steemonsters လေးနဲ့

steemmonsters ကို ဆော့ကစားလာခဲ့သည်မှာ ကြာပြီဟု မဆိုနိုင် ။ ကျွှန်တော်ဘဲ မဆော့နိုင်လို့လားမသိ ခုထိ ကောင်းမွန်သော အခြေနေ တစ်ခုကို ပိုင်ပိုင်နိုင်နိုင်တော့ မရှိသေးပါ ။ တစ်ရက်ကို တစ်ကောင် ရနိုင်သော အခွင့် အရေးရှိသည်ဆိုသော်လည်း တစ်ကယ်တမ်းကျတော့ သုံးလေးရက် တစ်ကောင်ပင် ရအောင် မဆော့နိုင် ဖြစ်ရသည် ။ ရထားသည့် အနည်းငယ်လည်း အရင်းကျေအောင် ရောင်းလိုက်သည့်ထဲ ပါဝင်သွားကြပြီ ။ အရင်းကတော့ မကျေသေးပါ ။ ဒီနေ့တော့ နှစ်ကဒ် ရသဖြင့် နည်းနည်း ပျော်သလိုရှိသည် ။ ရောင်းလိုက်သည့် အထဲတွင် summoners များ ပါဝင်သွားခြင်းက အလွန်ဆိုးပါသည် ။ တော်ပါသေးရဲ့ summoners မရှိသော်လည်း ဆော့သည့်အခါ lv1 များ အဖြစ်ရှိနေပေးလို့ ။

Screenshot_20190729_164421.png

level မတက်တော့ ဆော့ရသည်မှာ dec များ သိပ်မတက်တော့ပေ ။ dec လိုချင်သည့် အခါများ ကျပြန်တော့ ရောင်းလိုက်မိသည့်အရာများကို နှမျောမိသည် ။ ပြန်ကလဲ မဝယ်နိုင် ရောင်းကလဲ ရောင်းထားမိရက်သား ဖြစ်နေသည် ။ summoners များရဲ့ ဈေးကလဲ တစ်ဖြည်းဖြည်း မြင့်လာသည် ။ ကိုယ်လိုချင်သည့် summoners အဟောင်းများကလဲ ယခင်ကကဲ့သို့ ဆော့ရင်းလဲ မရနိုင် ။ card များပင် အဖိုးတန်များ ရဖို့ အခွင့်အရေးက နည်းပါးလွန်းသည် ။ အလွန်နောက်ကျမှ ဆော့မိခဲ့တဲ့ game လေး ဖြစ်သဖြင့် ဘယ်လိုလုပ်ရမည်တောင် စဉ်းစားရကြပ်နေသော အခြေနေ တစ်ခုတွင် ရောက်နေပါသေးသည် ။

လောဆလာဆယ်တော့ နည်းနည်းချင်းဘဲ ရှေ့ဆက်ဖို့စဉ်းစားထားပါတယ် ။ အချို့ level အမြင့်ပိုင်းမှလူအများကတော့ dec တွေနဲ့ များစွာဝင်နေသည်ကိုတွေ့ရပါသော်လည်း မိမိမှာ အနည်းငယ်ကိုပင် တွန့်ဆုတ်နေရသာအခါ ။ အားမလိုအားမရလေး တစ်ခုတော့ ဖြစ်မိတာပေါ့ ။

@smartdealear

H2
H3
H4
3 columns
2 columns
1 column
Join the conversation now