီနေကြပီး ကြိုတင်တိုင်ပင်မထားပဲ၊ ထင်မှတ်မထားသောအခြေအနေဖြင့် အိမ်ထောင်ကျကြရာတွင် ခြောက်ယောက်လုံး သုံးလအတွင်း မင်္ဂလာဆောင်ခဲ့ကြသည်။ ခြောက်ယောက်လုံး လူပျိုဘဝမှ အိမ်ထောင်သည်ဘဝသီု့ တန်းစီရောက်ခဲ့သည်။ လေးယောက်မှာတလထဲဖြစ်သည်။ ထားပါတော့ ဒါရိုးရိုးတိုက်ဆိုင်မှုပါပဲ။ နောက် မောင်သက် အိမ်ထောင်သက်သုံးနှစ်ကျော်မှ ကလေးစယူခဲ့သည်။ တခါမှ မညှိနှိုင်းရပါပဲ သူငယ်ချင်းခြောက်ယောက် ယောက်ျားလေး တွေချည်းပဲ အကြီးဆုံးနဲ့အငယ်ဆုံး ငါးလသာကွာလေသည်။ သူတို့တွေပေါင်းများပေါင်းမိကြရင် ဘယ့်နှယ်နေမယ်မသိဘူး အခုကတည်းက ဝဋ်လည်မှာကြိုကြောက်နေရလေပီလေ။
IMG_20180117_123752.jpg
ဒါနဲ့ သူငယ်ချင်းတစ်ယောက်သူ့သားထားသော မှုကြို ဟိုဘက်ရက်ကွက်မှာသွားထားလေသည်။ ကလေးချင်းလည်း အတူဆော့ဘူး နာမည်မှတ်မိနေတာနှင့် ပိုင်ပိုင်နဲ့သွားဆော့ရအောင်ကျောင်းမှာဆိုပီး မမိုးနဲ့မောင်သက် သွားပို့ကြလေသည်။ ဆရာသမား အောင်အောင်ဦးသည်ကား ကော့တော့ကော့တော့နှင့် မှုကြိုထဲ ဝင်သွားလေသည်။
IMG_20180409_095903.jpg
ခွဲခန်းထဲကထွက်လာကာစနီတာရဲလေးမှသည် ယခု မှုကြိုကျောင်းကိုစတင်ပို့ခဲ့ရလေပြီ။ စိတ်ထဲမှာ ဟာလာဟင်းလင်းနှင့် ဖုန်းကိုင်လိုက်တိုင်း ဖေဖေဘာတွေကြည့်နာလဲ ဆိုကာကပ်သောကြောင့် သူ့ရှေ့ဖုန်းမကိုင်ရဲသော မောင်အောင်အောင်ဦးလေးကို မှုကြိုမှာထားခဲ့ရလေပီ။ အကဲပိုတယ်ပဲဆိုဆို တစိမ်းတစ်ယောက်စီတွင် ပထမဦးဆုံး ထားခဲ့ရသည်ဆိုသောကြောင့် စိတ်ထဲတွင် မကောင်း။ အိမ်ပြန်ရောက်တော့ သူ့အရိပ်သူ့အသံလေးတွေ မတွေ့ရတော့ ခြောက်ကပ်ကပ်။ ဒါစတင်ခွဲခွာခြင်းအစပေါ့ ကြာလေကြာလေ သားလေးသည် အဖေအမေတို့နှင့် ပို၍ပို၍ဝေးကွာသွားတော့မည်။ မှုကြိုမှကျောင်းသို့ နောက် သူငယ်ချင်းများနှင့် နောက် နောက်အိမ်ထောင်ရပ်သားကြကာ အဖေနဲ့အမေကိုစွန့်ခွာသွားကြမည်မှာ ဓမ္မတာအစရှိသဖြင့် မောင်သက်အတွေးနယ်ချဲ့ကာ သားရယ် ထွေးပိုက်ချီးပိုးချိန် သိပ်မကျန်တော့ပါလားဟု ညည်းညူနေမိသည်။
ထို့နောက်
အိမ်ရှေ့တွင်ထိုင်မှိုင်နေသော မမိုးကိုလှမ်းကြည့်မိတော့မှ မောင်သက် တွေးမိတွေးရာတွေးနေရာမှ ထရယ်မိလေသည်။

မမိုးနှင့် သူ့အမေ ကျနော့်ယောက်ခမ သားအမိနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ သားသားကိုလွမ်းလို့ဟု၍ ငိုနေကြလေသည်။ တကယ်တော့ အောင်အောင်ဦး မှုကြိုပို့ခဲ့တာတစ်နာရီတောင်မပြည့်သေးပါဘူးဗျာ။
အကဲကို ပိုကြတယ် ဟဲဟဲ။
IMG_20180104_141212.jpg
သို့သော် သိပ်မကြာပါဘူးလေ မောင်အောင်အောင်ဦးဆရာမမှ ဖုန်းဆက်လာလေသည်။
သွားခေါ်ခဲ့ရပါတော့သည်။ ဆရာမ မှ နည်းနည်းကြီးမှလာထားပါဟုဆိုကာ ပြန်ခေါ်ခိုင်းလေသည်။
ဘာလို့ငိုတာလည်းဘာလိုချင်လို့လဲ ဆိုတော့ အဲ့ကလေးတွေက တအားဆူလို့နားငြီးလို့ပါတဲ့လေ။
ပြန်မယ်ချည်းပြောပီး တံခါးဖွင့်ခိုင်းနေတာမို့ပါတဲ့လေ။

ဒါနဲ့သွားပြန်ခေါ်တော့ ဆရာမက ပြောသည်။
ငိုနေလို့ မုန့်တောင်ဝယ်ကျွေးထားတာ ဒါလည်းမရဘူး ဟုဆိုရာ ကိုယ်တော်ချောက ဆရာမဝယ်ကျွေးတာမဟုတ်ပါဘူး ဟိုကလေးလေးနားက တောင်းပီးသားသားကိုကျွေးတာပါ ဟု ထပြောသဖြင့် ဆရာမမှာဘာပြန်ပြောရမှန်းမသိဖြစ်သွားရသည်။ မောင်သက်မှာလည်း ဆရာမအား မျက်နာပှုပှုအားနာနာဖြင့် သားသားကိုအမြန်ပြန်ခေါ်ခဲ့ရတော့သည်။ထိုသို့ဖြင့် မောင်အောင်အောင်ဦး မှုကြိုနံပါတ် 1 ပြန်လာခဲ့သည်။
IMG_20171231_101641.jpg
That Ko Zaw
MSC 005
(ယခု စာရေးနေသောအချိန်တွင် မောင်အောင်အောင်ဦး မှုကြိုနံပါတ်3 မှ ပြန်လာခဲ့ပေသည်။)
FB_IMG_1519627075798.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center