မာလဲနတ်တောင် ရေလှောင်တမံ/Malayenattaung Reservoir

image

ဒီတစ်ခါမှာတော့…ဝါသနာအရ ကျောင်းပိတ်ရက်လေးမှာ လျောက်ရိုက်ခဲ့တဲ့ အပုံလေးတွေကိုတော့ ကျေးဇူးပြု၍ မျက်စိနောက်ခံပီး သည်းခံပေးကြပါအုံးနော်…ဟီး…။
image

စဉ်ကူးမြို့နယ် မာလဲနတ်တောင်ရေတမံကြီးမှာ ရိုက်ခဲ့တဲ့ views လေးတွေပါခမျ…အစောပိုင်းကတည်းက သူငယ်ချင်းတွေကတော့ပြောပါတယ်…ကျနော်ကိုယ်တိုင်ကကို အဲ့ဒါကြီးဘာလုပ်မှာလည်း ဆိုတဲ့အတွေးနဲ့ နားမထောင်မိတာ ခုတော့အသိနောက်ကျခဲ့တယ်လို့ပြောရမလားဘဲ…အရမ်းလှလိုက်တာဗျာ…ကိုယ်တွေလည်း စစရောက်သွားတော့…ဘယ်လိုပြောရမလည်း!တစ်ယောက်တည်း အပြည့်အဝခံစားလို့အားမရ လောက်အောင်ဖြစ်မိတယ်လို့ပဲပြောရမလားဘဲ ။
image

အဲ့ကြောင့်မို့…ကျနော့ရဲ့ steemit family members တွေကိုလည်း ပြန်လည်ခံစားစေချင်တာနဲ့ တင်ပေးဖြစ်မိလိုက်ပါတယ်…။
image

ရေတမံကြီးမတည်ခင် ဒီနေရာလေးမှာ (၃)ရွာရှိခဲ့ပါတယ်တဲ့…မာလဲ၊တလိုင်းငုတ်၊နတ်တောင်ဆိုတဲ့ရွာလေးတွေပေါ့ဗျာ…။
image

ခုတော့…နတ်တောင်ရွာလေးကို ဒီရေတမံကြီးရဲ့တောင်ဘက်မှာဘဲ နေရာပေးရွေ့ပေးထားခဲ့လိုက်တယ်…ကျန်(၂)ရွာကိုတော့ ဆည်ရဲ့အနောက်မြောက်ဘက်ထဲမှာ ရွေ့ပေးထားကျတယ်ပေါ့…။
image

ဒါနဲ့စကားမစပ်ဗျ…ဒီဆည်ကြီးရဲ့နောက်ခံက လှပလွန်းတဲ့တောင်တန်းကြီးတွေရှိယုံတင်မကဘူးဗျ…ခု ကျနော်တို့စဥ့်ကူးမြို့မှာ ကိုဗိုလ်ချူပ်ဆိုတဲ့အချမ်းသားဆုံးသူဋ္ဌေးကြီးဖြစ်လာရတာလည်း အဲ့တောင်တန်းကြီးတွေရဲ့ နောက်ကျောက သဘာဝသယံဇာတတွေရဲ့ အကျိုးပေးမူကြောင့်လို့ပဲ ပြောရမလားပေါ့…။
image

အဲ့အချိန်တုန်းကဆိုရင် ရွေချောင်း၊ရွေချပ်တွေဘယ်လောက်ထွက်သလဲဆိုရင် ထော်လာဂျီနဲ့ သယ်ထုတ်ခဲ့ရတဲ့အထိဖြစ်ခဲ့တယ်ဆိုပဲဗျ…။ကိုထက်ကြီးတဲ့သူတွေပြောပြတာအစကတော့ သိပ်မယုံချင်ခဲ့ပေမယ် ကျနော့ဦးလေးတစ်ဝမ်းကွဲဖြစ်သူပြောပြမှာပဲ လက်ခံလာခဲ့တော့တယ်…ဘာဖြစ်လို့လည်းဆိုတော့…အဲ့ချိန်တုန်းက သူကိုယ်တိုင်ကကို ကားဆရာဖြစ်နေခဲ့တာကိုဗျ…။
image

နောက်ထပ်ရှိသေးဗျ…စဉ်ကူးမြို့မှာ…အဲ့ကိုဗိုလ်ချူပ်က ဘုရားတွေတည်…ပီးတော့ဘုရားပွဲမှာဆို အဆိုတော်တွေဌားတာတောင် ပွဲအပျက်နဲ့မဟုတ်ပဲ အဲ့အဆိုတော်ရဲ့ ဆိုနိုင်တဲ့အပုဒ်အရေတွက်ပေါ်မူတည်ပီး ငွေများကိုပေးချေ ကျင်းပခဲ့တဲ့ပွဲသမိုင်းဟာဆိုရင်လည်း စဥ့်ကူမြို့သူ/သားတွေရဲ့ ပါးစပ်ဖျားမှာ စွဲကျန်ခဲ့ရလောက်တဲ့အထိပဲပေါ့…။
image

ခုဆိုရင်လည်း ဒီအရမ်းလှပတဲ့ တောင်တန်းကြီးတွေရဲ့နောက်ကျောမှာတော့…ရွေလုပ်စားနေကြတဲ့သူတွေကျက်စားရာနေရာကြီးဖြစ်နေလို့ နောင်နှစ်တွေကြာလာတာနဲ့အမျ…ဒီရေတမံကြီးရဲ့အလှကိုတောင် ထိစွန်းလာမှာကိုတော့…အရမ်းကိုစိုးရိမ်မိပါ့ဗျာ…။
image

ဒါနဲ့…ဒီအပုံလေးတွေကိုတော့ ကျနော့ I phone 5နဲ့ပဲရိုက်ဖြစ်ခဲ့တာလေးပါ…။
အားလုံးလည်းကိုယ်စိတ်နှစ်ပါးအမြဲရွင်ပြုံးကျပါစေလို့ဆုတောင်းနေရင်း…

@sheinthu(MSC-026)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now