ကမ္ဘာ့ဖလား ကျင်းပလာတာ ဘယ်လောက်ကြာပြီလဲ

image

ကမ္ဘာ့ဖလား ကျင်းပလာတာ ဘယ်လောက်ကြာပြီလဲ

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်းစုံက လက်ရွေးစင်ဘောလုံး အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကမ္ဘာ့အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စီစဉ်ကျင်းပတာဖြစ်ပြီး ဖီဖာကမ္ဘာ့ဖလားလို့လည်း ခေါ်ဆိုကြပါတယ်။ ဒီပြိုင်ပွဲကို ၁၉၃ဝ ခုနှစ်က စတင်ကာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ဆိုရင် ၈၈ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးပြိုင်ပွဲကို လက်ခံကျင်းပခဲ့တဲ့ နိုင်ငံကတော့ ဥရုဂွေးဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမြို့မှာရှိတဲ့ အားကစားကွင်း ၃ ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး စတင်ခါစမှာ အသင်းပေါင်း ၁၃ သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၁၃ သင်း၊ ၁၆ သင်း၊ ၂၄ သင်းကနေ ၃၂ သင်းအထိ တဖြည်းဖြည်းအသင်းတိုးမြှင့် ကျင်းပလာခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်က စတင်ကာ ပြိုင်ပွဲဝင်အသင်း ၃၂ သင်းနဲ့ ပြောင်းလဲကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။

image

၁၉၃ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အိမ်ရှင် ဥရုဂွေးအသင်းက ဗိုလ်စွဲခဲ့ပါတယ်။ ပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိပြီး ၁၉၄၂ ခုနှစ်နဲ့ ၁၉၄၆ ခုနှစ်တို့မှာတော့ ဒုတိယကမ္ဘာစစ်ကြောင့် ပြိုင်ပွဲမကျင်းပနိုင်ပဲ ရပ်နားခဲ့ရပါတယ်။ ၈၈ နှစ်တာကာလအတွင်းမှာ ပြိုင်ပွဲကျင်းပခဲ့တာ အကြိမ် ၂ဝ ရှိပြီဖြစ်ပါတယ်။

image

ဥရောပတိုက်မှာရှိတဲ့ နိုင်ငံတွေက အိမ်ရှင်အဖြစ် အကြိမ်အများဆုံး လက်ခံကျင်းပခွင့်ရရှိထားပြီး ၂ဝ၁၈ ခုနှစ်အပါအဝင် ဥရောပတိုက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့တဲ့ အကြိမ်ရေ ၁၁ ကြိမ်ရှိခဲ့ပါတယ်။ တောင်အမေရိကတိုက်နိုင်ငံတွေက အိမ်ရှင်အဖြစ် ၅ ကြိမ်လက်ခံကျင်းပခွင့်ရခဲ့ပြီး မြောက်အမေရိကတိုက်ကတော့ ၃ ကြိမ်ရရှိခဲ့ပါတယ် အာဖရိကတိုက်နဲ့ အာရှတိုက်ကတော့ တစ်ကြိမ်စီရရှိထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲထားတဲ့ လက်ရှိချန်ပီယံကတော့ ဂျာမနီအသင်းဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် အကြိမ်ရေအများဆုံး ဖလားရရှိထားတဲ့ အသင်းကတော့ ဘရာဇီးလ်ဖြစ်ပြီး ၅ ကြိမ်ရရှိထားပါတယ်။

၈၈ နှစ်တာကာလအတွင်း ဗိုလ်စွဲခဲ့ဖူးတဲ့ အသင်းစုစုပေါင်း ၈ သင်းသာ ရှိခဲ့ပါတယ်။ အဲဒီအသင်းတွေကတော့ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ပြင်သစ်၊ အင်္ဂလန်၊ စပိန်တို့ဖြစ်ပါတယ်။ အခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၁ ကြိမ်မြောက်အဖြစ် ကျင်းပတာဖြစ်ပြီး အိမ်ရှင်ရုရှားအတွက် ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုဖြစ်ပါတယ်။ ဇွန်လ ၁၄ ရက်ကနေ ဇူလိုင်လ ၁၅ ရက်အထိ တစ်လကြာကျင်းပမယ့် ဒီပြိုင်ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကြရင်း ဘယ်အသင်းက ဗိုလ်စွဲမလဲဆိုတာကတော့ အားကစားပရိသတ်တွေအတွက် ပဟေဠိတစ်ခုအဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။ ပရိသတ်ကြီးကတော့ ဘယ်အသင်း ဗိုလ်စွဲမယ်ထင်လဲ???

H2
H3
H4
3 columns
2 columns
1 column
Join the conversation now