"သံ​ယောဇဉ်​ကြိုး"

IMG_20180216_071639.jpg

တျောက်ထဲကိုယ့်​အခန်း​လေးထဲမှာဖုန်းထဲကnote ​လေးကိုဖွင့်​ပြီးဘာ​ရေးရမှန်းမသိတာနဲ့အိပ်ကပ်​​လေးထဲကရှုပ်​ပွ​နေတဲ့နားကြပ်​​လေး​​ဖြေ၊နားကြပ်​နှစ်​ဖက်ကိုနားနှစ်ဖက်မှာတပ်ပြီးသီချင်း​လေးနား​ထောင်လိုက်တယ်။နားကြပ်​​လေးထဲက​နေနားထဲကိုဝင်​​ရောက်​လာတဲ့သီချင်း​လေးက-

ငါ့နှလုံးသားဖျားလို့​နေပါတယ်​🎶🎶🎶
ကုစားမဲ့မင်းကဘယ်​မှာလဲ🎶🎶🎶
နင်​မရှိမှနင့်​ရဲ့အ​ကြောင်း​တွေ🎶🎶🎶
တွေးမိတိုင်းငါဝမ်းနည်းပက်​လက်​နဲ့🎶🎶🎶
နင်​မှတ်​မိအုန်းမယ်​ထင်​ပါတယ်​🎶🎶🎶
အတူသွားခဲ့ဖူးတဲ့​နေရာ​တွေလည်း🎶🎶🎶
ငါအလွမ်းများချထားခဲ့မယ်​🎶🎶🎶
အမှတ်​တမဲ့​တွေ့ရင်​နင်​သတိရ​ပေးမလားကွယ်​🎶🎶🎶
သူ​ပေးခဲ့တဲ့လက်​​ဆောင်​များငါသိမ်းထားလို့🎶🎶🎶
တစ်​​နေ့​နေ့​တော့တစ်​ချိန်​ကလိုပဲပြန်​ခဲ့ငါ့​ဘေးနားသို့🎶🎶🎶
မှားခဲ့တဲ့ငါ့အမှား​တွေနဲ့ငါပဲပြန်​ပြီးလဲပြို🎶🎶🎶
အခု​တော့သိပြီ ငါ့ရဲ့ဘဝမှာ🎶🎶🎶
မင်းမရှိပဲငါမ​နေနိုင်​ပါဘူး...ဟူး.....🎶🎶🎶

ကို Bunny Phyoe ​တီဆိုထားတဲ့"ရင်ထဲက"တဲ့။စာသား​တွေကကျွန်​​တော့အတွက်​​တော့အရမ်းကိုတိုက်​ဆိုင်​သွားခဲ့တယ်​။စာသားတစ်​​ကြောင်းချင်းစီတိုင်းကအရမ်းချစ်ခဲ့ရ​ပေမဲ့ကျွန်​​တော့်​ရဲ့အမှား​ကြောင့်​​ဝေးသွားခဲ့ရတဲ့​ကောင်မ​လေးတစ်​​ယောက်နဲ့အတူတူချစ်ခဲ့ကြည်​နူးခဲ့တဲ့အမှတ်တရ​တွေကိုကွင်းကွင်းကွက်ကွက်​ပြန်​မြင်​​ယောင်လာ​စေခဲ့တယ်။ကျွန်​​တော့ရဲ့အမှား​တွေ​ရော​ပေါ့။သီချင်း​လေးနား​ထောင်​​နေတာတစ်ဝက်​​လောက်​​ရောက်​​တော့မျက်လုံးထဲကမျက်ရည်​​တွေကသူ့အလိုလိုပါးပြင်ထက်ကိုစီိးကျလာခဲ့တယ်။သီချင်း​လေးဆုံးသွား​တော့သူနဲ့ကျွန်​​တော့ရဲ့ဖြစ်ခဲ့ပျက်ခဲ့သမျှအ​ကြောင်းအရာ​တွေ၊အမှတ်တရ​တွေအားလုံးကိုပြန်​​တွေးမိပြန်​​ရော။ယောကျာ်တန်မဲ့မျက်​ရည်ကျပြီးငိုပွဲဆင်​နွှဲရပြန်​​ရော။

"​ဩော်....သံ​ယောဇဉ်ကြိုး၊********သံ​ယောဇဉ်ကြိုး ​တော်​​တော်​လဲဖြတ်​ရခက်​တဲ့ကြိုးပါလား....."

ဘာမှမဟုတ်​ဘူးလာfeelတာ သွားလိုက်​အုန်းမယ်​😁😁


MSC.119
@thantzinwin
Thant Zin Win

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center