About The Behaviour Of Leech ( THE END )

မျှော့တွေ၏ သက်ရှိဘ၀ နှင့် နေထိုင်မှု့ အကြောင်းများ ( ဇာတ်သိမ်းပိုင်း )

l2.jpg

မျှော့များဖြင့် ရောဂါကုသခြင်းများ

မျှော့များဖြင့် ရောဂါကုသခြင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက ပေါ်ပေါက်နေသော ရှေးဟောင်း ဆေးကုထုံးနည်း တစ်မျိုးပင် ဖြစ်သည်။

မျှော့များဖြင့် ရောဂါကုသခြင်းများကို အီဂျစ် ၊ ဂရိ နှင့် အိန္ဒိယနိုင်ငံတို့တွင် ရှေးယခင်ထဲက မျှော့များကို အသုံးပြုခဲ့ကြပေသည်။

အာရုံကြောအဖွဲ့အစည်း ပုံမှန်မဟုတ်ခြင်း ၊ အရေပြားရောဂါနှင့် ကူးစက်ရောဂါများ ၊ ပါးစပ်အတွင်းဖြစ်ပွားသော ခံတွင်းရောဂါများ ကုသခြင်းတို့တွင် မျှော့များကို အသုံးပြုလေ့ရှိကြသည်။

ယနေ့မျက်မှောက်ခေတ်တွင် မျှော့များကို plastic surgery နှင့် microsurgery များပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြသည်။

migraine-headache-leeches.jpg

အဘယ်ကြောင့်ဆိုသော် မျှော့များကို အသုံးပြုခြင်းအားဖြင့် ၄င်းတို့မှ စစ်ထုတ်လိုက်သည် စစ်ထုတ်ရည်သည် သွေးခဲခြင်းကို ကာကွယ်ပေးသည့်အတွက်ကြောင့် လူနာများ သွေးမခဲစေရန် အတွက် အသုံးပြုစေပါသည်။

မျှော့ဖြင့်ရောဂါကုသခြင်းသည် အရမ်းရိုးရှင်းပြီးတော့ စရိတ်စကအားဖြင့်လည်း အလွန်ပင် အကုန်အကျ သက်သာပါတယ်။

ဆေးဘက်ဆိုင်ရာတွင် အသုံးပြုသည့် ( Medical Leech ) များတွင် အလွန်သေးငယ်သော ချွန်ထက်သည့် သွားငယ်များ စီတန်းထားသည့် မေးရိုး သုံးခုရှိသည်။

မျှော့များသည် လူတစ်ယောက်၏ အရေပြားကို ၄င်းတို့၏ သွားများဖြင့် ထိုးဖောက်လိုက်ပြီး ၄င်းတို့၏ တံတွေးတစ်မျိုးဖြစ်သည် သွေးမခဲစေသည့်အရာ ( anticogulants ) ကို ထိုးသွင်းလိုက်ပါသည်။

ထို့နောက် ရောဂါကုသနေစဉ်အတွင်း လူနာဆီမှ သွေးများကို ၂၀ မိနစ်ကနေမှ ၄၅ မိနစ်အထိ မျှော့များကို သွေးစုပ်ယူခွင့်ပြုထားစေသည်။

မျှော့တစ်ကောင်၏ သွေးစုပ်ယူသော ပမာဏသည် သွေးပမာဏ အနည်းငယ်မှစပြီး ၁၅ မီလီမီတာနှင့် အထက်ကျော်လွန်နိုင်ပါသည်။

ဆေးဘက်ဆိုင်ရာတွင် အသုံးပြုသော Medical Leech မျှော့များသည် ဟန်ဂေရီ နှင့် ဆွီဒင်နိုင်ငံမှ အများဆုံး ရောက်ရှိလာခြင်းဖြစ်သည်။

မျှော့များဖြင့် ရောဂါကုသခြင်းသည် မိမိတို့၏ အကျိုးစီးပွားတစ်ခုထဲကြည့်ပြီး ကုသခြင်းများကို မပြုလုပ်နိုင်ပေ။

မည်သည့်အရာမဆို ကောင်းကျိုးနှင့် ဆိုးကျိုးများသည် ဒွန်တွဲလျှက်ရှိပေသည်။

မျှော့များဖြင့် ဆီးချိုနှင့် သွေးရောဂါဖြစ်ပွားနေသော လူနာများကို ကုသမည်ဆိုပါက ဆိုကျိုးအနေဖြင့် ၄င်းလူနာများ၏ ခြေလက်အင်္ဂါများ ဆုံရှုံးမှု့ကိုဖြစ်ပွားစေပြီး တောက်ခံရသည့်အထိ ဖြစ်ပွားစေသည်။

maxresdefault.jpg

ခြွင်းချက်အနေဖြင့် အချို့သောနှလုံးရောဂါ ရှိသူများကိုလည်း မျှော့များဖြင့် ကုသခြင်း မပြုနိုင်ပေ။ ( မျှော့ကြောက်တက်သူများကို ဆိုလိုခြင်းဖြစ်သည်။ )

လှချင်ပချင်သောကြောင့် surgery ပြုလုပ်သော သူများကို မျှော့များဖြင့် ကုသပါက ၄င်းတို့၏ နူးညံသော တစ်ရှုး ( tissue ) အချို့ကို ဆုံးရှုံးနိုင်ပါသည်။

အသက် ၁၈နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ မျှော့ဖြင့်ကုသခြင်းနည်းလမ်းများကို အတက်နိုင်ဆုံး ရှောင်ရှားစေလိုပါသည်။

ကင်ဆာရောဂါရှိသူများကိုလည်း မျှော့များဖြင့် ရောဂါကုသနိုင်ကြောင်း စူးစမ်းရှာဖွေ လေ့လာထားပြီး ဖြစ်သည်။

မျှော့များဖြင့် ကင်ဆာရောဂါကို ကုသနိုင်ခြင်းမှာ မျှော့များသည် ၄င်းတို့ စစ်ထုတ်လိုက်သော တံတွေးထဲတွင် အထူး အင်ဇိုင်း ( enzymes ) များပါဝင်သောကြောင့် ဖြစ်သည်။

သို့သော် သွေးကင်ဆာဖြစ်နေသော လူနာများကို မျှော့များဖြင့် ရောဂါကုသခြင်းများ မပြုလုပ်နိုင်ပေ။

115026748_mice_347656c.jpg

ကင်ဆာရောဂါနှင့် ပက်သက်ပြီး တိရိစ္ဆာန်များဖြင့် စမ်းသပ်မှု့ပြုလုပ်ခဲ့ပါသည်။

မျှော့များ၏ တံတွေးကို ကြွက်များအတွင်းသို့ ထိုးသွင်းပြီးတဲ့ နောက်ပိုင်းမှာ ကင်ဆာဆဲလ်များ ၀င်ရောက်လာခြင်းကို အပြည့်အ၀ ကာကွယ်ပေးထားခြင်းရှိသည်ကို စမ်းသပ်ချက်များအရ သိရှိခဲ့ရပါသည်။

ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........

Original Writer @steemloverr
Photo Credit >>> Google Image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now