အော်... ဝန်ထမ်းလောက

လုပ်ဖော်ကိုင်ဖက်ဆိုတာ မိသားစုထက်ပိုပြီး တွေ့ဆုံချိန်များသူတွေပါ။

လုပ်ဖော်ကိုင်ဖက်ဆိုတာ တစ်လှေတည်းစီး တစ်ခရီးထဲ သွားနေသူတွေပါ။

လုပ်ဖော်ကိုင်ဖက်ဆိုတာ ပြဿနာတိုင်းကို အတူဖြေရှင်းခွင့်ရတဲ့ ကံတူ အကျိုးပေးတွေပါ။

လုပ်ဖော်ကိုင်ဖက်ဆိုတာ လူမှုရေး စီးပွားရေး ကျန်းမာရေးကိစ္စတွေကို တိုးတိုးဖော်အဖြစ် တိုင်ပင်လို့ ရသူတွေပါ။

လုပ်ဖော်ကိုင်ဖက်ဆိုတာ တစ်ဦးအားနည်းချက် တစ်ဦးဖြည့်စည်းရင်း အားပေးဖော်တွေပါ။

ဒါနဲ့များတောင်

အချိန်အတော်တော်များများတွေ့နေကျရပြီး ဘာလို့မရင်းနှီးကျတာလည်း

တစ်ခရီးတည်းသွားသူချင်း ဘာကြောင့် တွန်းချခဲ့ချင်ရတာလည်း

ပြဿ နာတက်တိုင်း ဘာကြောင့် အချင်းချင်းထိုးချပြီး ရှောင်ထွက်ချင်ရတာလည်း

အကောင်းဆုံးမိတ်ဆွေအဖြစ်တိုင်ပင်ဖော်ရနေတာတောင် ဘာကြောင့် ပိုသိ ပိုတက်သွားမှာ ကြောက်နေရတာလည်း

ဖေးမမဲ့အစား တွန်းချဖို့ချောင်းမြောင်းကျ
မိသားစုစိတ်ဓာတ်တွေ ကင်းမဲ့ကျ
မိမိနေရာရရေးအတွက်
မုသားတွေ တွင်တွင်သုံးကျ
မိတ်ဆွေစစ်ဆိုတာ ရှား
အပေါ်ယံ အပြုံးချိုချိုနဲ့ နောက်ကျောဓားထောက်တက်တဲ့
အော်...ဝန်ထမ်းလောက

IMG_20190216_003543.png
source

@suhlaing
msc 175

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center