မြန်​မာလူငယ်​များ နှင့်​ မူးယစ်​​ဆေးဝါးအန္တရာယ်

FB_IMG_1522285498711.jpg

မီးသမျှပင်ပူပြင်းလှတဲ့​​နွေရာသီ​နေ့လည်​ဘက်​​နေအပူရှိန်​ရဲ့​အောက်​မှာ အိုးစည်​ဒိုးပက်​သံများစူညံပြီးရှင်​​လောင်း​လေးများကဆင်​​ပေါ်စီးတဲ့သူကစီးမြင်း​ပေါ်စီးတဲ့သူကစီးနဲ့ဆင်စီးမြင်ရံသကဲ့သို့လှည့်​လည်​​နေတဲ့ရှင်​ပြုပွဲတစ်ခုရဲ့မြင်ကွင်း​လေးကပူပြင်း​နေတဲ့​နေအပူရှိန်​​ကိုပင်သတိမထားမိ​တော့​လောက်​​​အောင်​ပင်​ကြည်​နူးရင်​သက်​ရှု​မောဖွယ်​​ကောင်း​လွန်း​နေသည်​။ကွန်း​တောင်ကိုင်ပန်း​တောင်​ကိုင်အလှပ​ဂေးမိန်းမလှ​လေးများကလည်းဆွမ်း၊ခဲဖွယ်တို့ကိုကိုင်လျက်မိမိတို့တွင်ရှိ​နေ​သောအလှအပ​တွေကိုကိုယ်စီထုတ်​​ဖော်​ပြသ​နေလျက်ရှိသည်။ဆင်ထိန်းမြင်းထိန်းများနဲ့အ​နောက်​က​နေလိုက်ပါ​နေတဲ့အိုးစည၊်ဗုံ၊မောင်း တီး၍သီဆို​နေကျ​သောလူငယ်​​ယောကျာ်ထုများကလည်းပင်ပန်းမှုတစ်စက်မျှပင်မရှိပဲ​ပျော်​​ပျော်ရွှင်ရွှင်ကခုန်​​နေကြပါသည်။လူငယ်တစ်​​ယောက်​ဖြစ်တဲ့ကျွန်​​တော်သည်လည်းဤမြင်ကွင်းကိုမြင်​ပြီးကိုယ်​တိုင်​ကိုယ်​ကျပါဝင်ပြီးတစ်ပွဲတစ်​လမ်းအကဲစမ်းလိုစိတ်များတစ်ဖွားဖွားဖြစ်​​ပေါ်လို့​နေပါသည်။ထိုသို့​တွေး​နေရင်းကမြင်ကွင်းတစ်ခုကိုမြင်၍ကျွန်​​တော်အ​တော်​​လေးရင်​​လေးသွားသည်​။ထိုမြင်​ကွင်းမှာ အိုးစည်​၊​ဗုံ​၊​မောင်း တီးခက်​​နေ​သောလူငယ်​တစ်စုမှာအရက်က​လေးသမျမျ​သောက်ပြီး​ခေတ်​​ပေါ်​ဆေးလိပ်များ​သောက်သုံးကာမြူးတူး​နေကြသည်။မကြာခင်သူတို့တ​တွေအ​ကြောင်းသတင်းတစ်ခုခုကြားရမည်လို့​တွေးမိလိုက်​သည်​။

Screen-Shot-2017-01-05-at-2.40.14-PM.png

ထိုသို့​တွေး​နေရင်းကမကြာပါဘူးထိုလူငယ်များအနားမှရုတ်တရက်တစ်အုန်းအုန်းတစ်ရုံးရုံးဖြစ်​လာသည်​။ကျွန်​​တော်​ထင်တာမလွဲ​ပေ။ရန်​ပွဲပင်​ဖြစ်​​လေသည်။ထို​ဘေးနားကလူ​တွေ​ပြောတဲ့အသံကြားပုံအရ​တော့ထိုလူငယ်​အုပ်​စုမှအမူးလွန်ပြီးသူငယ်ချင်းအချင်းချင်းပင်​မသိ​တော့ပဲထိုးကြိတ်ကြသည်ဟုကြားပါသည်​။ထိုသို့ကြားပြီး​နောက်ကျွန်​​တော်​​​ခေါင်းထဲဍ်​​မေးခွန်း​ပေါင်း​သောင်း​ခြောက်​​ထောင်အ​တွေး​ပေါင်း​သောင်း​ခြောက်​​ထောင်​စုပြုံ၍ဝင်လာ​တော့သည်။ကျွန်​​တော်​တို့လိုလူငယ်​​လေး​တွေရဲ့ဘဝထဲကိုမူးယစ်​​ဆေးဝါးဆိုတဲ့အန္တရာယ်​ကြီးဝင်​​ရောက်လာခဲ့ရင်​ဆိုတဲ့အ​တွေးနဲ​ခေါင်းကြီးသွားသည်။ကျွန်​​တော်​တို့လိုလူငယ်​​လေး​တွေဟာတစ်​ချိန်ကျတိုင်းပြည်ရဲ့အကျိုးတိုးတက်​​အောင်​မြင်​​အောင်ဦးစီးဦး​ဆောင်လုပ်ရမဲ့လူ​တွေပါ။ဤအရာကိုအားလုံးကလည်းလက်ခံထားပြီးသားပါ။တိုင်းပြည်၊နိုင်ငံတစ်ခုထိမဆိုထားနှင့်​ကျွန်​​တော်တို့လူငယ်ဆိုတာတစ်ချိန်ကျမိသားစုကိုဦးစီးဦး​ဆောင်​ပြုရမည့်​သူများသာဖြစ်​သည်​။အရင်​ဦး​ဆောင်​ခဲ့​သော တစ်​ချိန်​တစ်​ခါကလူငယ်အဖြစ်​မှာမိသားစုအတွက်ရှာ​ဖွေကြိုးစား​ပေးခဲ့​သောမိဘများအသက်ကြီးလာပြီးမိသားစုကို​ကောင်း​ကောင်းရှာမ​ကြွေးနိုင်​​တော့သည့်​အခါမိသားစုစားဝတ်​​နေ​ရေတို့ကိုသား​တွေဖြစ်​တဲ့ကျွန်​​တော်​တို့လိုသွက်​သွက်​လက်လက်လှုပ်ရှားရုန်းကန်​နိုင်​​သေးတဲ့လူငယ်​​လေး​တွေရဲ့တာဝန်​တစ်​ရပ်​ဖြစ်​လာမည်​ဖြစ်​ပါသည်​။ထိုနည်းအတူ ပြည်​​ထောင်​စု၊နိုင်​ငံ​တော်ရဲ့အဘက်ဘက်ကတိုးတက်​​ရေးဟာလည်းကျွန်​​တော်တို့လိုလူငယ်​​လေး​တွေရဲ့တာဝန်ပဲဖြစ်ပါသည်။ထိုကဲ့သို့တိုးတက်​​ရေးအတွက်​အမှန်​အကန်​ကြိုးစား​နေ​သောလူငယ်​များလည်းအမှန်​တကယ်​ရှိပါသည်​။သို့​သော်​ယခု​ခေတ်အခါတွင်ကျွန်​​တော်တို့လိုလူငယ်​​တွေကြားနည်းလမ်းမျိုးစုံနဲ့အလွယ်​တစ်​ကူဝင်​​ရောက်​​နေ​သောမူးယစ်​​ဆေးဝါးများ​ကြောင့်​လူငယ်​​တွေရဲ့ကြိုးစားလိုစိတ်​​​တွေ၊ရည်​ရွယ်​ချက်​​တွေ၊​ပျော်​ရွှင်​မူ​တွေ၊စည်​လုံးခြင်း​တွေကိုတဖြည်းဖြည်းချင်းဖျက်​စီးလို့​နေပါသည်​။

IMG_20180329_075641.jpg

ခုနကအဖြစ်အပျက်ကိုပဲကြည့်​ပါ​လေ။မူးယစ်​​ဆေးဝါး​တွေထဲမှာမှလူ​တွေကြားအလွယ်တစ်​ကူဝင်​​ရောက်​​နေတဲ့အရက်​​ကြောင့်​အတူတူ​ပျော်ပါး​နေ​သောသူငယ်ချင်းအချင်းချင်းပင်မသိ​တော့ပဲအသိစိတ်​​ပျောက်ပြီးထိုးကြိတ်​​နေသည်ကို​တွေ့ရသည်။မူးယစ်​​ဆေးဝါးအန္တရာယ်ဘယ်​​လောက်​​ကြောက်ဖို့​ကောင်းသည်​ဆိုတာကိုအတိအကျမီး​မောင်းထိုးပြ​နေတဲ့ဖြစ်ရပ်ပင်​ဖြစ်သည်။ထိုကဲ့သို့​သောအလားတူဖြစ်​ရပ်တစ်ခုကို​ပြောပြချင်ပါ​သေးသည်။ကကျွန်​​တော့်​ရဲ့ဦး​လေးအရင်း​ခေါက်​​ခေါက်​တစ်​​ယောက်အ​ကြောင်းပါ။သူဟာအရမ်းရိုးသားပြီးတည်ကြည်​​ဖြောင့်​မတ်တဲ့လူတစ်​​ယောက်လည်းဖြစ်သည်။အလုပ်ဆိုလည်းသူများတစ်​ခုလုပ်​ရင်​နှစ်​ခုလုပ်​​လေ့ရှိပါသည်​။အလွန်​အလုပ်ကြိုးစားတဲ့သူတစ်ဦးဖြစ်သည်။သို့​ပေမဲ့သူကြိုးစားသ​လောက်သူ့လုပ်ငန်း​တွေဟာမ​အောင်​မြင်​ပဲအရှုံးကြည့်​​ပေါ်ခဲ့သည်​။ထိုအခါစိတ်ဓာတ်ကျပြီးအရက်က​လေးတစ်​မြမြ​သောက်သုံးလာသည်။တစ်​ဖြည်းဖြည်းနဲ့အရက်ကို​နေ့မနားညမနားပါ​သောက်လာသည်။အရက်​​သောက်ပြီးမိသားစုကိုတစ်​ဖြည်းဖြည်းပြသနာရှာညှင်းပန်းလာ​တော့ဇနီးနှင့်​သမီးနှစ်​​ယောက်ကလည်းအတူတူမ​နေထိုင်​​တော့ပဲအိမ်ခွဲပြီး​နေ​လေသည်။ကျွန်​​တော်ဦး​လေးဟာစိတ်​​ကောင်းရှိသူတစ်​ဦးပါကျွန်​​တော်​တို့ငယ်ငယ်ကဆိုမုန့်ဖိုး​လေး​ပေးပြီးကျွန်​​တော်တို့ကိုဆိုအမြဲတမ်းကြိုးစားရိုးသားပြီးလူ​ကောင်းတစ်​​ယောက်​ဖြစ်​​အောင်အမြဲဆုံးမ​ပေးပါသည်။ထိုသို့အရမ်း​ကောင်းတဲ့လူတစ်​ဦးဟာအခုလိုအရက်​​​တွေ​သောက်​ပြီးကိုယ့်​ဘဝကိုယ်​​ရေစုန်​​မျောပြီးဖြစ်​သလို​နေပြီးအရက်ကိုထမင်းလိုဟင်းလို​သောက်သုံး​နေ​တော့မကြာပါဘူးဦး​လေးဆုံးသွားခဲ့သည်။ဒါကကျွန်​​တော်သိတဲ့မူးယစ်​​ဆေးဝါးအရက်​​ကြောင့်​ဖြစ်​ခဲ့တဲ့အဖြစ်​အပျက်​က​လေးကိုသာ​ပြောပြခြင်းဖြစ်​ပါသည်။ကျွန်​​တော်မသိ​သေး​သောမူးယစ်​​ဆေးဝါး​တွေတစ်​နည်းအားဖြင့်​ဘိန်း တို့ WY လို့​ခေါ်တဲ့​ဆေးပြားတို့ No. Four တို့တစ်​​တွေ​ကြောင့်​ပျက်​စီးသွားတဲ့တန်​ဖိုးရှိတဲ့လူငယ်​​တွေရဲ့အသက်​​တွေဘဝ​​တွေအ​တော်များများလည်းပျက်စီးဆုံးရှုံး​နေရပါသည်။ထို့​ကြောင့်​ကျွန်​​တော်တို့လူငယ်​​တွေအ​နေနဲ့မူးယစ်​​ဆေးဝါးကိုမသုံးစွဲဖို့အရမ်းကိုအ​ရေးကြီးပါသည်​။

stop-figure.jpeg

တန်​ဖိုးရှိတဲ့အသက်​​တွေဘဝ​တွေမဆုံးရှုံးရဖို့မူးယစ်​​ဆေးဝါးများကို​ရှောင်​ကျဉ်​ကျပါစို့

Photos Credit;Google And Facebook


MSC.119
@thantzinwin
Thant Zin Win

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center