Good or bad god

ဘုရား​လောင်းဟာမိဘစကားကိုနားမ​ထောင်​သူလား။ ဘုရား​လောင်းဟာ သားသမီးနဲ့တကွ ဇနီးအ​ပေါ် တာဝန်​မ​ကျေသူလား။

ဒါဟာတခြားဘာသာဝင်​​တွေဖြစ်​ဖြစ်​.ဗုဒ္ဓဘာသာဝင်​ထဲမှာ ယုံမှားသံသယရှိ​နေတယအများကြီးရှိတယ်​။ ဒါကိုအရင်​ကကျွန်​​တော်​​မေးခွန်းထုတ်​ခဲ့ဖူးပါတယ်​။ သာမာန်​လူပြိန်းအ​တွေးနဲ့ ဘုရား​လောင်းရဲ့မိဘ​တွေက ဘုရားမဖြစ်​ချင်​လို့တားတာဘုရား​လောင်းကနားမ​ထောင်​ဘဲ့ဘုရားဖြစ်​​အောင်​လူပ်​တယ်​၊ဒါဆိုဘုရားဖြစ်​ဖို့မိဘစကားနားမ​ထောင်​ဘဲ့​ဖောက်​ထွက်​​တွေးသင့်​တယ်​၊ဘာညာနဲ့မိဘ​တွေအ​ပေါ်မ​လေးစားကြ​တော့ဘူး။ ဒါ​ပေမယ့်​​သေချာစဉ်းစားကြည့်​ရင်​ ဘုရား​လောင်းဟာတကယ်​ဘဲ့မိဘစကားနားမ​ထောင်​တာလား။

တကယ်​​တော့ ဘုရား​လောင်းဟာမိဘစကားနား​ထောင်​ခဲ့ပါတယ်​။ ဒါ့အပြင်​ဘုရား​လောင်း​တောထွက်​တဲ့အချိန်​ဟာကို့တာဝန်​ကိုယ်​ယူနိုင်​တဲ့အ​ခြေအ​နေလည်းဖြစ်​တယ်​။

နောက်​တချက်​က ဘုရား​လောင်းကို သူ့မိဘ​တွေက ဘယ်​​တော့မှ ​တောထွက်​တယ်​ဆိုတဲ့အသံ၊ လူအို၊လူနာ၊လူ​သေအ​ကြောင်းလူံးဝမကြားရမမြင်​ရမသိ​စေရ​အောင်​စီမံထားတယ်​။ အခု​​ခေတ်​စကားနဲ့​ပြောရရင်​ သတင်းအ​မှောင်​ချထားတာ​ပေါ့။ ဒါ​ကြောင့်​ ​တောမထွက်​ဖို့ ​ပြောတဲ့​နေ​နေသာသာ သိ​တောင်​မသိ​စေတာ တားတယ်​ဆိုတာဖြစ်​နိုင်​လား။ တကယ်​လို့တားခဲ့ရင်​​ရော မရရ​အောင်​ခွင့်​ပန်​ပြီးသွားမာဘဲ့။ ဇနကဇတ်​ကိုရှူ။ ခွင့်​ပန်​ပြီးသွားတာနဲ့အတင်းအဓမ္မလုပ်​တာမတူဘူး​နော်​။

နောက်​ထင်​ရှားတဲ့အချက်​က သူ​တောထွက်​မယ့်​ကိစ္စကို မိဘ​တွေတားမှာစိုးလို့ဘယ်​သူကိုမှကြိုမ​ပြောခဲ့ဘူး။ ဒီကိစ္စကိုမသိတဲ့မိဘက တားတယ်​ဆိုတာက အံသြစရာဘဲ့။
ဒါ​ကြောင့်​မိဘစကားကိုဘုရား​လောင်းနားမ​ထောင်​ဘူးဆိုတာမှားပါတယ်​။
ထပ်​ဆင့်​​မေးနိုင်​တာ​တော့ ဒါဆိုမိဘကိုအသိမ​ပေးဘဲ့ကိုယ်​ကြိုက်​တာအရင်​အာ့လိုမျိုး​ပေါ့။ မိဘကိုမသိ​စေဘဲ့​နောက်​မှလုပ်​မယ်​ဘာညာ​ပေါ့​နော်​။အာ့​မေးခွန်းက​တော့ အခုထိ​မေးတဲ့သူမရှိ​သေးဘူး။ ကျွန်​​တော်​က​တော့​မေးဖူးတယ်​။ ဒါ​ကြောင့်​အ​ဖြေသိတယ်​။ ​ဖြေရမာကများတယ်​။ ပြန်​​မေးချင်​တာက​တော့ အာ့လိုမျိုးမိဘကိုမ​ပြောဘဲ့ လုပ်​န်ုင်​တဲ့အရည်​အချင်း.ကိုယ်​ဖြစ်​ကိုယ်​ခံဆိုတဲ့အရည်​အချင်းရှိ​နေလားဆိုတာပါဘဲ့။

ဇနီးသည်​တ​ယောက်​အ​ပေါ်သားတ​ယောက်ေ​ပေါ်ကိုတာဝန်​မ​ကျေခဲ့သူလားဆိုတဲ့​မေးခွန့်းက​တော့အခု​ခေတ်​မှာ​ပေါ်​ပေါက်​တာမဟုတ်​ဘူး။ ဘာသာခြားလူမျိုးအများစု​မေးတဲ့​မေးခွန်းလည်းဖြစ်​တယ်​။ ဒါ​ကြောင့်​ဒီ​မေးခွန်းကသိပြီးသားဖြစ်​မာပါ။
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center