လိမ်​ညာ​မှု​တွေရဲ့​နောက်​ကွယ်

image

အပြုံးအတု​တွေရဲ့​အောက်​က
လိမ်​ညာခြင်း၊​ကောက်​ကျစ်​ယုတ်​မာခြင်း၊
တွေကိုဖုံးကွယ်
အ​ပေါင်းအသင်းမိတ်​​ဆွေ​တွေကြား
ရယ်​ရယ်​​မော​မောနဲ့​ရော​ထွေး​နေထိုင်​ပြီး
တစ်​ပါးသူ၏အားနည်းချက်​​တွေကို
အပုတ်​ချ၊လူ​ရှေ့သူ​ရှေ့​ရောက်​​တော့
သူမဟုတ်​သလိုလိုနဲ့
မိမိကိုယ်​ကိုယ်​ဖြူစင်​သ​ယောင်​​ယောင်
ဩော်​...လူ့​လောကကြီး
ဟန်​​ဆောင်​မှု​တွေကိုဘာလို့များ
မွေးထားနိုင်​ရတာလည်းကွာ
တစ်​ဦးနဲ့တစ်​ဦး
သူကဘာဖြစ်​တယ်​၊ငါကဘာဖြစ်​တယ်​နဲ့
သူများမ​ကောင်း​ကြောင်းကိုယ့်​​ကောင်း​ကြောင်းကို
သိက္ခာ​တွေအကျခံ​ပြော​နေမယ့်​အစား
စာ​လေးဘာ​လေးဖတ်​၊တရား​​လေးဘာ​လေးနာကြပါလား​ဗျာ
ဒါမှမဟုတ်​ဝါသနာပါတာ​လေးလုပ်​ပြီး
ငြိမ်းချမ်းမှုကိုယူယူကျပါလား​ဗျာ
အကုသိုလ်​​တွေ​မွေးပြီးဟိုလူ့ဖြီးပြ
ဒီလူ့ဖြီးပြနဲ့​ပြီး​နောက်​​ကျောကိုဓားနဲ့ထိုး
ရင်​ဝကိုစုံကန်​ပြီးဒုက္ခ​တွေတစ်​​လှေကြီး​ပေးမဲ့
အပြုံးတု​တွေကို​တော်​​တော်​​လေး​ကြောက်​​နေပြီ
လူ​လောက​တွေဟန်​​ဆောင်​​ကောက်​ကျစ်​ခြင်းကင်း​ဝေးပါ​စေ....။


MSC.119
@thantzinwin
Thant Zin Win

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center