Flags, flags, flags... ၎င်းမည်သို့ အလုပ်လုပ်သည်ကို သင်နားလည်သည်မှာ သေချာပါသလား။

U5drEmKSN7kgcgjhLDFo916QVXjRRB9_1680x8400.jpg

MSC မိသားစုဝင်များ မင်္ဂလာပါ ခင်ဗျာ ……

ယခု post မှာ @whatsup ၏ ခွင့်ပြုချက် တောင်းခံ၍ ၎င်း ၏ post ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
အမှား အယွင်းတစ်စုံတစ်ရာပါလျှင် ကျွန်တော်၏ အား နည်းချက်သာဖြစ်ကြောင်း ကြိုတင် တောင်းပန်အပ်ပါသည်။

IMG_20180110_104313.JPG

ကျွန်တော်တို့အနေဖြင့် steem ဈေးနှုန်းများမြင့် တက် လာသော အချိန်တွင် user အသစ်များ ရရှိလာ ရန် ဂရုပြု လာခဲ့ပါသည်။

steemit community သို့ မကြာသေးမိက ဆက်သွယ် ဝင်ရောက်လာခဲ့ကြသည့် trader တစ်စုမှ စကား ထိုးစစ်ဆင် ထိုးနှက်သကဲ့သို့ ခံစားခဲ့ရပြီး system မည်ကဲ့သို့ အလုပ်လုပ်ကြောင်း လူတိုင်းနှင့် ငြင်းခုံ ဆွေးနွေးမှုပြုရန် ဆန္ဒ ရှိနေခဲ့ပါသည်။သို့ သော် ၎င်း system အလုပ်လုပ်သည်မှာ အလွန်ပဲ ရိုးစင်းမှုရှိနေပါ သည်။

Reward system မည်ကဲ့သို့ အလုပ်လုပ်သည့် အကြောင်း ရိုးရှင်းသည့် ရှင်းပြချက်

IMG_20180110_104246.JPG

• တစ်နေ့ပြီး တစ်နေ့တိုင်းတွင် Steem Blockchain သည် steem အသစ်များ ဖန်းတီးလျက် ရှိနေပါသည်။

• ၎င်း Steem များကို ကျွန်တော်တို့၏ votes များမှ တစ်ဆင့် ဖြန့်ဖြူးရောင်းချပါ၏။

• ဆိုလိုသည်မှာ သင့် အနေဖြင့် steem များများ ကိုင်ဆောင် ထား၍ power up အနေအထား ဖြင့်
မြှပ်နှံထား နိုင်သလောက် သင်၏ vote များတန်ကြေး
ရှိနေမည် ဖြစ်ပါ၏။

• သင့်အနေဖြင့် post ( သို့မဟုတ် ) comment တစ်ခု ရေးလျှင် steemit community အနေဖြင့် ရွေး ချယ် ပိုင်ခွင့် 3မျိုး ရှိနေပါသည်။၎င်းတို့မှာ

• upvote
• downvote/flag
• no action

• post တစ်ခုသည် 7 ရက် တိုင်အောင်း active ဖြစ်နေ ပါမည်။

• ၎င်းတစ်ပါတ် ပြည့်မြောက်သွားလျှင်မိမိရသင့် ရထို က် သည့် ငွေကြေးပမာဏကို ရရှိမည် ဖြစ်ပါ၏။

၎င်းမည်သို့အလုပ်လုပ်သည်ကို သင်ကြိုက်နှစ်သက်လျှင် ဖြစ်စေ ထိုသို့ မဟုတ်လျှင် ဖြစ်စေ system မှာ ၎င်း အတိုင်းပင် လည်ပတ်နေမည် ဖြစ်ပါ၏။၇ ရက်တာ အတောအတွင်း မည်သည့် အချိန်တွင်မဆို မည်သူ့ကိုမဆို မည်သည့် အကြောင်းပြချက်အတွက် မဆို မည်သူက မဆို flag ပြနိုင်ပါ၏။ ထို့နောက်တွင် တော့ ဖြစ်လာသမျှ အရာ အားလုံးသည် မိမိ၏ လုပ်ဆာင်မှု နှင့် တန်ပြန်သက်ရောက်လာမှု များသာ ဖြစ် ပါလိမ့်မည်။

ကျွန်တော်တို့အနေဖြင့် မည်သူ့ကို flag ပြသင့် ကြောင်း နှုတ်မှ ဝန်ဆောင်မှု ပေးနိုင်သော်လည်း blockchain သည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

အစုရှယ်ယာပါဝင်ထားမှု အများဆုံးသော သူများ ( steem power ) သည်သာ အကြီးမားဆုံးသော upvotes နှင့် down votes များကို ပေးနိုင်မည် ဖြစ်ပါ၏။၎င်းတို့ ပိုင်ဆိုင်သော အစုရှယ်ယာများက အဆိုပါ ရန်ပုံငွေ များကို ခွဲတမ်းချရန် အခွင့်အာဏာ ပေးအပ်ထားခြင်းဖြစ်ပါ၏။

ယခင်ကsystem ကို ပံ့ပိုးရန်အတွက် @ned ကို ဖိတ် ခေါ်ထားခဲ့သော်လည်း system သည် အခွင့်အာ ဏာ ဖြင့် ချုပ်ကိုင်ထားမှု မရှိပဲ လုပ်ပိုင်ခွင့် ခွဲဝေထား ရှိသည့် စနစ်ကိုသာ ထောက်ပံ့ပေးထားပါ၏။

ထို့အတွက် ကျွန်တော်တို့ လက်ဝယ် ရှိသော ကိရိယာ များမှာ

IMG_20180110_104222.JPG

• ကျွန်တော်တို့၏ upvotes နှင့် flags (ကျွန်တော်တို့၏ SteemPower က ထောက်ကန်ပေးထားသည်)

• ကျွန်တော်တို့၏ အသံနှင့် blog page သည် အခြား သောသူများကို ဆွဲဆောင် နိုင်ရန် ကြိုး စားနိုင်မှု

• ကျွန်တော်တို့၏ အသံကို ကိုယ်စားပြု သက်သေခံပေးနိုင် မည့် မည်သည့် witnesses ကို ထောက်ပံ့မည် လဲ ရွေးချယ်မှု

၎င်းတို့သည်သာ ကျွန်တော်တို့ လက်ဝယ် ရှိသော ကိရိယာများ ဖြစ်ပါ၏။

ကျွန်တော်၏ ရေးသားချက်သည် မူရင်းဆောင်းပါး ကဲ့ သို့ ပြည့်စုံမှု မရှိချေ။

မူရင်းဆောင်းပါး ဖတ်ရန် ဤနေရာ သို့ နှိပ်ပါ။

Own Author >> @whatsup
ဘာသာပြန်သူ >> @shweyaungmyanmar
MSC - 049

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

H2
H3
H4
3 columns
2 columns
1 column
Join the conversation now