"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၃)"

image

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ Steemit User ညီကို​မောင်​နှမအားလုံးမင်္ဂလာပါခင်​​ဗျာ။ကျွန်​​တော်​ရဲ့​ရောက်​တက်​ရာရာ​ပေါက်​ကရအ​တွေး​တွေနဲ့​ရေးဖွဲ့ထားတဲ့"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း"ဆိုတဲ့ပုံပြင်​တတိယအပိုင်း​(၂)​လေးဆက်​ပါရ​စေ။ပထမအပိုင်း(၁)နဲ့(၂) ကိုမဖတ်​ရ​သေးဘူး၊စိတ်​ဝင်​စားလို့ဖတ်​ချင်​ပါတယ်​ဆိုရင်​​တော့​အောက်​ကlinkက​နေသွား​ရောက်​ဖတ်​ရှု​ဝေဖန်​​ပေးနိုင်​ပါတယ်​​ဗျ။

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၁)"
https://steemit.com/myanmar/@thantzinwin/tu-ing-mete-emang-san-epang-1

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၂)"
https://steemit.com/myanmar/@thantzinwin/tu-i-ng-mete-emang-san-epang-2

ကံ​ကောင်းဘုရင်​ကြီး၏သား​တော်​​မောင်​စံ​ပေါင်း​လေးဆရာစက္ကစီမှာ၇နှစ်​နှစ်​ကြာပညာသင်​ကြားပြီး​နောက်​ဆရာကြီးကိုနှုတ်​ဆက်​ရန်​အချိန်​​ရောက်​ရှိလာခဲ့ပါပြီ။
"တပည့်​​လေး​မောင်​စံ​ပေါင်း"

"​ဟုတ်​ ပြောပါဆရာ"

"တပည့်​​လေးဆရာ့စီမှာ၇နှစ်​ကြာပညာသင်​ကြားခဲ့ချိန်​မှာဆရာမင်းကိုစာ​ပေ​ဆိုင်​ရာဘာသာရပ်​​တွေ၊စစ်​ဘက်​ဆိုင်​ရာနည်း​ဗျူဟာ​တွေ၊ကိုယ်​ခံပညာဆိုင်​ရာတုတ်​၊ဓားနဲ့လက်​နက်​​ပေါင်းစုံတစ်​ဘက်​ကမ်​ခက်​ကျွမ်းကျင်​​အောင်​သင်​ကြား​လေ့ကျင့်​​ပေးပြီးပြီ​​နော်​။ဒါတင်​မက​သေး​မြေလျိုး၊မိုးပျံကျင့်​စဉ်​ကိုလည်း​လေ့ကျင့်​​ပေးပြီးလို့တပည့်​လည်း​ကောင်း​ကောင်းတတ်​ကျွမ်း​နေ​ပြီထင်​တယ်​။ဒါ​ကြောင့်​တပည့်​မောင်​စံ​ပေါင်းလည်းဖခင်​ရှိရာနန်း​တော်​သို့ပြန်​ရန်​အချိန်​ကျ​နေ​လေပြီ။တိုင်းပြည်​နဲ့လူမျိုးအ​ပေါ်မှာသစ္စာရှိရှိနဲ့ကာကွယ်​​စောင့်​​ရှောက်​ပါတပည့်​။ဆရာမင်းမပြန်​ခင်​ဆုံးမစကား​လေးတစ်​ခွန်း​လောက်​​ပြောချင်​တယ်​။"

"ဟုတ်​ဆရာ တပည့်​ဆရာ့ဆုံးမစကားကိုနာခံဖို့အသင့်​ပါ"

"အကယ်​၍တပည့်​နန်း​တော်​ကိုပြန်​​ရောက်ပြီးပြဿနာတစ်​ခုခုဖြစ်​ရင်​စိတ်​​အေး​အေးထားပြီးမှထိုပြဿနာရဲ့အ​ဖြေကိုရှာပါ။စိတ်​လိုက်​မာန်​ပါမလုပ်​ပါနဲ့။နောက်​ပြီးဘယ်​သူ့​ပြောစကားမှမယုံပါနှင့်​။မိမိကိုယ်မိမိသာအားကိုးရာဖြစ်​လို့ကိုယ့်​ကိုယ်​ကိုယ်​ယုံကြည်​မှုအမြဲရှိပါတပည့်​။ဆရာ​ပြောချင်​တာဒီ​လောက်​ပါပဲ"

"ဆရာ​ပြောတဲ့စကား​တွေကိုတပည့်​တစ်​တ​ဝေမတိမ်းနား​ထောင်​လိုက်​နာပါ့မယ်​ဆရာ၊တပည့်​ကိုသွားခွင့်​ပြုပါအုန်းဆရာ"

ဆိုပြီး​မောင်​စံ​ပေါင်း​လေးဆရာစက္ကကိုဦးသုံးကြိမ်​ချကန်​​တော့ပြီးသူ​မွေးရာဇာတိနန်း​တော်​ကိုပြန်​လာခဲ့ပါတယ်​။နန်း​တော်​သို့ပြန်​လာရင်းခရီးကလည်းပန်​လာသည်​မို့အနီးရှိရွာက​လေးမှာညအိပ်​နားဖို့ဆုံးဖြတ်​လိုက်​ပါတယ်​။ရွာလို့သာ​ပြောတာပါ​ဆောင်​ကြာမြိုင်​​တွေ​ကော​ရေပူစမ်း​တွေ​ကောအစုံအလင်​ရှိ​နေပါပြီ။မောင်​စံ​ပေါင်းလည်းအခန်းတစ်​ခန်းငှါးပြီးပါလာတဲ့ပစ္စည်း​လေး​တွေထားပြီး​ဗိုက်​ဆာတာနဲ့အပြင်​ထွက်​​ဈေးဆိုင်​တစ်​ဆိုင်​ဆိုင်​မှာအစားဝင်​စား​လေသည်​။မောင်​စံ​ပေါင်းအစားစား​နေတုန်း"ြ​ဗုန်း"ဆိုတဲ့အသံတစ်​ခုကိုကြားလိုက်​ပါတယ်​။တံခါးကိုကန်​ဖွင့်​လိုက်​တဲ့အခါတံခါးကျိုးသံလိုမျိုးပါ။ကြည့်​လိုက်​​တော့​ကောင်​မ​လေးတစ်​​ယောက်​ကိုလူကြီးနှစ်​​ယောက်​ကနိပ်​စက်​​နေတာကို​တွေ့လိုက်​ပါတယ်​။မောင်​စံ​ပေါင်းကလည်းအမြင်​မ​တော်​တာနဲ့-

"​​မောင်​မင်းတို့အဘယ်​​ကြောင့်​မိန်း​က​လေးတစ်​​ယောက်​ကိုနှိပ်​စက်​​နေရတာလည်းအခုချက်​ချင်း​နောက်​ဆုတ်​လိုက်​ကျ"

"အသင်​နဲ့ဘာဆိုင်​လို့ကျွနိုပ်​တို့ကိုဝင်​ရှုပ်​​နေရတာလဲအသားမနာချင်​ရင်​အသင်​​နောက်​ဆုတ်​​နေလိုက်​တာ​ကောင်းမယ်​"

"​ကောင်​မ​လေးတစ်​​ယောက်​ကို​ယောကျာ်​သားနှစ်​​ယောက်​ကမညှာမသာနှိပ်​စက်​​နေတာကိုအသာတကြည့်​ကြည့်​ရ​လောက်​​အောင်ကွ​နိုပ်​​မယုတ်​ညံ့ဘူးအသင်​တို့နှစ်​​ယောက်​အခုချက်​ချင်း​နောက်​ဆုတ်​လိုက်​ပါ"

"​နောက်​မဆုတ်​နိုင်​​တော့အသင်​ကဘာဖြစ်​ချင်​လည်း"

"ဘာဖြစ်​ချင်​လည်းသိချင်​ရင်​အသင်​တို့​သူ့ကိုလက်​ဖျားက​လေးနဲ့ထက်​ထိကြည့်​လိုက်​စမ်းပါ၊အကျွနိုပ်​အ​ကြောင်း​ကောင်း​ကောင်းသိရလိမ့်​မယ်​"

"ဟား...ဟား....ဟား....ထိတယ်​ကွာအသင်​ဘာဖြစ်​ချင်​လဲ"

ထိုလူကြီးနှစ်​​ယောက်​​ကောင်​မ​လေးကိုထက်​ရိုက်​လိုက်​တဲ့အချိန်​မှာပဲရုတ်​တရက်​​ကောင်​မ​လေးကသူတို့ရဲ့အ​ရှေ့က​နေ​ပျောက်​သွားပါတယ်​။

"ဟာာ....​မိန်းက​လေးဘယ်​​ရောက်​သွားတာလည်း"

"ကျွန်ုပ်​အသင်​တို့ကိုသတိ​ပေးခဲ့ပါတယ်​​မိန်းက​လေးကိုထိကြည့်​လိုက်​လို့အခုမိန်းက​လေးလဲမရှိ​တော့ဘူးအသင်​တို့နှစ်​​ယောက်​နဲ့ကျွနိုပ်​ပဲကျန်​တယ်​၊အချိန်​​တွေဆွဲမ​နေပဲရှင်းစရာရှိတာရှင်းလိုက်​ရ​အောင်​လာ​လေ​ရော့..."

လူကြီးနှစ်​​ယောက်​ဘာမှ​တောင်​လုပ်​ချိန်​မရှိပါ​မောင်​စံ​ပေါင်းရဲ့လျှပ်​စီးလိုလျှင်​မြန်​တဲ့​ရွေ့လျားမှု​တွေတိုက်​ခိုက်​မှု​တွေ​ကြောင့်​တုန့်​တုန့်​မျှမလှုပ်​နိုင်​ပဲရှိ​လေသည်​။မောင်​စံ​ပေါင်းလည်းသူတို့နှစ်​​ယောက်​နှင့်​တိုက်​ခိုက်​ပြိး​နောက်​သူအလျင်​အမြန်​​ရွေ့ထားခဲ့တဲ့​မိန်းက​လေးနားကိုသွားပြီး-

"အဘယ်​​ကြောင်​ထိုလူနှစ်​​ယောက်​ကအသင်​မိန်းက​လေးကိုရိုက်​နှက်​​နေကျပါသနည်း?"

ဟု​မေး​လေသည်​။ကောင်​မ​လေးကလည်းမရှက်​မရွံ့ပဲ​ပြောပြ​လေသည်​။

"ကျွန်​​တော်​မျိုးမကနဂိုကစည်းစိမ်​ချမ်းသာ​တွေအပြည့်​နဲ့​နေထိုင်​ခဲ့တဲ့(​ရွှေလင်​ပန်းနဲ့အချင်း​ဆေးမင်း​မွေးတဲ့သမီး)တစ်​ဦးပါ။တစ်​ရက်​မှာလူရမ်းကားတစ်​စုကကျွန်​​တော်​မျိုးမတို့ရဲ့အိမ်​ကိုဝင်​ပြီးဓားပြတိုက်​ရုံတင်​မကကျွန်​​တော်​မျိုးမ၏ဖခင်​နဲ့မိခင်​တို့ကိုပါသတ်​သွားပြီးရှိသမျှစည်းစိမ်​​တွေကိုယူသွားခဲ့ပါတယ်​၊ကျွန်​​တော်​မျိုးမလည်းအိမ်​​တော်​မျိအလျင်​အမြန်​ထွက်​​ပြေးတိမ်း​ရှောင်​ရင်းအခုကျွန်​​တော်​မျိုးမ​ဗိုက်​အရမ်းဆာ​နေလို့ထူလူနှစ်​ဦးကိုအကူအညီ​တောင်းပါတယ်​၊သို့​ပေမဲ့ကျွန်​​တော်​မျိုးမရဲ့ဆုတ်​ပျက်​နုံရှာ​နေတဲ့ပုံစံ​ကြောင့်​ထိုလူနှစ်​ဦးကကျွန်​​တော်​မျိုးမကိုဆဲဆိုရိုက်​နက်​​နေတာဖြစ်​ပါတယ်​၊အသင်​သာကျွန်​​တော်​မျိုးမကိုဝင်​မကယ်​ခဲ့ရင်​ကျွန်​​တော်​မျိုးမရဲ့ဘဝကမ​တွေးရဲစရာပါ၊အခုလိုကူညီ​ပေးလို့အသင့်​ကိုကျွန်​​တော်​မျိုးမအလွန်​အမင်​​ကျေးဇူးတင်​လှပါတယ်​၊အသင်ဟာကျွန်​​တော်​မျိုးမရဲ့အသက်​သခင်​​ကျေးဇူးရှင်​ပါ"

"ရပါတယ်​နှမငယ်​၊အကျွနိုပ်​ကလည်း​ကျေးဇူးအတင်​ခံချင်​လို့မဟုတ်​ပါ၊မတရားတာမြင်​ရင်​အငြိမ်​မခံတတ်​တဲ့အကျင့်​​ကြောင့်​နှမ​တော်​ကိုကူညီခဲ့တာပါ၊​ကျေးဇူးတင်​စရာမလိုပါဘူး၊ဒီလိုလုပ်​ပါလားနှမငယ်​ကျွနိုပ်​ကအခု​ဗာရာဏသီပြည်​ကိုသွားမှာ၊နှမငယ်​မှာလည်း​နေစရာအိမ်​မရှိဘူးဆို​တော့အကျွနိုပ်​နဲ့လိုက်​ခဲ့၊ဟို​ရောက်​ရင်​အသင့်​အတွက်​​နေစရာ၊စားစရာအကုန်​အကျွနိုပ်​စီစဉ်​​ပေးပါမယ်​"

"ကျွန်​​တော်​မျိုးမဒီက​နောင်​​တော်​ကိုဘယ်​လို​ကျေးဇူးတင်​ရမှန်းကိုမသိဖြစ်​မိပါတယ်​၊ယခုလိုကူညီ​ပေးတဲ့အတွက်​ဒီက​နောင်​​တော်​ကို​ကျေးဇူးတင်​ပါတယ်​"

"ရပါတယ်​နှမငယ်​အကူညီလိုတဲ့သူကိုကူညီတာပဲ​ကျေးဇူးမတင်​ပါနဲ့၊ဒါနဲ့နှမငယ်​ရဲ့အမည်​ကဘာပါလည်း?"

"ကျွန်​​တော်​မျိုးမရဲ့အမည်​နာမက သိင်္ဂီပါ"

ဆက်​ရန်​.....


MSC.119
@thantzinwin
Thant Zin Win

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center