လူငယ်​ နှင့်​ အ​ပျော်​အပါး

image

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ညီကို​မောင်​နှမများအားလုံးမင်္ဂလာ ရှိ​သော​နေ့ရက်​​လေးဖြစ်​ပါ​စေ​ဗျ။ညီအခုတစ်​​လောစဉ်းစားမိတဲ့အ​ကြောင်းအရာ​လေးတစ်​ခုကို​ဖော်​ပြ​ပေးချင်​ပါတယ်​။အမှန်​အတိုင်းဝန်​ခံရရင်​ကျွန်​​တော်​အခုတစ်​​လော steemit နဲ့နဲနဲကင်း​ကွာ​နေခဲ့ပါတယ်​။steemit ဖက်​ကို​ခြေဦးအလှည့်​နိုင်​ဖြစ်​ခဲ့တာ​ပေါ့။ညီအစ်​ကိုတို့လည်းသတိထားမိမယ်​ထင်​ပါတယ်​။ဟုတ်​ပါတယ်​ကျွန်​​တော်​ဘဝတက်​လမ်းဆိုတာထက်​အ​ပျော်​အပါးဘက်​မှာ​ပျော်​​မွှေ့​နေခဲ့မိတာပါ။ကျွန်​​တော့်​ကိုကျွန်​​တော်​လည်းသိခဲ့ပါတယ်​။ကျွန်​​တော်​ လူငယ်​တစ်​​ယောက်​အ​နေနဲ့တိုးတက်​​အောင်​မြင်​ဖို့ရည်​မှန်းချက်​​တွေရှိ​သော်​လည်းလူငယ်​သဘာဝအတိုင်းစိတ်​ကအ​ပျော်​အပါးဘက်​ကိုပိုပြီိးအားသာ​နေမိခဲ့ပါတယ်​။ဂိမ်း​ဆော့မယ်​၊ ​လျှောက်​လည်​မယ်​ ဒါနဲ့ပဲအချိန်​ကုန်​​နေခဲ့မိပါတယ်​။ဂိမ်းဆိုရင်​အထူးသဖြင့်​အခုတစ်​ချို့လူကြီး​တွေပါကစား​နေတဲ့ Mobile Legend ဆိုတဲ့ Moba game ​ပေါ့။ဒီgame ကအခုဆိုရင်​ပြည်​သူလူ​ထု​တွေရဲ့Smart Phone ​တွေမှာအလွယ်​တစ်​ကူထည့်​သွင်းပြီးကစားလို့ရ​နေ​ပြီးgame ရဲ့ဆွဲ​ဆောင်​နိုင်​မူဟာလည်းအ​တော်​လည်းအား​ကောင်းတယ်​လို့ဆိုရမည်​။အရင်ဒိဂိမ်းမ​ပေါ်ခင်​က​တော့ Dota I(Warcraft) နဲ့ Dota II ကိုဂိမ်းဆိုင်​​တွေကိုတစ်​ကူးတစ်​ကသွားပြီး​ဆော့ကစားရပါတယ်​။အခုဒီMobile Legend ဆိုတဲ့ Mobile Game ​ပေါ်လာ​တော့ Dota သမား ​တွေအကြိုက်​ပိုဖြစ်​တာ​ပေါ့​။သူက Dota Games ​တွေရဲ့ပုံစံတူထုတ်​ထား​တော့ဂိမ်းဆိုင်​ကိုမသွားအားတဲ့အခါ​တွေကျဒီ​ကောင်​​လေးကိုပဲ​ဆော့ဖြစ်​ကျပါတယ်​။ကျွန်​​တော်​ဆိုလည်းဒီ​game ကိုအ​တော်​​လေးကြိုက်​ပါတယ်​။Dota တို့​လောက်​စိတ်​ခံစားမှုမ​ပေး​ပေမဲ့Dota နီးနီးစိတ်​ခံစားမှုကို​ပေးပါတယ်​။ကျွန်​​တော်​တို့လိုဂိမ်းရူး​တွေအတွက်​​တော့အကြိုက်​​ပေါ့။

image

နောက်​တစ်​ခုကလည်​ပတ်​တာ။လည်​ပတ်​တာဟာမ​ကောင်းဘူးလား​ဆို​တော့လည်းမဟုတ်​ပါဘူး။တစ်​ခါတစ်​​လေသူငယ်​ချင်း​တွေနဲ့ခရီးတိုတစ်​ခုထွက်​ချင်းဟာလည်းအရင်​ပင်​ပန်းခဲ့သမျှ​တွေစိတ်​ညစ်​စရာ​တွေကို​ပြေ​ဖျောက်​ပြီး​ပျော်​ရွှင်​မှုကို​ပေးစွမ်းနိုင်​ပါတယ်​။သူငယ်​ချင်းအချင်းချင်းချစ်​ခင်​ရင်းနှီးမှုကိုလည်းတိုးပွား​စေပါတယ်​။ဥဂမာတစ်​ခုအ​နေနဲ့ကျွန်​​တော့်​အဖြစ်​အပျက်​က​လေးတစ်​ခု​ပြောပြချင်​ပါတယ်​။ခရီးထွက်​လည်​ပတ်​တာမျိုး​တော့မဟုတ်​ပါဘူး။တစ်​ရက်​ကျွန်​​တော်​၊ကျွန်​​တော့်​ချစ်​သူနဲ့အ​ကြောင်းမတိုက်​ဆိုင်​လို့လမ်းခွဲခဲ့ပါတယ်​။အ​တော်​​လေးလည်းချစ်​ပါတယ်​။ဒါ​ပေမဲ့​ယောကျာ်​​လေးလည်းဖြစ်​လူငယ်​လည်းဖြစ်​​တော့ကျွန်​​တော်​လည်းသူနဲ့ပြတ်​သွားတာကိုဘားမှမဖြစ်​သလိုဟန်​​ဆောင်​ပြီးသူငယ်​ချင်း​တွေကြားပြုံပြုံးရွှင်​ရွင်​ပဲ​ရော​ကော​တော​ကော​နေတာ​ပေါ့။မကြာပါဘူးကျွန်​​တော့်​ရင်​ထဲကမခံစားနိုင်​​တော့ဘူး။မွန်းကြပ်​လာတယ်​။ကျွန်​​တော့စိတ်​ခံစားချက်​​တွေကိုဖွင့်​ထုတ်​ချင်​လာတယ်​။အဲ့ဒါ​နဲ့ကျွန်​​တော့်​သူငယ်​ချင်း​တွေကို​ခေါ် တစ်​​နေရာရာသွား​လည်​ရင်းတစ်​ခုခု​သောက်​ရ​အောင်​ဆိုပြီး​ခေါ်။သူတို့ကလည်းအဲ့လိုဆိုအမြဲအသင့်​။အဲ့ဒါနဲ့ဘီယာတို့rcတို့အာလူး​ကြော်​တို့ဝယ်​ပြီး​အေးသာယာဆည်​ဘက်​မှာသွားစု​သောက်​ကျတာ​ပေါ့။ညပါ​နော်​နေ့​တော့ဟုတ်​ဘူး😁။အဲ့ဒါနဲ့ကျွန်​​တော်​လည်းအချိန်​ရလာ​တော့ကျွန်​​တော့်​ခံစားချက်​​တွေရင်​ဖွင့်​တာ​ပေါ့။သူတို့ကလည်းကျွန်​​တော့ကိုနှစ်​သိမ့်​​ပေးကျတာ​ပေါ့။ပြီး​တော့အမူး​ပြေမှအိမ်​ကိုပြန်​ကျတယ်​။မူး​နေတုန်းပြန်​ရင်​လည်းပါပါးရဲ့​ရွှေလက်​သီးကိုမြည်း​နေရမှာ​ပေါ့😁။ကျွန်​​တော်​အဲ့လိုရင်​ဖွင့်​လိုက်​​တော့စိတ်​ထဲမွန်းကြပ်​​နေတဲ့အခုံးကြီးပွင့်​ပြီးစိတ်​​ပေါ့ပါးသွားတယ်​​ဗျ။ဒါကကျွန်​​တော့်​အဖြစ်​အပျက်​​လေးပါ။

image

တစ်​ချို့မြင်​​နေရတာ​တွေရှိပါတယ်​။အ​ပျော်​အပါးကိုလိုအပ်​တာထက်​ပိုပြီးလွန်​လွန်​ကြူးကြူးလည်​ပတ်​စား​သောက်​​နေကျတာ​တွေပါ။မိဘကအဆင်​​ပြေလားမသိမ​ပြေလားမသိ၊မိဘဆီကပိုက်​ဆံလက်​ဖြန့်​​တောင်း၊သုံးလို့ဖြုံးလို့ကုန်​မှအိမ်​ပြန်​အလုပ်​လည်းမလုပ်​သူ​ဠေးလိုလို​ခွေးလိုလို​နေပြီးဟိုသူ​ဠေးသားနဲ့​ပေါင်းလိုက်​ဒီသူ​ဠေးသားနဲ့​ပေါင်းလိုက်​နဲ့ကိုယ့်​ဘဝကိုယ်​​မေ့​နေသူများလည်းရှိပါတယ်။အ​ကောင်းဆုံးက​တော့ပုံမှန်​အလုပ်​လုပ်​အိမ်​ကိုလည်း​ထောက်​ပံ့ကိုယ်​လည်းပိုက်​ဆံနည်းနည်းချင်းစုပြီး2လ3လ​လောက်​​နေမှတစ်​ခါသူငယ်​ချင်း​တွေနဲ့လူစုပြီးခရီးထွက်​တာတို့ဘုရားဖူးတာတို့လုပ်​ရင်​အ​ကောင်းဆုံးပါပဲ။ဒီ​နေ့ပဲလည်​ ​နောက်​ရက်​အိမ်​မကပ်​အလုပ်​မလုပ်​ဆိုတာ​တော့မဟုတ်​​သေးဘူး။ကိုယ်​က​​အောင်​မြင်​တဲ့လူတစ်​ဦးဖြစ်​ချင်​တယ်​ဆိုအ​ပျော်​အပါး​တွေ​လျော့ပြီးကိုယ်​ဖြစ်​ချင်​တာကိုကြိုးကြိုးစားစားလုပ်​ရမှာ​ပေါ့။ဒါကို​တော့ကျွန်​​တော်​ကိုယ်​တိုင်​လိုက်​လုပ်​ရအုန်းမည်​ဖြစ်​သည်​။ကျွန်​​တော်​တို့လူငယ်​​တွေကပို၍အားစိုက်​ရမည်​ထင်​ပါသည်​။ကျွန်​​တော်​အဓိက​ပြောချင်​တာက​တော့အ​ပျော်​အပါးကိုဘဝမှတ်​ပြီးကိုယ့်​ဘဝကိုမနစ်​မွန်းသွား​အောင်​ချင့်​ချိန်​ပြီး ​နေထိုင်​တတ်​ဖို့​ပြောချင်​တာပါ။စဆရကလုပ်​တာ​တော့ဟုတ်​ဘူးကိုယ့်​ဘာကိုယ်​တရားချချင်​လို့​ရေးပြီးအားလုံးကိုလည်းကျွန်​​တော့လိုမဖြစ်​​စေဖို့ရည်​ရွယ်​ပြီး​ရေးသားထားချင်းဖြစ်​ပါသည်​။အားလြု့းကို​ကျေးဇူးအများကြီဒတင်​ပါသည်​။

ရွှင်​လန်းချမ်း​မြေ့ပါ​စေ​ဗျာ.....


MSC.119
@thantzinwin
Thant Zin Win

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center