မိန်းမလှကျွန်း တက္ကသိုလ်​မြေကသူငယ်ချင်းများသို့ ...

image

မိန်းမလှကျွန်း တက္ကသိုလ်​မြေကသူငယ်ချင်းများသို့ 💌💌

ခုချိန်မှာ ဘာကိုပြန်လိုချင် လဲလို့မေးရင်
ဘုမသိ ဘမသိနဲ့တက္ကသိုလ်ရောက်လာတဲ့ဘဝ လေးကိုပဲ😢😢
image

ပြန်မရနိုင်တော့ဘူးလေ 😣😣
အခုငါတို့တွေလုံးဝကျောင်းတွေပီးသွားကြပီ
အရင်လိုကျောင်း၂လပိတ်လို့ဆိုပီး
ကျောင်းတွေပြန်တက်ခွင့်မရှိတော့ဘူး 😢😢
ငါတို့ကfinalကျောင်းသား\သူတွေမို့ .....
ကိုယ့်နယ် ကိုယ့်ရွာ ကိုယ့်မြို့ဆီအသီးသီးပြန်ကြရတော့မယ်
ငါတို့စိတ်တွေလူကြီးဆန်ရတော့မယ်
ငါတို့အိမ်ကိုပြန်ကြည့်ဖို့အလှည့်ရောက်လာပီ
ငါတို့အလုပ်တွေလုပ်ရတော့မယ်
ငါတို့တွေအရင်လိုမျိုးတွေ့ဖို့မလွယ်တော့ဘူး
အပေါင်းသင်းစုံစုံနဲ့ဟေးလားဝါးလာလုပ်ဖို့မဆုံနိုင်တော့ဘူး
Onlineကအဆက်သွယ်တခုကလွဲပီးငါတို့မှာ
အဆက်သွယ်မရှိတော့ဘူး......
image

မှတ်မိကြသေးလား😌😌
ငါတို့ကျောင်းကိုစရောက်တော့အူလည်လည်နဲ့
တက္ကသိုလ်​ဆိုတော့တနေရာနဲ့တနေရာကအကျယ်ကြီး
မသွားတတ်မလာတတ်နဲ့
တချို့ တွေဆိုလက်မှတ်ထိုးမဲ့အချိန်ရောက်မှအခန်းမှားဝင်မှန်းသိကြတယ်
ပထမနှစ်ဆိုတော့ယောင်လည်လည်နဲ့ပေါ့ကွာ...

မင်းးးကဘယ်ကလဲ´´နင် ကဘယ်ကလဲ´´
``ငါက ဘယ်က ´´ဆိုတဲ့စကားလုံးတွေနဲ့
ငါတို့တွေ မိတ်ဖွဲ့ခဲ့ကြတယ်😪😪
image

ကျောင်းသားရေးရာအရှေ့မှာရောက်နေတာတောင်မှ
ကျောင်းသားရေးရာကဘယ်နားလေးလဲဆိုပီး
ငါတို့မေးခဲ့ဖူးတဲ့အထိကိုအူကြောင်ကြောင်နိုင်ဖူးတယ်😂😂

နေရာသစ်တခုမှာ စိတ်ခံစားမှုကိုယ်စီနဲ့ ငါတို့တွေ
တယောက်ကိုတယောက် အားပေးခဲ့ကြတယ်ဖေးမခဲ့ကြတယ်😪😪

အသစ်စက်စက်နှလုံးသားတွေ ရင် ခုန်သံအစစ်တွေနဲ့
ချစ်သူတွေ ဖြစ်သွားကြတာလည်းရှိတယ်
image

အ ဖော်မရှာဘဲ အပေါင်းအသင်းတွေနဲ့ဗရုတ်ကျပြီး
လွတ်လွတ်လပ်လပ် နေခဲ့ကြသူတွေလည်း ရှိတယ်
သူများအတွဲကြားယောင်လည်လည်နဲ့
ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ကပ်ပါခဲ့ဖူးတယ်😒😒

Tuto ဖြေချိန်တွေဟာငါတို့တွေရဲ့
အစည်းလုံးဆုံးအချိန်တွေပေါ့😂😂

အတန်းခ်ျိန်တွေနောက်ကျလို့ဒီချိန်တော့မတက်တော့ဘူးဆိုပီး
အတန်းချိန်ပျက်ဖူးတယ် 😁😁

တခါတလေအတန်းနောက်ကျချိန်တွေဆို
ကော်ရစ်တာရှေ့မှာလေတွေပေါရင်းဆရာထွက်မဲ့အချိန်ကို
စောင့်ခဲ့ဖူးတယ် 😪

ကျောင်းရဲ့ အားကစားပွဲတွေ; welcomeပွဲတွေ
စာပေ ဟောပြောပွဲတွေ..မေဂျာပေါင်းစုံပြိုင်ပွဲတွေ
အဲ့နေ့တွေဆိုအတန်းချိန်လစ်ပီး
ငါတို့သွားကဲဖူးတယ် 😒😒
image

လကုန်ခါနီးတိုင်းဘယ်သူ့ဆီသွားပီး
ကုန်းဆင်းရင်ကောင်းမလဲဆိုတဲ့အကြံ
ဝိုင်းစဉ်းစားရင်းစားသောက်ဖူးတယ် 😂😂
မရှိအတူရှိအတူလေးနဲ့ငါတို့ငတ်ခဲ့ဖူးတယ်
Birthdayနေ့တွေကိုငါတို့အမြဲမျှော်လင့်ခဲ့ဖူးတယ်😁😁

သူငယ်ချင်းအတွဲကြားဆေးထိုးလွန်လို့ပြသနာတွေတက်ခဲ့ဖူးတယ်
ဘာမဟုတ်တာလေးအတွက်နဲ့စိတ်ဆိုးစိတ်ကောက်ပီး
မခေါ်ပဲနေခဲ့ကြဖူးတယ်😒😒

လေးထပ်ဆောင်ရှေ့မှာ
အမှတ်တရဖြစ်အောင်ဆိုပီးဓာတ်ပုံတွေရိုက်ခဲ့ဖူးတယ်

တ ယောက်ဘဝအကြောင်း တယောက်ဖွင့်ဟပြီး
ငါတို့တွေ အချစ်ဆုံးတွေ ဖြစ်ခဲ့တယ်
အဲ့လိုနဲ့ တယောက်ကိုတယောက်တွယ်တာခဲ့ကြတယ်
သံယောဇဉ်တွေ ပိုခဲ့ကြတယ် 😕😕😕

အချိန်တန်တော့လည်းတယောက်နဲ့တယောက်နှုတ်ဆက်လို့
ငါတို့ခွဲရတော့မယ်
ကျောင်းကို စရောက်လာတုန်းကပေါ့ပါးသလောက်
အခုလိုအဆုံးသတ်ချိန်ရောက်တော့....
သံ​ယောဇဉ်​ ကြိုးစတွေက ငါတို့ရင်မှာ
အတော့်ကိုရစ်နှောင်နေခဲ့မှန်းငါအခုမှပိုသိလာတယ်
သူငယ်ချင်းတို့ရယ်...............

တနေ့နေ့တချိန်ချိန်မှာ
ငါတို့ပြန်လည်ဆုံစည်းကြဖို့မျှော်လင့်ပါတယ်
Thank you.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now