ဖြူစင်တဲ့ ကလေးဘဝဆိုတာ
ကျနော်တို့လို ကလေးတွေမှာ မရှိဘူး
ငယ်ငယ်ထဲ ဘဝကိုရုန်းကန်ရင်း
ကြီးပြင်းလာခဲ့ရတဲ့အတွက် စစ်မှန်တဲ့
ပျော်ရွင်မှုကို မသိခဲ့၊မရခဲ့ဘူး။
ကျနောတို့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ???
ဘယ်သူ့ကို အကူအညီတောင်းရမှာလဲ???
ဘယ်သူကရော အကူအညီလာပေးမှာလဲ???
လမ်းပေါ်က ပိုက်ဆံထုပ်ကို
ကျနော်တို့ မမက်ဘူး
လမ်းပေါ်က ထမင်းတစ်ထုပ် စားရဖို့ဘဲ
ကျနော်တို့ မက်တယ်
ဒါတွေကို ဘယ်သူတွေက ယုံမှာလဲ???
ဘဝအကြောင်းတော့ ကျနော်တို့ မသိဘူး
ဗိုက်အကြောင်းတော့ ကျနော်တို့ သိတယ်
တခြားမိသားစုတွေ အချင်းချင်း လက်ကလေးတွေ ဆုပ်ကိုင်ရင်း သွားကြတာမြင်ရင် ငေးမိတယ်
ကျနော်တို့ကတော့ ဂုန်နီအိတ်လေး တစ်လုံးကို
ပခုံးပေါ်တင် ဆုပ်ကိုင်ရင်း ဝမ်းစာရှာဖွေနေရတယ်။
ဘဝဆိုတာကြီးက
ကျနော်တို့အတွကိ မဲ့ပြုံးကြီး တစ်ခုဖြစ်နေတယ်
လူအချို့က
ကျနော်တို့ကိုမြင်ရင် သူခိုးလေးတွေ
သတိထား သွား ဆိုပြီး အော်ဟစ်မောင်းထုတ်ကြတယ်
ကျနော်တို့ သူခိုးမဟုတ်ပါဘူးဗျာ
ကျနော်တို့ညဝက လမ်းပေါ်မှာ ကြီးပြင်းပြီး
လမ်းပေါ်မှာ ကျင်လည်နေရတဲ့ဘဝတွေပါဗျာ
ကိုယ့်အဆင့်အတန်းကိုယ်သိပါတယ်
ကျနော်တို့လေ ငွေပုံကြီး(အမှိုက်ပုံကြီး)ထဲက
ငွေတိုငွေစလေးတွေ ရှာဖွေယုံတင်ပါ။
ငွေတိုငွေစ(ဘူးခွံ)လေးတွေက ကျနော့်ညီလေးညီမလေးတွေ ဗိုက်ပြည့်တယ်ဗျ
နေ့တိုင်း ထမင်းစားရဖို့အတွက်
လမ်းလျှောက်တတ်ထဲက ကိုယ့်ဘဝကိုယ်ကြောင်းခဲ့ရပေမယ့်
ကျနော်တို့ အခုမှ ကလေးပဲရှိသေးပါတယ်ဗျာ
ကျနော်တို့လေ
အခုမှ ကလေးလေးပဲရှိပါသေးတယ်ဗျာ