Intoroduction STEEM Block Explorer to Myanmar Steemians ! မြန်မာစတီးမစ်မိသားစုဝင်များအတွက် STEEM Block Explorer ကို မိတ်ဆက်ပေးခြင်း ...

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

မိမိစတီးမစ်အကောင့်၏ အခြေအနေကို ကြည့်ဖို့ steemnow ကို အားလုံးပဲ သုံးတတ်ကြမည်ဟု ထင်ပါသည်။ သို့ပေမယ့် steemnow ပရောဂျက်ကို ဖန်တီးခဲ့သည့် @penguinpablo ကို တော့ သတိထားမိတဲ့လူနည်းပါလိမ့်မည်။ ၄င်းက ယခုအပတ်အတွင်း နောက်ဆုံးပရောဂျက်တစ်ခုကို ဖန်တီးထားပြီး STEEM Block Explore ဟု အမည်ပေးထားပါသည်။

STEEM Block Explorer အကြောင်း မပြောခင် ၄င်းတွင် သုံးနှုန်းထားသည့် အခေါ်အဝေါ်များကို ပထမဆုံးရှင်းပြပါရစေ။

  • Steemit သည် steem ဘလော့အစဉ်အတန်း (steem blockchain) တစ်ခုဖြစ်ပြီး ဘလော့( block) များ စုပေါင်းထားခြင်း ဖြစ်ပါသည်။

  • ၄င်းဘလော့များကို သက်သေခံသူ (witness) များက ဖန်တီးထားပြီး

  • ဘလော့တစ်ခုချင်းစီတွင် သက်ဆိုင်ရာ witness က ခွင့်ပြုထားသည့် မိမိလုပ်ဆောင်မှု (transaction) များ၊ vote များ၊ comment များကို တွေ့ရှိရမည် ဖြစ်ပါသည်။

STEEM Block Explorer တွင် မိမိအမည်ဖြင့်သာမက မိမိ၏ transaction များ၊ block နံပါတ်များဖြင့်ပါ မိမိသိလိုရာကို တိကျစွာ အောက်ပါအတိုင်း ရှာဖွေစစ်ဆေးနိုင်ပါသည်။

Steem blockchain အတွက် ဘလော့များကို ရှာဖွေရန် live လွှင့်ထားပြီး အပေါ်ဆုံး ဘယ်ဘက်ထောင့်ရှိ Auto update အကွက်ကို အောက်ပါအတိုင်း အမှန်ခြစ်ပေးထားပါက steemnow မှာကဲ့သို့ အကောင့်များ၏ နောက်ဆုံးအခြေအနေကို သိရန် refresh အမြဲလုပ်စရာ မလိုတော့ပေ။

ညာဘက်ထောင့်ဆုံးတွင်လည်း Steem ဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီ အသိပေးထားပါသည်။

  • STEEM Price မှာ witness သုံးစွဲနေတဲ့ လက်ရှိ Steem aဈးနှုန်းဖြစ်ပါသည်။

  • SBD Price မှာ Steem Blockchain Dollar ၏ ဈေးနှုန်းဖြစ်ပါသည်။

  • Base feed price မှာ လွန်ခဲ့သည့် ၃ရက်ခွဲအတွင်း ပေးချေမှုများတွင် အသုံးပြုသည့် ပျမ်းမျှ Steem ဈေးနှုန်းဖြစ်ပါသည်။

  • Internal Market မှာ SBD မှ STEEM သို့ ဖလှယ်ရန် ပေါက်ဈေးဖြစ်ပါသည်။

STEEM Block Explorer ၏ မူလစာမျက်နာ (Home Page) တွင်

  • Witness များက ဖန်တီးထားသည့် နောက်ဆုံး ဘလော့များ (Latest Block)
  • ဘလော့အစဉ်အတန်းမှ ပိုင်ဆိုင်မှုများ၊ ဒေတာအချက်အလက်များ (Blockchain Properties)
  • စုစုပေါင်းဆုလာဘ် (Reward Pool)
  • ထိပ်ဆုံး Witness ၂၀ ဦး စာရင်း (Top 20 witness) များကို တွေ့ရှိရမည် ဖြစ်ပါသည်။

Latest Block ရှိ Height အောက်ရှိ နံပါတ်များမှာ ဘလော့နံပါတ်များဖြစ်ပြီး ဖန်တီးခဲ့သည့်အချိန်၊ ဖန်တီးခဲ့သည့် Witness၊ လုပ်ဆောင်မှု( Transaction) ကြိမ်ရေ၊ Vote နှင့် Comment အရေအတွက်များကို အထက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

Blockchain Properties တွင် Steem Blockchain ရှိ လက်ရှိဒေတာအချက်အလက်များကို အထက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

Reward Pool တွင် ဆုလာဘ်ပေးထားသည့်ပမာဏနှင့် လက်ရှိတောင်းခံထားသည့်ပမာဏကို အထက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

Top 20 Witness တွင် ထိပ်ဆုံး Witness ၂၀ဦး စာရင်းကို အထက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။

လူအများစုက ...

  • မိမိတို့ရဲ့ ဗုတ်ပါဝါ (voting power) , စာမူခပေးသူစာရင်း( upvotes list ), ဆုလာဘ်စာရင်း (rewards list), နောက်ဆုံးရေးတဲ့စာများအခြေအနေ (latest posts) များကို steemnow မှာ ကြည့်ရှုပြီး

  • မိမိရေးသည့်မှတ်ချက်များ၊ မိမိကို ပြန်ရေးသည့်စာများကို မိမိအကောင့်၏ Blog ထဲတွင် ၀င်ရောက်ကြည့်ရှုကာ

  • Wallet တွင်တော့ မိမိပြုလုပ်ခဲ့တဲ့ ငွေလွှဲငွေယူ၊ ပါဝါတင်သည့် ပြုလုပ်ချက်များကို ပြန်လည်စစ်ဆေးကြပါသည်။

STEEM Block Explorer က ထိုကဲ့သို့ အစုံသုပ်သဘောမျိုး မဖြစ်စေတော့ဘဲ မိမိပြုလုပ်ခဲ့သည့် လုပ်ဆောင်ချက်များကိုသာမက တခြားသူများ ပြုလုပ်ခဲ့သည့် လုပ်ဆောင်ချက်များကိုပါ အချိန်နှင့် တစ်ပြေးညီ စစ်ဆေးနိုငိစေပါသည်။

အထက်ပါအတိုင်း မိမိပြုလုပ်သမျှ vote များ၊ comment များ၊ မိမိထံသို့ ပြန်လာသည့် reply များကို တစ်ပြိုင်နက်ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် မိမိ Transfer နှင့် Power up ပြုလုပ်ပါကလည်း အသေးစိတ်အချက်များကို သိရှိနိုင်ပါသည်။ ထပ်မံထူးခြားသွားသည်မှာ မိမိပြုလုပ်သည့် လုပ်ဆောင်မှု (Transaction) တစ်ခုချင်းစီ၏ ဘေးနား အနီရောင်ဝိုင်းထားသည့် လိပ်စာကို နှိပ်လိုက်ပါက အဆိုပါ Transaction ပါဝင်သည့် ဘလော့နံပါတ်၊ ၄င်းဘလော့ကို ဖန်တီးထားသည့် Witness အမည်၊ ၄င်း Transaction ၏ အချက်အလက်များကို အောက်ပါအတိုင်း အသေးစိတ် တွေ့မြင်နိုင်ပါသည်။

နောက်ဆုံးအားသာသည့်အချက်က Node ၃ ခု ထားပေးခြင်း ဖြစ်ပါသည်။

Node ဆိုသည်မှာ blockchain နယ်ပယ်တွင် သက်ဆိုင်ရာအချက်အလက်များကို ၀င်ရောက်ကြည့်ရှုနိုင်စေရန် ကြားခံထားသည့် ကွန်ပျူတာကို ဆိုလိုခြင်းဖြစ်ပါသည်။ အကယ်၍ လိုင်းကျခြင်း ဖြစ်ပေါ်ပြီး အချက်အလက်များကို ကြည့်ရှု၍ မရပါက အထက်ပါ Setting ပေါ်လာမည် ဖြစ်ပြီး အခြား Node တစ်ခုကို ရွေးချယ်ပေးပါက အခြားကွန်ပျူတာမှတစ်ဆင့် အချက်အလက်များကို ပြန်လည်ကြည့်ရှုနိုင်စေရန် စီစဉ်ပေးမည် ဖြစ်ပါသည်။

စတီးမစ်နယ်ပယ်သည် အမြဲဖွံ့ဖြိုးတိုးတက်နေသည့် နယ်ပယ်တစ်ခုဖြစ်ပြီး @penguinpablo ကဲ့သို့ Developer များကလည်း ပရောဂျက်အသစ်များကို အမြဲဖန်တီးနေပါသည်။ အတွေ့အကြုံအပေါ် အခြေခံထားခြင်းဖြစ်သောကြောင့် သုံးစွဲသူများအတွက် အကျိုးရှိမှာ သေချာပါသည်။ ထို့ကြောင့် မြန်မာစတီးမစ်မိသားစုဝင်များလည်း အများနည်းတူ အကျိုးရှိပါစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ နားမလည်မှုများ ရှိပါက comment တွင် ရေးသားမေးမြန်းနိုင်ပါသည်။

ကျေးဇူးတင်လွှာ

ဤ Post ကို တင်ပြီးနောက် ရရှိလာသော comment များအရ ယခုကျေးဇူးတင်လွှာကို ထပ်မံဖြည့်စွက်ချင်မိသွားပါသည်။

  • ယခုကဲ့သို့ မြန်မာစတီးမစ်မိသားစုဝင်များ အကျိုးရှိစေအောင် အချက်အလက်များပေးကာ စာရေးသားစေသည့် ဆရာ @tinhlaingoo ကို ရှေးဦးစွာ ကျေးဇူးတင်ရှိပါသည်။
  • ထို့ပြင် မိမိကဲ့သို့ တခြားသူများ အကျိုးရှိစေလိုစိတ်ဖြင့် share ပေးသူများ စာဖတ်ရှု အားပေးသူများကို ကျေးဇူးတင်ပါသည်။
  • စတီးမစ်သည် တစ်ယောက်ကောင်းဖြင့် အောင်မြင်နိုင်သော နယ်ပယ် မဟုတ်သည့်အပြင် ပေးခြင်းဖြင့် ရရှိမှုကို မြင်နိုင်သောနေရာဖြစ်ပါသည်။
  • အားလုံးအကျိုးကျေးဇူးများ ဖြစ်ထွန်းကြပါစေဗျာ ...

Reference ; @penguinpablo

Images Credit - @penguinpablo & https://steemblockexplorer.com

Author - @sawlwin
#kosaw

MSC 176

H2
H3
H4
3 columns
2 columns
1 column
Join the conversation now