မင်္ဂဂလာပါ

အားလုံး မင်္ဂပါဗျ။ကျွန်တော့ အကောင့်လေး မသုံးတာကြာပြီဆိုတော့ အခူပြန်သုံးမလို့ပါ။အားပေးကြပါအုံး။

အားလုံး မင်္ဂလာပါ။သာယာပျော်ရွှင်သော နံနက်ခင်းလေးဖြစ်ပါစေ။

အရှေ့ရပ်မှ သူရိယနေမင်းသည် ရောင်ခြည်တစ်ထောင်အလင်းဆောင်၍ ထွက်ပေါ်လာပေပြီ။သံဃာတော် အရှင်သူမြတ်များ၏ ဟောကြားပို့ချသော ပရိတ် တရားတော်များသည်လည်း လောကကြီး သာယာအေးချမ်းရန် အစီအရီ ပေါ်ထွက်လာပေပြီး။

လူတို့သည်လည်း မိမိတို့၏ တစ်နေ့ ကိစ္စအဝဝပြု စရားပြုလုပ်ရန် အိပ်ယာထက်မှ ထကြရပေသည်။တရားတော်တွင် ကောင်းစွာနိုးထခြင်းဆိုသည်မှာ ပါဝင်ပေသည်
အဘယ်ကို ကောင်းစွာနိုးထ ခြင်းခေါ်ပါသနည်း။အဘယ်ကို ကောင်းစွာနိုးထခြင်း မဟုတ်ဟုခေါ်ပါသနည်း။

လူလောကသည် ကိစ္စဝိစ္စ ပူပင်ဗျာပါရများနှင့်ပြည့်နက်နေသည်။အချို့လူတို့သည်လည်း ပူပင်သောကများကို ကျော်ဖြတ်နိုင်ရန် အိပ်ယာထက်တွင် လူးလွန့်ပြီးမှ အိပ်မပျော်ခဲ့ရပေသည်။သောက၏အပူကြောင့် အအိပ်နောက်ကျရသည်။အအိပ်နောက်ကျသောကြောင့် အိပ်ရေးကမဝပေ။ထို့ကြောင့် မျက်စိနှစ်လုံး ပွင့်ပြီး ဆိုတာနှင့် စိတ်ကြည်ကြည်လင်လင် နိုးထခွင့်မရတော့ပေ။ဦးနှောက်တွင်လည်း ပူပင်သောက ဗျာပါရတို့ ဝင်လာသောကြောင့် လန်းဆန်းသော နိုးထခြင်းလိုမရတော့ပေ။
ဤသို့သော နိုးထခြင်းကို ကောင်းစွာနိုးထခြင်းဟု ခေါ်ဆို၍မရနိုင်တော့ပါ။

ကောင်းစွာနိုးထရန်အတွက် အိပ်ရေးဝအောင်ဦးစွာ အိပ်သင့်ပါသည်။အိပ်ရေးဝရန်အတွက် တနေ့တာ၏ပူပင်သောကများကို အိပ်ယာထက်သို့ ယူဆောင်မလာသင့်ပေ။အိပ်ခါနီးတွင် တရားနာခြင်း တရားရှု့မှတ်ခြင်း များပြု လုပ်ပြီး အိပ်ပျော်စေသင့်သည်။ထိုသို့အိပ်စက်ပြီး နိုးထလာသောအခါတွင်လည်း တရားနှလုံးသွင်းဖြင့် နိုးထလာပေမည်။စိတ်လည်းကြည်လင်ခြင်း ခံစားရပေမည်။စိတ်ကြည်လင်စွာနိုးထခြင်းကို ကောင်းစွာနိုးထခြင်း ဟုခေါ်ပါသည်။
အားလုံး မင်္ဂလာရှိသော နံနက်ခင်းလေးကို ပိုင်ဆိုင်ကြပါစေ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now