ကိုဗစ်နှင့် ယှဉ်တွဲနေထိုင်ခြင်း

မြန်မာနိုင်ငံသည် ကိုဗစ် ပထမလှိုင်း ဒုတိယလှိုင်းနှင့် တတိယဟူ ၍ဖြတ်သန်းရာ ယခု တတိယလှိုင်း၏ ဒဏ်ကို ပို ၍ ခံရသည်ဟု မြင်မိပါသည်။ ပထမလှိုင်းလည်းကောင်း ဒုတိယလှိုင်းတွင်လည်းကောင်း ထူးခြားသည့် ဖြစ်စဥ် တိုးတက်မှုမရှိဘဲ အလိုက်သင့် ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် ယခု တတိယလှိုင်းတွင်မူ နို၀င်ဘာကုန်ပိုင်းမှစ ၍ ဒီဇင်ဘာလဆန်းအထိ ကိုဗစ်အတည်ပြုလူနာဦးရေမှာ မြင့်မားလျှက်ရှိပေသည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၀၅၈၆၃ရှိ၍ သေဆုံးသူပေါင်း ၂၂၂၀ရှိပါသည်။

ကိုဗစ် အတည်ပြုလူနာများလာလေ လူအသိုင်းအ၀န်းနေရာ ကျဉ်းမြောင်းလာလေဖြစ်သည်။ လူတိုင်းနီးပါးသည် သံဒယစိတ်များဖြင့် နေထိုင်ကျရသည်။ ဘယ်အချိန် မိမိတွင် ကိုဗစ် ရောဂါ စွဲကပ်မလည်းဟူသည့် စိတ်ဖိစီးမှုများနှင့် အတူယှဥ်တွဲနေထိုင်နေကျရသည်။ သည်အချိန်တွင် စိတ်ဖိစီးမှုများသည် မည်ငည့်နည်းဖြင့်မှ မသက်သာနိုင်သော်လည်း အထိုက်အလျောက် သက်သာစေသောနည်းဖြင့် နေထိုင်တက်ဖို့ လိုပေသည်။ တရားထိုင်ခြင်း တရားနာခြင်း စာဖတ်ခြင်း ဇာတ်လမ်းများကြည့်ရှု့ခြင်းနှင့် အားကစားပြုလုပ်ခြင်းနည်းလမ်းများသည် စိတ်ဖိစီးမှုကို သက်သာစေသော နည်းလမ်းများပင် ဖြစ်ပါသည်။

ကိုဗစ်ကာလသည် သက်တန်းရှည်လာသည်နှင့်အမျှ လူသားတို့အတွက် စိတ်ပင်ပန်းမှုများ ပို ၍ ခံစားလာရလေဖြစ်သည်။ ယခု ဒီဇင်ဘာလဖြစ်သည့်အတွက် ကိုဗစ်နှင့်အတူ နေထိုင်လာကျသည်မှာ တစ်နှစ်ပြည့်ခ့ဲပြီ ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင်မူ ၂၀၂၀ မတ်လခန့်မှ စတင်တွေ့ရှိသည် ဖြစ်ရာ တစ်နှစ်ပြည့်ရန် လပိုင်းမျှ လိုပေလိမ့်မည်။ ကိုဗစ်ကာလတွင် စီးပွားရေးဆိုင်ရာ စ်တ်ဖိစီးမှုများ ရောဂါပိုင်းဆိုင်ရာ စိတ်မချမ်းသာမှုများနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများစွာကို ရင်ဆိုင်ခ့ဲကျရသည်။ကိုဗစ်နှင့် ယှဥ်တွဲနေထိုင်သည့် ကာလသည် အချိန်မည်မျှ ထပ်ကြာအုံးမည်ကိုလည်း မည်သူမျှ တိတိပပ ပြောကြားနိုင်ခြင်းမရှိသလို ကာကွယ်ဆေးများသည်လည်း လူထုအတွင်း ရောက်ရှိလာရန် အချိန်ကြာမြင့်အုံးမည် ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ အနေဖြင့် နိုင်ငံတော် ၏ လမ်းညွှန်မှုကို ခံယူကာ ကိုဗစ် စည်းကမ်းအတိုင်း ကိုဗစ်နှင့်အတူ ယှဥ်တွဲနေထိုင်ရန်မှ တစ်ပါး အခြားမရှိသဖြင့် မိမိကိုယ်ကိုယ်စောင့်ရှောက်ရင်း ကိုဗစ်လွန်ကာလအထိ ရှင်သန်ဖြတ်​ကျော်နိုင်ပါစေကြောင်း ရေးသားအပ်ပါသည်။
@suhlaing

FB_IMG_1607762852199.jpg
image source

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center