About The Behaviour Of Butterflies ( Part 1 )

လိပ်ပြာကလေးများ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်းများ

b.jpg

လိပ်ပြာများသည် အင်းဆက်များ ဖြစ်ကြပါသည်။

၎င်းတို့သည် ခန့်မှန်းခြေ မျိုးစိတ်ပေါင်း ( သို့မဟုတ် ) အမျိုးအစားပေါင်း ၁၈၀၀၀၀ ခန့်ရှိပါသည်။

Euarthropoda မျိုးပေါင်းထဲ ပါဝင်ပြီးတော မျိုးခွဲကတော့ Insecta ဖြစ်ပါတယ်။

လိပ်ပြာကလေးတွေက လိပ်ပြာအဖြစ်သို့ မရောက်သေးခင်မှာ ခူကောင် ( ခူယားကောင် ) ဘ၀ကနေ အရင်စရတာကြောင့် လိပ်ပြာအကြောင်း မရေးခင် ခူကောင်အကြောင်းကနေ စရေးပါမယ်။

1200px-Chenille_de_Grand_porte_queue_(macaon).jpg

ခူကောင်တွေ၏ သိပ္ပံအမည်ကတော့ Larva ဖြစ်ပြီးတော့ သားလောင်းဘ၀ မရောက်ခင် အချိန်ထိ ဘ၀သက်တမ်းက ၃ ပတ်ကနေမှ ၄ ပတ်တွင်းဖြစ်ပါတယ်။

၎င်းခူကောင်များသည် ၄င်းတို့၏ အရေပြား အပေါ်ယံ အလွှာကို အကြိမ်ပေါင်းများစွာ အရေခွံလဲနေသူများ ဖြစ်သည်။

နောက်ဆုံး အရေခွံကို လဲပြီးချိန်မှာတော့ သားလောင်းဘ၀ ( ပိုးရုပ်ပြောင်းဘ၀ ) သို့ရောက်ရှိပါတယ်။

ခူကောင်များသည် ၄င်းတို့၏ ပိုးချည်ဂလင်းမှ လာသော အပ်ချည်ကြိုးမျှင်နှင့် တူသော ပိုးချည်များဖြင့် ၄င်းတို့ ပိုးအိမ်ကို ထိုပိုးချည်များဖြင့် ကာကွယ်ထားကြသည်။

ထိုပိုးအိမ်ထဲတွင် ခူကောင်များသည် အသွင်ပြောင်းခြင်းကို လုပ်ဆောင်ကြပါသည်။

ခူကောင်များတွင် ရှေ့ခြေ ခြောက်ချောင်းပါရှိပါတယ်။

အရွယ်ရောက်သောအခါ တွင် အင်းဆက်၏ ခြေချောင်းလေးများ အဖြစ်ရောက်ရှိလာပြီး အတောင်ပံ များလည်း ကြီးထွားလာတဲ့အခါ နောက်ဆုံးမှာတော့ အင်းဆက်တစ်ကောင်ဖြစ်တဲ့ အရမ်းပဲလှပသော လိပ်ပြာကလေးအဖြစ်သို့ ရောက်ရှိလာပါတယ်။

maxresdefault.jpg

ခူကောင်များသည် အစုံစားသတ္တ၀ါများဖြစ်ကြပါတယ်။

ခူကောင်များသည် အစားအစာကို အဆက်မပြတ် စားသုံးနေသူများဖြစ်သည်။

ခူကောင်များသည် သစ်ရွက်များကို အများဆုံး စားသုံးကြသည်။

အချို့သော ခူကောင်များသည် မှိုပင်များ ၊ သေဆုံးပြီးသော သတ္တ၀ါ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် အပင်တစ်ပင်၏ အစိတ်အပိုင်းအားလုံးကို စားသုံးတတ်ပါသည်။

ခူကောင် အချင်းချင်းလည်း ပြန်လည် စားသုံးတက်ပါသည်။

ခူကောင်များသည် အလုပ်တစ်ခုသာလျှင် လုပ်သည်။

၎င်းတို့၏ အလုပ်မှာ အစာများများ စားရန် ဖြစ်သည်။

သားလောင်း အဆင့်တွင် ခူကောင်များ၏ ရည်ရွယ်ချက်တစ်ခုမှာ အရွယ်ရောက်သည့် အဆင့်ကို ရောက်ရှိစေရန်အတွက် ၄င်းတို့ကို အကျိုးပြုသည်မှာ အစာအစားပင်ဖြစ်သောကြောင့် ၄င်းတို့၏ ရည်ရွယ်ချက်မှာလည်း အစားစားရန်ပင်ဖြစ်သည်။

ထို့ကြောင် ခူကောင်များကို ချစ်စနိုးလေးဖြင့် " အစားစားတဲ့ စက်များ " ဟု အမည်တစ်ခုပေးထားပါသည်။

အကြောင်းမှာ ၄င်းခူကောင်များကို အစားကို စားပြီးရင်းစား ထပ်တလဲလဲ စားနေသောကြောင့် ဖြစ်သည်။
ခူကောင်များတွင် မျက်လုံး ၆စုံ ပါရှိသည်။

၎င်းတို့၏ မျက်လုံးများကို Ocelli ( သို့ ) stemmata လို့ ခေါ်ဆိုကြပါသည်။

ခူကောင်များ၏ မျက်လုံးများသည် ပုံရိပ်ကို မြင်နိုင်စွမ်းမရှိပါဘူး ။

images.jpg

သို့သော် ပုံရိပ်ကို မမြင်ရသော်လည်း နေ၏ အလင်းရောင်ဖြင့် ပုံရိပ်ကို အလွယ်တကူပင် အာရုံခံ ရှာဖွေနိုင်ပါသည်။

ခူကောင်တွေ၏ ခန္ဓာကိုယ်ပေါ်တွင် အပိုင်း ၃ပိုင်း ရှိပါသည်။

၎င်းအပိုင်းများသည် အခြားအင်းဆက်များကဲ့သို့ ဦးခေါင်းပိုင်း ၊ ရင်အုပ်ပိုင်းနှင့် ကိုယ်တွင်းခေါင်းပိုင်းတို့ ဖြစ်ပါသည်။

၎င်းအပိုင်းများသည် ပြင်ပတွင် exoskeleton ဟုခေါ်သော ပြင်ပအရိုးညမ်းဖြင့် ဖုံးအုပ်ထားသောကြောင့် မာကျောပါသည်။

ခူကောင်တွေ၏ သနားစရာဘ၀မှာ နကျယ်ကောင်များ ၊ ငှက်များ ၊ ကပ်ပါးကောင်များနှင့် နို့တိုက်သတ္တ၀ါများ၏ သတ်ဖြတ်ခြင်းများကို ကြုံတွေ့ရပါသည်။

ခူကောင်များကို ကမ္ဘာကြီး၏ နေရာအနှံပြားတွင် တွေ့ရှိရတတ်ပြီး များသောအားဖြင့် အလွန်အေးမြသော ဒေသများတွင် တွေ့ရတတ်ပါသည်။

ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........

Original Writer @steemloverr
Photo Credit >>> Google Image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now