အချစ် = ဘဝ, ဘဝ =အချစ်

အချစ်အကြောင်းလေး နည်းနည်းပြောပါရစေ။ အချစ်ဟာ လူသားတွေအတွက် အရေးကြီးလား မကြီးဘူးလားဆိုတဲ့ အချက်နဲ့ ငြင်းခုန်မှုရှိကျမယ်ထင်ပါတယ်။ လူတစ်ချို့ကတော့ အချစ်ဟာ ဘဝအတွက် အဓိကလို့ ခံယူထားကျတယ်။ လူတစ်ချို့ကတော့ အချစ်ဟာ ဘဝအတွက် လုံးလုံး အရေးမပါဘူးလို့ ပြောကျတယ်။ လူတစ်ချို့ကတော့ အချစ်ဟာ ဘဝနဲ့ တစ်ဝက်လောက်တော့သက်ဆိုင်တယ်လို့ ပြောကျတယ်။ ဆိုလိုချင်တာက ဘဝအတွက် အချစ်ကို ရွေးချယ်တော့မယ်ဆိုရင် ဦးနှောက်တစ်ဝက် အချစ်တစ်ဝက်ရွေးချယ်မယ်ဆိုတဲ့ လူစားတွေပေါ့။ ကဲ.. မိသားစုတွေကော အချစ်ကို မိမိဘဝအတွက် ဘယ်လိုပုံဖော်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်လား။

ယိုမီရိုနဲ့ ဂျူးလီးယက် ဇာတ်လမ်းလေးကို လူတိုင်းကြားဖူးကျမှာပါ။ လူတစ်ချို့ကတော့ မိုက်မဲတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို အားပေးတဲ့သူ တစ်ချို့ရှိပါတယ်။ အဲ့လူတွေကတော့ အချစ်ကို ကိုးကွယ်သူတွေပေါ့။ သူတို့ဟာအချစ်ရှိရင် အားလုံးပြည့်စုံတယ်လို့ ခံယူထားသူတွေလည်း ဖြစ်ပါတယ်။ ပညာတက်သည် မတက်သည် သူတို့ မသိဘူး။ မိဘအသိုင်းအဝိုင်း ဘယ်လိုဖြစ်သည် သူတို့ မသိပါဘူး။ ဆင်းရဲသည် ချမ်းသာသည် သူတို့ စိတ်မဝင်စားပါဘူး။ အဓိကက အချစ်စစ်စစ်နဲ့ သိပ်ချစ်ကျတဲ့ သူတို့ နှစ်ဦးပေါင်းဖတ်ဖို့ရာသာ အဓိကလို့ ခံယူထားသူတွေပါ။

IMG_20180913_051211.png
source

တစ်ချို့စုံတွဲတွေလည်း ဒီလိုဆုံးဖြတ် ပေါင်းသင်းသွားကျတဲ့အတွက် ရိုးမြေကျ ချစ်ခင်စွာ ပေါင်းသင်းကျရတာတွေလည်း မြင်ဖူးသလို စလယ်ဝင်ဖင်မမဲခင် ကွဲပြဲကျတာကိုလည်း တွေ့ဖူးပါတယ်။ အချစ်တစ်ခုတည်းကို အဓိကထားရွေးချယ်ခဲ့တဲ့ လမ်းဖြစ်ပြီး ငယ်ရွယ်သူတွေရဲ့ စိတ်ခံစားချက် ဖြစ်တာမို့ လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ ပြိုလဲရတဲ့ သဘောဖြစ်ပါလိမ့်မယ်။ လေ့လာကြည့်မိသလောက်တော့ ဒီလို ဆုံးဖြတ်ချက်မျိုး ခံယူချက်မျိုးကို ဆယ်ကျော်သက်အရွယ်တွေမှာသာ တွေ့ရတက်ပြီး အသက်အရွယ် ရင့်ကျက်လာတာနဲ့အမျှ ဒီအတွေးအခေါ်ဟာ ပြေလျော့လာတာကို တွေ့ရပါတယ်။

နောက်အမျိုးအစားတစ်ခုကတော့ အချစ်ဆိုတာ ဘဝအတွက် အသုံးမဝင်ဘူးလို့ ခံယူထားသူတွေပါ။ ဒီလိုလူမျိုးတွေရဲ့ စိတ်နေသဘောထားကို ခန့်မှန်းကြည့်ရင်တော့ များသောအားဖြင့် အတ္တများသူတွေသာ ဖြစ်တက်ပါတယ်။ ဒီလိုလူမျိုးတွေဟာ ကိုယ်တိုင်လည်း မချစ်တက်တဲ့အတွက် အချစ်စစ်နဲ့လည်း ကွေကွင်းရပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ လက်ထပ်ခြင်းအတွက် ရွေးချယ်မယ်ဆိုရင်တောင် သူတို့ဟာ ချိန်ခွင်ကို သုံးတက်ပါတယ်။ ဥစ္စာ ပညာဆိုတဲ့ အရာတွေကို ချိန်ခွင်ထဲထည့်လို့ အသာစီးရမှသာ လက်ခံတက်ကျသူတွေပါ။ ဒီလို အချစ်မျိုးတွေဟာလည်း လောကဓံနဲ့ ရင်ဆိုင်ရပြီဆိုရင် အခြေမခိုင်လှဘဲ ပျက်စီးကွဲကွာတက်တာကို တွေ့ရပါတယ်။ သူငယ်ချင်းတစ်ယောက် ပြောဘူးတာလေး အမှတ်ရမိပါတယ်။

ကိုယ်ချစ်တဲ့ သူဘဲ ယူမယ်တဲ့ ယူပြီးလို့ ကံကြမ္မာ အလှည့်အပြောင်းကြောင့် ဒုက္ခိတဖြစ်သွားရင်တောင် ကိုယ်ချစ်တဲ့သူဆိုတော့ ပြုစုချင်သေးတယ်လို့ ဆိုပါတယ်။ မချစ်မနှစ်သက်ဘဲ ငွေကြောင့် မိဘကြောင့် လက်ထပ်ခဲ့တဲ့ စုံတွဲတွေဟာ အိမ်မှာထက် အပြင်မှာ ပိုသာယာတက်ပြီး မလိုလားအပ်တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ်လာတက်ပါတယ်။ အဲ့လိုဖြစ်လာရင်လည်း ဂုဏ်သိက္ခာအရ မကွဲမကွာကျရင်တောင် နှလုံးသားသေဆုံးပြီး ဘဝတစ်လျှောက်လုံး အချစ်ရဲ့ ဒဏ်ခတ်ခြင်းကို ခံစားကျရပါတယ်။ စုံတွဲတိုင်းကို မဆိုလိုပေမဲ့ ဖြစ်လေ့ရှိတာကို သုံးသပ်ကြည့်ခြင်းဖြစ်ပါတယ်။ လေ့လာချက်အရ ဒီလို ချိန်ဆပြီး ဘဝအတွက် ဆုံးဖြတ်မှုတွေဟာ ပညာတက်တွေ ဥစ္စာဓနပြည့်စုံသူတွေ ဆုံးဖြတ်လေ့ရှိတဲ့ အချစ်နဲ့ ပတ်သက်တဲ့ ခံယူချက်ဘဲ ဖြစ်ပါတယ်။

IMG_20180913_051518.png
source

ဆက်ရန်...

@suhlaing
msc 175

H2
H3
H4
3 columns
2 columns
1 column
Join the conversation now