လူသားတို့နှင့်ကိုယ်စောင့်နတ်တို့၏အကြောင်း

လူသားတို့နှင့်ကိုယ်စောင့်နတ်တို့၏အကြောင်း
image
ကျွန်တော်တို့ဟာလူသားတွေဖြစ်ပါတယ်။ ကိုယ်စောင့်နတ်တွေလည်းရှိကြပါတယ်။ ဒါပေမယ့်ကိုယ်စောင့်နတ်ရှိမှန်းထင်ထင်ရှားရှားမတွေ့ရမမြင်ရပါဘူး။ သာမာန်လူတယောက်ရဲ့ကိုယ်စောင့်နတ်က ၃၇နတ်မင်းတွေထက်အဆင့်ပါဝါနိမ့်ပါတယ်။ လူတွေသန်းဘီလျံချီရှိတာ ဘယ်လိုဖြစ်လို့ ကိုယ်စောင့်နတိတွေအများကြီးဖြစ်နေမှာပေါ့။ မှန်ပါတယ်။ နတ်ဘုံ လူဘုံ ငရဲဘုံမှာ လူဘုံကအနည်းဆုံးဖြစ်ပြီး ငရဲဘုံမှာကတော့အများဆုံးပါ။ တခုသိထားရမှာက နတ်ဆိုတိုင်းတန်ခိုးမရှိပါဘူး.တချို့နတ်တွေက နတ်ဟုသာအမည်ခံပေမယ့် နတ်ပြိတ္တာကဲ့သို့ တစ္ဆေသူရဲလောက်ဘဲ့အဆင့်အတန်းရှိကြတာအများကြီးပါ။ ဘာကြောင်လဲဆိုတာရှင်းပြပါ့မယ်။ နတ်တွေက လူထက်သက်တမ်းကြာရှည်ပါတယ်၊ တနစ်မှာတယောက် သာနတ်ဖြစ်စေဦးတော့.. စတုမဟာရာဇ်နတ်သက်တမ်းအရ တရက်မပြည့်ခင်မှာတင် နတ်၂၅ယောက်ဖြစိနေပါပြီ(စတုမဟာရာဇ်တရက် လူအသက်၅၀)ပါ။ ဒါ့အပြင်တခြားအစောင့်အရှောက်တွေလဲရှိကြပါတယ်။

ကိုယ်စောင့်နတ်တွေမှာ သီလရှိသူရဲ့ကိုယ်စောင့်နတ်နဲ့မရှိသူရဲ့ကိုယ်စောင့်နတ်က မတူညီပါဘူး.ဘယ်လိုတွေမတူညီလဲဆိုတော့ တန်ခိုးအဆင့်အတန်းကွာခြားလို့ဖြစ်ပါတယ်။
ရင်ခေါင်းစည်းနတ် နဖူးစည်းနတ်ဆိုပြီးပုံမှန်အားဖြင့်နတ်နစ်မျိုးက ကိုယ်စောင့်နတ်လောကမှာအတွေ့များပါတယ်။ တခါတလေတော့ နတ်ဝေမာနိက( ကပြတဲ့အထဲပါတယ်၊ သိကြားမင်းရဲ့သားတော်ဖြစ်တဲ့သူက အရင်ဘဝရဲ့ဆရာသုံးယောက်ကို ဒီလိုနိမ့်ကျတတ်နတ်ဖြစ်ရသလားပြောတော့ ဆရာနစ်ယောက်က ဗြဟ္မာတန်းဖြစ်ပါတယ်။အာ့ကနတ်အမျိုးအစားပါ) အာ့လိုနတ်စောင့်ရင် ကိုယ့်စိတ်ကိုမနိုင်ရင်အလှအပအပျော်အပါးမက်ပါတယ်။ နဖူးစည်းနတ်က ရင်ဘတ်စည်းနတ်ကိုသာသာယာယာနိုင်ပါတယ်။ will powerပိုများတာပေါ့ဗျာ။ အာဏာပိုရှိတာပေါ့။ ၃၇မင်းနတ်က နဖူးစည်းနတ်ပါ။ သူတို့ပြုစားလို့ရတာကတော့ ကိုးကွယ်သူတွေရဲ့ကိုယ်စောင့်နတ်တွေက ရင်ဘတ်စည်းနတ်မို့ပါ။ နဖူးစည်းနတ်ဒါမှမဟုတ်အာ့ထက်အဆင့်မြင့်တဲ့နတ် အစောင့်အရှောက်ရှိရင်တော့မရပါဘူး။ ကံအရမ်းနိမ့်မှသာရပါတယ်။ ၃၇မင်းနတ်ကိုစေလိုရာစေနိုင်တာကတော့ အများကြီးပါ။

ကျွန်တော် ဆရာ့ဆီသွားတုန်းက အရက်သောကိနေတဲ့သူတွေကို ကိုယ်စောင့်နတိရှိမရှိအာရုံလှမ်းပြုတုန်းက လားလား ဘီလူးတွေစောင့်နေတာဗျ။ အရက်သောက်တာမကောငိးဆိုတာသိတယ် ဘာလိုဖြတ်မယ်ကျန်တိုငိးမအောင်မြင်ရတာက အာ့ဘီလူးတွေက ဝင်နှောင့်နေလို့ပါ။ ဒေါသကိုအလွယ်တကူဖြစ်စေပြီး အာ့ဘီလူးတွေကတော့ လူကိုပြန်ထိန်းချုပ်နိုင်တာတွေ့ရပါတယ်။

ထူးခြားတာတခုက ကိုယ်စောင့်နတ်တွေကလည်း သူတို့သဘောမကျရင် ကို့ကိုမစောင့်တော့သလို သူတို့ထက်တနိခိုးကြီးတဲ့လာစောင့်ရင်လဲမစောင့်တော့ပါဘူး။ အများအားဖြင့် စိတ်တူကိုယ်တူ ကိုယ်စောင့်နတ်နဲ့လူကပိုများပါတယ်။ တခါတလေ တခုခုတော့ဖြစ်မယ်ထင်တယ်ဆိုတာက ကိုယ်စောင့်နတ်ကအသိပေးလို့ပါ။

သီလစင်ကြယ်သူတွေ ဘုန်းကြီးရဟန်းတွေ ဂိုဏ်းဝင်တွေ မှာတော့ နဖူးစည်းနတ်ကအနိမ့်ဆုံးဖြစ်ပြီး စတုမဟာရာဇ်နတ်မျိုးနွယ်တွေကိုအများဆုံးတွေ့ရပါတယ်။ အလွန်တန်ခိုးကြီးသော လူမှာကတော့ တာဝတိ့သာကနတ်တွေစောင့်တတ်ပါတယ်။ ဒါကိုကမ္ဘာဦးမုသားဝါဒကျးလွန်တဲ့ ဘုရင် ဘုရားဟောမှလေ့လာနိုင်ပါတယ်။ အကျယ်မရှင်းပြတော့ပါဘူး။ တချို့မှာကတော့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေနဲ့ ပဋ္ဌာန်းဆက်ပါတဲ့သူတွေ(နဂါးသိုက်၊ဇော်ဂျီ၊အစရှိသည်) ဖြစ်ပါတယ်။ ဒါကိုခနချန်လှပ်ပြီး အဆောင်ဆောင်ထားသူတွေရဲ့အစောင့်အကြောင်းပြောပြပါ့မယ်။ ဂဝံရုပ်ထုတွေ၊ မိန်းမဖောင်စည်းယောက်ျားမီးနေ အစရှိတဲ့ရုပ်ထုဆောင်ထားရင် သက်ဆိုင်ရာနတ်တွေ ကဝေပျံတွေလာပြီးစောငိ့ပါတယ်။ ဆော်ကြည်စေချင်ရင် ကဝေပျံစောင့်တဲ့ရုပ်ထုကိုဆောင်ထားရုံပါဘဲ့၊ ကဝေပျံက ၃၇နတ်မင်းကိုလိုသလိုခိုင်းစေနိုင်တာ မိန်းကလေးရဲ့ ကိုယ်စောင့်နတ်လောက်ကတော့မမူပါဘူး။ အာ့မိန်းကလေးရဲ့စိတ်ထဲ လှည့်စားပြီး ဆောင်ထားတဲ့ယောက်ျားကိုသဘောမကျကျအောင် လုပ်နိုင်ပါတယ်။ သို့သော်တခုရှိတာက နဖူးစည်းနတ်ထက်အဆင့်မြင့်တဲ့နတ်စောင့်ရင်ပုဂ္ဂိုလ်ဖြစ်ရင် အာ့အဆောင်ထားတဲ့ယောက်ျားလေးမှာသွားထိခိုက်ပါတယ်။အစွမ်းမတိုးဘူးပေါ့ဗျာ။ အများအားဖြင့် မိန်းကလေးကိုဒေဝီစောင့်တာကများပါတယ်။ အဆင့်အမြင့်ဆုံးကမယ်တော်ပါ။ နတ်သမီးလည်းစောင့်တတ်ကြပါသေးတယ်။ ပဋ္ဌာန်းရွတ်တဲ့မိန်းကလေးကိုပိုစောင့်ပါတယ်။ အာ့လိုစောင့်တာခံရရင် အာ့စောင့်တဲ့အတွင်း ဘဲကြည်ဆော်ဖြစ်ပြီး လ်ာတွေပွင့်ပါလိမ့်မယ်။ယောက်ျားကိုစောင့်တာကတော့ရှားပါတယ်။

အခုကတော့ ပဋ္ဌာန်းဆက်ရှိတဲ့ပုဂ္ဂိုလ်ထူး ထွက်ရပ်ပေါက်ဝိဇ္ဇာတွေစောင့်တာပါ။ အာ့လိုစောင့်ခြင်းခံရတဲ့သူက သက်ဆိုငိရာဂိုဏိးဝင်တွေဖြစ်ပါတယ်။ ဝယမပတောင်စဉ်ပညာမှာတော့ တောင်စဉ်နတ်ဘီလူးစောင့်ပြီး ထွက်ရပ်ပေါက်ဆရာတွေကစောင်မပေးပါတယ်။ နမဂိုဏ်းမှာတော့ အကြားအမြင်ကိုပိတ်ထားပြီး ဆရာတော်သူံးပါးက တပည့်တိုငိးကိုစောင့်ရှောကိပါတယ်။ ပယောဂကုရင် သိသာထင်ရှားပါတယ်။ နတိတွေလညိးစောငိ့ကြပါတယိ။ တောင်စဉ်နတ်ဘီလူးက ပထမအဆင့်ဆိုရငိတောင်အစိမ်းရောင်ဖြစ်ပြီး သီလအလွန်စင်ကြယ်ကာ ရုက္ခစိုးတွေ၊ မယ်တော်တွေ ၊ သိုက်နန်းရှင်တွေကအစကြောက်ရပါတယိ။ စတုမဟာရာဇ်နတ်အမျိုးအနွယ်မှာ အဆင့်မြင့်တဲ့နတ်တမျိုးဖြစ်ပါတယ်။ ငါးပါးသီလမမြဲရင် ဂိုဏ်းဝင်ဖြစ်ရင်လည်း အနားမှာမစောင့်ဘဲ့ အရေးကြုံမှသာ စောင့်ပါတယ်။ ရှေးခေတ်ကတော့ သီလမမြဲရင် သွေးအန်ပြီးသေတတ်ပါတယ် ဒါကမည်သည့်ဂိုဏ်းဝင်ဝင်ပါ။

နောက် အရင်ဘဝက လင်၊မယား၊အဖေ ၊အမေတွေ၊သားတွေ အစရှိသည်ကနတ်ဖြစ်ပြီးကို့ကိုစောင့်ရှေညက်ပေးတတ်ကြပါတယ်။ (သုဝဏ္ဏသာမဇတ်တွင်ရှူ သစ္စာပြုခန်းတွင်ပါ) ဆိုးတာက အဖေ ၊သား၊အမေမေါင်နမ၊တွေစောင့်ရင် သိပ်မဆိုးပေမယ့် လင်၊ မယားတွေစောင့်ရင်အာ့ဘဝ ယောက်ျားမိန်းမယူလို့ရဖို့ခဲရင်းပါတယ်။ သူတို့ကအရင်ဘဝအချစ်ကြောင့် အိမ်ထောင်ပေးမပြုတတ်ပါဘူး။ တွေ့ရသလောက်တော့ ငါးဘဝ၆ဘဝထိခြားရင်တောင်စောင့်ပါတယ်။ သူတို့ထက်တန်ခိုးနည်းရင်သတ်ပစ်ပြီး ကြီးရင်တော့ ကို့နဲ့ဝေးအောင်လုပ်တတ်ပါတယ်။ သူတို့ကတော့ရက်စက်တဲ့အထဲပါတာပေါ့ဗျာ။ သိုက်ဆက်တွေမှာလည်း သစ္စာဆိုထားတာကြောင့်အိမ်ထောင်ပေးမပြုပေမယ့် မပြုထားရင် အိမ်ထောင်ပြုလို့ရပါတယ်။

နောက်ဆုံးပြောချင်တာကတော့ သရဏံဂုဏ်သုံးပါးမြဲရင် ဘုရားတွေကိုကြည်ညိုတဲ့နတ်တွေကလာပြီးစောင့်ရှောက်ပါတယ်။ အဓိကက ငါးပါးသီလမြဲဖို့ပါဘဲ့။ ဒီနေ့မြဲလိုကိ မနကိဖြနိမမြဲ ၊အာ့လိုတော့ မရပါဘူးဗျာ။
ကိုယ်စောင့်နတ်ကိုအရင်ဆူံးအမျှဝေပေးကြပါ။ သူတို့က ကိုမကောင်းမှုပြုခဲ့ရင်လည်းဖာဖာထေးထေးနားလည်ပေးတတ်ကြပါတယ်လြို။

မကောင်းမှုပြုသောအခါမိမိကိုယ်တိုင်ဦးစွာသိသည်။
ထိုနောကိ မိမိအားစောင့်ရှောကိသည့်နတ်တို့ဦးစွာသိသည်။
ထိုနောကိ သူတပါးစိတ်အားကြည့်နိုငိသောနတ်တေီပုဂ္ဂိုလ်တွေဦးစွာသိသည်။
ထိုမှတပါး တလောကလုံးသိရှိကြလေသည်။
ိမကောင်းမှုသည်စိတ်ကွယ်ရာမရှိပြီတကား။
အရဟံ..မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်တွင်ပင် မပြုတတ်သည့် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးကန်တော့ပါသည်။.
image
@sawmyat
Msc 088
Authur Saw Myat Tun
Photo google
From myanmar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center