မြင်စိုင်းနန်းဦးစေတီတွင် ရှေးဟောင်းဇာတ်တော်စဥ့်ကွင်းများနှင့် စဥ့်ကွင်းစာများ

မြန်မာနိုင်ငံတွင် သမိုင်းဝင်မြို့ပေါင်းများစွာရှိနေခြင်းက မြန်မာဆိုသည် ရာဇဝင်သမိုင်း ခိုင်မာခဲ့သောလူမျိုးအဖြစ် ဂုဏ်ယူဖွယ်ပြသနေသလိုဖြစ်နေသသည်။ လက်ရှိကာလတွင်လည်း ကမ္ဘာအမွေအနှစ်စာရင်းဝင် မြို့ဟောင်းများက နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်နေခဲ့သည်။မန္တလေးမြို့နှင့်အနီးတွင် လက်ရှိခန့်ထည်စွာ တည်ရှိနေသော
နန်းတော်မြို့ရိုး၊ပြအိုး ကျူံးများနှင့်အတူ လေ့လာစရာမြို့ဟောင်းများစွာရှိနေခဲ့သသည်။အင်းဝမြို့ဟောင်းနေရာ၊ပင်းယမြို့​ဟောင်း​နေရာ၊မက္ခရာမြို့​ဟောင်း​နေရာနှင့်​မြင်​စိုင်းမြို့​ဟောင်း​နေရာများပင်​ဖြစ်​သည်​။မြင်​စိုင်းမြု့​ဟောင်းရှိ မြင်းစိုင်းနန်းဦးစေတီတွင် ရှေးဟောင်းဇာတ်တော်စဥ့်ကွင်းများနှင့် စဥ့်ကွင်းစာများကို ယနေ့တိုင်လေ့လာနိုင်သည်။
မြို့ဟောင်းနေရာကု တိကျစွာ ညွှန်းဆိုပေးနေသည် လက်ရှိကာလအထိ ရှိနေခြင်းမှာ ဂုဏ်ယူစရာပင်ဖြစ်သည်။ပင်းယမြို့ဟောင်းနေရာတွင်လည်း နန်းဦးစေတီရှိနေသသည်။ယခုအခါ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အရှေ့ဘက် လေးမိုင်းအကွာ ကျောက်ဆည်မြို့နှင့် ဖျောက်ဆိပ်ပင်ရွာသွား ကားလမ်းမတောင်ဘက်ဘေးရှိ မြင်စိုင်းနန်ဦးစေတီကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်သည်။ရှေး မြင်စိုင်းမြို့ဟောင်းတွင်ရှိသော မြို့ရိုးသုံးခုအနက် အလယ်မြို့ရိုးအတွင်းတွင် တည်ရှိပြီး တူးဖော်တွေ့ရှိသော မြင်စိုင်းနန်းတော်အုတ်ခုံ၏ တောင်ဖက်ပေ၅၀အကွာတွင်တည်ရှိသည်။
မြင်စိုင်းနန်းဦးစေတီသည် မြေစိုက်စေတီဖြစ်ပြီး ပုဂံရွှေစည်းခုံစေတီကဲသို့ပင် လေးထောင်ပစ္စယံများခံပြီး တည်ဆောက်ထားသော စေတီဖြစ်သည်။လေးဘက်လေးတန် ပစ္စယံများ ပေါ်တက်ရန် လမ်းလှေကားများရှိပြီး ပစ္စယံပတ်လည်တွင် ဇာတ်တော်စဥ့်ခွက်များပါရှိသည်။ ပစ္စယံသုံးဆင့်ပါရှိပြီး အောက်ခြေပစ္စယံအခြေမှာ တစ်ဖက်လျှင် ၁၇၄ပေပတ်လည်ရှိကာ စေတီဥာဏ်တော်မှာ ၁၇၄ပေကျော်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ ကျောက်စာအထောက်ထားများအရ မြင်စိုင်းနန်းဦးစေတီတော်ကို သက္ကရာဇ် ၆၆၂ခုနှစ်(ခရစ်သက္ကရာဇ် ၁၃၀၁)ခုနှစ်တွင် အသင်္ခယာမင်းသည် နန်းတော်နှင့်တစ်ပြိုင်တည်း တည်ထားခဲ့ပြီး သက္ကရာဇ် ၆၉၁(ခရစ်သက္ကရာဇ် ၁၃၃၀) ပြည့်နှစ်တွင် ဥဇနာမင်းမှ မူလစေတီကိုငုံပြီး ဥာဏ်တော်မြှင်တင် တည်ခဲ့သည်။
ယခုအခါ မြင်းစိုင်းနန်းဦးစေတီတော်ပေါ်မှ အနီးအနာရှိ မြင်စိုင်းခေတ်တောင်ထိပ်စေတီဟောင်းများ မြင်စိုင်းနန်းမြို့ရိုးများကို ကြည့်ရှု့နိုင်သည်။ အဖိုးမဖြတ်နိုင်သော သမိုင်းတန်ဖိုးမြင့်မားသည့်နေရာများဖြစ်ပြီး ပြဌာန်းစာအုပ်များတွင် ပြဌာန်းထားသည့် မြင်စိုင်းရွှေပြည်ကဗျာများတွင် ဖော်ပြထားသော မြင်စိုင်းသားတို့၏ ရှေးဟောင်းမြို့တော်ကို မှန်းဆလေ့လာနိုင်သည်။မြင်စိုင်းနန်းဦးစေတီက မြင်စိုင်းမြို့ဟောင်းကို သက်သေထူလျှက်ရှိပြီး မြင်စိုင်းရွှေပြည်ခေတ်က ဇာတ်တော်စဥ့်ကွင်းများနှင့် စဥ့်ကွင်းစာများကို ယနေ့တိုင် လေ့လာနိုင်သည်။
written by saytan
MSC-085

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center