ကလေးတွေဥာဏ်ကြီးရှင်ဖြစ်ဖို့ မိဘတွေ ဘာလုပ်ပေးရမလဲ

  ကလေးတွေဥာဏ်ကြီးရှင်ဖြစ်ဖို့ မိဘတွေ ဘာလုပ်ပေးရမလဲ?

crd img

ဖိအားမပေးပါနဲ့ 

ဖိအားဟာ ကလေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ဖျက်စီးပစ်နိုင်တဲ့ အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ကလေးတွေအပေါ် စိတ်ဖိအား အပေးနိုင်ဆုံးကတော့ ကျောင်းနဲ့ အိမ်ပါပဲ။ စိတ်ဖိအားဟာ ကလေးတွေရဲ့ မိမိကိုယ်ကို မိမိ ယုံကြည်မှုနဲ့ အကောင်းမြင်စိတ်တွေကို ဖျက်ပစ်ပစ်တတ်ပါတယ်။  

အကြောက်တရား  

  ကလေးတွေကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေရဲ့ အဓိကတရားခံက အကြောက်တရားပါပဲ။ အကြောက်တရားနဲ့ ကလေးတွေကို ထိန်ချုပ်ခြင်းဟာ အလွန်စိုးရွားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ မိဘကဆူမှာ၊ ဆရာကဆူမှာ စတဲ့ အကြောက်တရားတွေ ဖြစ်ပေါ်လာရင် ကလေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ စာမေးပွဲ ဆိုသည့်အရာများဟာလည်း ကလေးကို စိတ်ဖိစီးပြီး စိတ်ပူပန်မှု အကြောက်တရားတွေ ဝင်လာစေတဲ့ တရာခံ ဖြစ်လို့ မဖြစ်ပါဘူး။ ကလေးတွေရဲ့ ပျော်ရွှင်လွတ်လပ်စွာ သင်ကြားခွင့်ရခြင်းဟာ ကလေးတွေရဲ့ ဥာဏ်ရည်ကို ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါတယ်။  

ကလေးတွေကို ဘယ်လိုတံဆိပ်ကပ်မှုမျိုးကိုမှ မလုပ်မိပါစေနဲ့  

  ဖေဖေ မေမေတို့အနေနဲ့ ကလေးတွေကို ပြောဆိုဆုံးမတဲ့အခါမျိုးမှာ အင်မတန်တော်တဲ့ ကလေး၊ တကယ့် ဥာဏ်ကြီးရှင်လေးပဲ စသဖြင့် ကလေးကို မကြာမဏ ဆိုသလို မပြောရပါဘူး။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် တံဆိပ်ကပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ ကလေးတွေကို ဖိအားဖြစ်စေတဲ့ စကားများပဲ ဖြစ်ပါတယ်။ ကလေးကို လိမ္မာတယ်လို့ အမြဲပြောခံနေရတဲ့အတွက် လိမ္မာအောင် ကြိုးစားနေတာထက်စာရင် ကလေးကိုယ်တိုင် ခွဲခြားဝေဖန် သိမြင်နိုင်တဲ့ အလေ့အကျင့်မျိုး ဖြစ်အောင်သာ ပျိုးထောင်ပေးသင့်ပါတယ်။ မလိမ္မာဘူးလို့ အပြောခံရမှာစိုးလို့ လိမ္မာရခြင်းဟာ ဒုတ်နဲ့ခြိမ်းခြောက်ပြီး လိမ္မာရခြင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ မကောင်တာကို လုပ်မိပြီဆိုရင်လည်း မကောင်းတဲ့ကောင် မိုက်ရိုင်းတယ် စသဖြင့် ကလေးကို ပြောတာထက် "သား ဒီလို လုပ်လိုက်တော့ သားသူငယ်ချင်း နာသွားမှာပေါ့" စသဖြင့် ကိုယ်ချင်းစာတရားထားထက်အောင် အပြုသဘောဆောင် ကောင်းမွန်တဲ့ အပြုအမူဖြစ်အောင် ရှင်းပြ ဆုံးမရမှာပဲ ဖြစ်ပါတယ်။  

  မိဘများအနေနဲ့ မိမိကလေးကို ဥာဏ်ရည်ထက်မြက်စွာ ရှင်သန်ကြီးပြင်းစေလိုတယ်ဆိုရင် ဘယ်လို ဖိအားပေးမှုမျိုးမှ မလုပ်ဘဲ ကြီးပြင်းခွင့် ရှိပါစေ လို နိဂုံးချုပ်ပါရစေ။  

  Thanks for your upvote comment resteems  

@shankhunsam

H2
H3
H4
3 columns
2 columns
1 column
Join the conversation now