ခေါင်းဆောင်အမျိုးမျိုး

အဖွဲ့တိုင်းမှာခေါင်းဆောင်ဆိုတာရှိတယ်ပေါ့။
(1)အပေါ်ဖားအောက်ဖိခေါင်းဆောင်
(2)အပေါ်မဖားအောက်ဖိခေါင်းဆောင်
(3)အပေါ်ဖိအောက်ဖိခေါင်းဆောင်
(4)အပေါ်မဖိအောက်မဖိခေါင်းဆောင်
(5)အပေါ်ဖားအောက်ဖားခေါင်းဆောင်

(1)အပေါ်ဖားအောက်ဖိခေါင်းဆောင်
ဒီလူကတော့ ဆိုးပါတယ်ဗျာ။အပေါ်ကိုမျက်နှာလိုမျက်နှာရနဲ့အောက်ကနည်းနည်းမှားတာကိုကြီးကြီးကျယ်ကျယ်ပြောပြီးဖားမယ်။ပြီးရင်အောက်ကမှားတဲ့သူကိုမညှာမတာနဲ့ပြောမယ်ဆိုမယ်ပေါ့ဗျာ။ဒီလူကိုခေါင်းဆောင်ခန့်မိရင်တော့ ထိုအဖွဲ့ထဲကလူများဟာ တဖြည်းဖြည်းထွက်သွားကျမှာပါပဲ။အပေါ်ကိုဖားအောက်ကိုဖိသတိထားကြလေ။
image
credit google image

(2)အပေါ်မဖားအောက်ဖိခေါင်းဆောင်
ဒီလူကတော့ ဆိုးတစ်ဝက် ကောင်းတစ်ဝက်ပဲ။သူကအပေါ်ကိုဖားဖို့မစဉ်းစားပါဘူး။သူ့အလုပ်သူတာဝန်ကျေအောင်လုပ်ပါတယ်။အပေါ်ကိုမဖားတာကဘာလို့လဲဆိုတော့ သူ့ကိုယ်သူဆရာထင်နေတာကြောင့်ပါပဲ။သူ့ကိုယ်သူဆရာထင်နေတဲ့အတွက် အောက်ကလူကိုတော့ ဆရာလုပ်ပါတယ်။အောက်ကလူကတော့မရှောင်ပါဘူး။အပေါ်ကလဲသူ့ကိုတာဝန်ပေးပြီးတော့စောင့်ကြည့်နေတာခံရတဲ့သူမျိုးပါ။အပေါ်ကိုလဲသူကမလေးစားဘူးလေ။ဆရာလုပ်လွန်းအားကြီးလို့အောက်ကလူတွေကတော့နားငြီးဖို့ပြင်ထားပါ။ဒီလူမျိုးကိုခေါင်းဆောင်ခန့်မိရင်တော့ အပေါ်ကလဲဖြုတ်ဖို့ခတ် အောက်ကလဲထွက်လိုက်ဝင်လိုက်ရန်ဖြစ်လိုက်နဲ့ဖြစ်ပြီးတော့ လူဝင်လူထွက်တွေရှုပ်ယှက်ခက်နေမှာပါ။
image
credit google image

(3)အပေါ်ဖိအောက်ဖိခေါင်းဆောင်
သူကတော့လုံးဝဆရာကြီးပါပဲ။အမြင်ကပ်စရာလဲတော်တော်ကောင်းတဲ့သူပေါ့ဗျာ။အပေါ်ကလူတွေကသူ့ထက်ငယ်တယ်။တစ်ဖွဲ့လုံးထက်သူကကြီးတယ်။လူကြီးဆိုတော့ဗဟုသုတရှိမယ်ဆိုပြီးတော့အပေါ်ကလူတွေကခန့်လိုက်မိတယ်။အောက်ကလူတွေကိုကျေနပ်ရင်ကျေနပ်သလိုမကျေနပ်ရင်လူရှေ့မရှောင်သူရှေ့မရှောင်ပြောနေပြီးတော့စကားလဲမပြီးနိုင်မစီးနိုင်နဲ့ပေါ့ဗျာ။သူ့အဖွဲ့ထဲကလူတွေကတော့မထွက်ကျပေမယ့်အောင့်သက်သက်နဲ့ဟုတ်ကဲ့လိုက်နေရမှာပါပဲ။အပေါ်ကလဲသူတို့ထက်ကြီးတော့ဖြုတ်ဖို့အားနာနဲ့လည်တည်တည်ဖြစ်နေမယ့်လူမျိုးပါ။အောက်ကလဲသူမှားရင်မပြောရဲဆိုတော့သူ့ကိုယ်သူ အဟုတ်မှတ်နေတဲ့သူပါပဲ။ဒီလိုလူမျိုးကိုခေါင်းဆောင်ထားမိရင်တော့ သူလာမှာကိုကြောက်နေကြမယ့် အောက်လက်တွေရှိမယ့်အပြင် နားအေးပြီးရော ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ လိုက်နေမယ့်သူတွေများတာကြောင့် အဖွဲ့စည်းဟာ ရှေ့ကိုမရောက်နိုင်ပဲကြာနေမှာအမှန်ပါပဲ။
image
credit google image

(4)အပေါ်မဖိအောက်မဖိခေါင်းဆောင်
ဒီလူကတော့ရှင်းပါတယ်။အပေါ်အောက်လိုက်လျောညီထွေစွာနေတတ်တဲ့ခေါင်းဆောင်ပါ။အပေါ်လဲဖိအားမပေးသလိုအောက်လဲဖိအားမပေးပါဘူး။သူနဲ့နေတဲ့သူတွေဟာရယ်မောပျော်ရွှင်နေရပြီးတော့ အောက်ကအမှားကိုလဲအပေါ်ကိုမှန်မှန်ကန်ကန်တင်ပြ ပြစ်မှုလျောအြောင်လုက်ပေးတဲ့သူမျိုးဖြစ်ပါတယ်။အပေါ်ကလူတွေကလဲချစ်ခင်ကြပြီးတော့ အောက်ကလူတွေကလဲတဖြည်းဖြည်းအမှားနည်းသထက်နည်းလာပြီးတော့ တိုးတတ်မှုမြန်တဲ့အဖွဲ့စည်းဖြစ်လာမှာပါ။ဒီလိုလူမျိုးကို ခေါင်းဆောင်ထားမိရင်တော့။အပေါ်ကလဲလှည့်ကြည့်စရာ တအားမလိုသလို အောက်ကလဲမိသားစုလိုချစ်ခင်ကြမှာအမှန်ပါပဲ။
image
credit google image

(5)အပေါ်ဖားအောက်ဖားခေါင်းဆောင်
ဒီလူကတော့ လုံးဝကိုအပြစ်ကင်းတဲ့သူဖြစ်ပါတယ်။အပေါ်ကိုလဲတာဝန်ကျေစွာ ချစ်လာအောင်ဖားတတ်သလိုပဲ။အောက်ကလူတွေကိုလဲ ရယ်ရယ်မောမောနဲ့ဖားပြီးပေါင်းသင်းတဲ့သူမျိုးပါ။သူလိုလူမျိုးကဘာလို့ဖားနေတာလဲဆိုရင်တော့ သူအနေချောင်
ဖို့နဲ့ တစ်ဖွဲ့လုံးမမုန်းအောင်နေချင်တာကြောင့်အကုန်လုံးကိုအောက်ကျခံပြီးဖားနေတာပါပဲ။လူ့အောက်ကျို့လို့မသေဘူးဆိုတဲံထုံးနှလုံးကို မူထားတဲ့သူပါ။သူလိုလူမျိုးကိုခေါင်းဆောင်နေရာထားမယ်ဆိုရင်တော့ အရမ်းတိုးတတ်မှုလျှင်မြန်တဲ့အဖွဲ့စည်းဖြစ်လာမှာအသေချာပါပဲဗျာ။
image
credit google image

စာရေးသူ- ပြည့်ဖြိုးဝေ(တောင်ငူ)
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center